စေတနာ

Words
96
Reading
1 min
Listen
Play
8y

1p6ybhoc3q.png

ကျွန်တော်တို့ နိုင်ငံမှာ စာသင်ပေးနေကြတဲ့ ကျောင်းဆရာ ဆရာမ တွေဆိုတာ ရှေးကတော့ ၀ါသနာ စေတနာ အနစ်နာ ဆိုတဲ့ နာသုံးနာ ထားရမယ်လို့ ပြောသံကြားဖူးတယ်…………..
စေတနာနဲ့ပတ်သက်လို့ ပြောချင်တာပါပဲ……..
စာသင်ပြနေတဲ့ ဆရာတစ်ယောက်ဟာ လာရောက်သင်ကြားတဲ့ တပည့်များအပေါ် သင်ကြားမှုပေးရတာပါ……..
အဲဒီလိုသင်ကြားရာမှာ စေတနာထား သင်ကြားပေးမှ ထိရောက်တယ်လို့ပြောတယ်…………
စေတနာလို့ပြောတာက ၀တ္တရားအရ သင်ကြားတဲ့ ဆရာတွေသာ များလာနေလို့ပါ……..
သင်ကြားခံရတဲ့ တပည့်တွေအပေါ် တတ်စေလိုတဲ့ စေတနာနဲ့ သင်ကြားပေးမယ်ဆိုရင် ပိုကောင်းမယ်ထင်တယ်…..
ဆရာနဲ့တပည့်ဆက်ဆံရေးလဲ ပိုကောင်းမယ်……….
ဆရာလုပ်သူက နွေးနွေးထွေးထွေး ဂရုစိုက် ထိတွေ့သင်ကြားပေးမယ်ဆိုရင် တပည့်တွေဖက်ကလည်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တုံ့ပြန်လာမယ်……….
တပည့်ကိုထိတွေ့ဆက်ဆံတယ်ဆိုလို့ တလွဲအထိအတွေ့ကို မတွေးစေချင်ပါနဲ့…………
တပည့်တွေစိတ်ဝင်စားအောင် ဘယ်လိုသင်ကြား ဘယ်လိုရှင်းလင်းမယ်ဆိုတာတွေကို စေတနာမှန်မှန် ပြည့်ဝစွာ သင်ကြားပေးတာကို ပြောချင်တယ်………
အထောက်အကူပစ္စည်းလိုရင် အထောက်အကူပစ္စည်းရှာ အယူအဆတွေကို တဦးချင်းမေးမြန်း လက်ခံဆွေးနွေး တာတွေလုပ်မယ်ဆို သူတို့ရဲ့ အရည်အချင်းကို အသိအမှတ်ပြုရာရောက်တဲ့အတွက် ပိုထိရောက်တယ်………
သူတို့အမြင် သူတို့အတွေးတွေကို လက်ခံရမယ် အပြန်အလှန် ဆွေးနွေးစေရမယ် …… ဒါဆို သူတို့လည်းတက်ကြွလာမယ်……….
ဆရာဖြစ်သူကို အလေးထား လေးစားမယ်……….
အဲဒီလို ဆွေးနွေးတာကို ကျောင်းသူ ကျောင်းသားတိုင်းက ပါဝင်စေရမယ်………..
ဘာသာရပ်အလိုက်လဲ အဖွဲ့လေးတွေခွဲ ပြိုင်ဆိုင်မှု ဆွေးနွေးမှုတွေလုပ်ပေးရင် ပိုကောင်းမယ်……….
အဲဒီတော့ သူတို့လည်း ဆွေးနွေးတဲ့အကျင့်ရလာမယ်…….. စကားပြောဆိုရမှာ ၀န်မလေးတတ်တော့ဘူး…..
ဒီလောက်စေတနာထားမယ်ဆိုရင် ဆရာတပည့်ဆက်ဆံရေး ပိုကောင်းလာနိုင်တယ်………..
စေတနာဖြင့်------------

kingorcasteem@kingorcasteem

စေတနာ | Ecency