မြန်မာ

Words
203
Reading
1 min
Listen
Play
9y

မြန်မာလူမျိုးတွေကလေ လို့
အစချီပြီး မြန်မာလူမျိုးတွေ
စာရိတ္တမကောင်းကြောင်း
စည်းကမ်းမရှိကြောင်း
အလွယ်ကြိုက်ကြောင်း
အာပေါင်အာရင်းသန်သန်
နှိပ်ကွပ်နေပြီဆိုရင် ပြေးမကြည့်နဲ့
အဲ့ဒါ မြန်မာလူမျိုးပဲ…

မြန်မာတွေက အမှိုက်ဆို စည်းမဲ့ကမ်းမဲ့ လွှင့်ပစ်တတ်ကြတယ်တဲ့…
ပစ်မှာပေါ့…
ဘယ်မှာလဲ အမှိုက်ပုံးက…
နှစ်ပေါင်းများစွာ အမှိုက်ပုံးမထား ပေးခဲ့ဘဲနဲ့ အမှိုက် လမ်းဘေးချတော့မှ မြန်မာတွေ စည်းကမ်းမရှိဘူးဆိုတော့ တဆိတ် မလွန်ဘူးလား…

အဲ့လိုပဲ…
ဈေးဆိုင်တွေမှာ တန်းစီစနစ် မရှိဘူး…
ပြုံတိုးတယ်…
သူ့ထက်ငါ အလုအယက် တိုးတယ်…
မြန်မာတွေ တန်းမစီ တတ်ကြဘူးလားတဲ့…
ဟုတ်ကဲ့…
ဘယ်ဈေးဆိုင်က တန်းစီခိုင်းထားလို့ မြန်မာတွေက တန်းစီစနစ် သုံးတတ်မှာလဲ…

မြန်မာတွေက Public Area မှာ မလုပ်သင့်တာတွေကို မသိကြဘူးတဲ့…
သိရအောင် ဘယ်သူက လူထု ပညာပေးထားလို့လဲ…

အားရင် နိုင်ငံတကာ နိုင်ငံတကာ ဆိုတာကြီးနဲ့ အပြစ်တင် မနေကြပါနဲ့…
မြန်မာတွေက ဘယ်နှခုနှစ်ကမှ စပြီး အင်တာနက် သုံးဖူးတာလဲ…
နိုင်ငံတကာကို ကြည့်ဖို့နေနေသာသာ အစိုးရက လွှင့်တဲ့ ရုပ်သံလိုင်းမှာ စစ်ဗိုလ်ချုပ်တွေ ကတ်ကြေးတကိုင်ကိုင်နဲ့ ဖဲကြိုးဖြတ်တာကို လျှပ်စစ်မီးခွဲတမ်းနဲ့ သတင်းလုပ် ကြည့်ခဲ့ရတာပါ…

ဘာစနစ်မှ မကောင်းမွန်သေးဘဲနဲ့
ထစ်ခနဲရှိ မြန်မာတွေ စည်းကမ်းပျက်တယ် မြန်မာတွေ ဘာဖြစ်တယ်နဲ့ ကိုယ်ကျတော့ မြန်မာ မဟုတ်တာ ကျနေတာပဲနော်…

တစ်ခုပြောပြမယ်…
ဥပမာ စလုံးမှာ အလုပ်သွားလုပ်တဲ့ ရွှေမြန်မာတွေ ရှိတယ်…
သူတို့ အမှိုက်ချလား…
ရထားပေါ် ရေတောင် သောက်လား…
ခွေးနဲ့လမ်းလျှောက်ထွက်လို့ ခွေးရဲ့ ကျင်ကြီးကျင်ငယ်ကို တာဝန်မယူဘဲ နေလား…
ကားမောင်းရင်တောင် မိုင်ပို မောင်းရဲလား…

ဒီမြန်မာက မြန်မာပဲ.…
ဒီရွှေတွေ ကိုယ့်နိုင်ငံ ပြန်ရောက်ရင်လား…
အမှိုက်လည်း ပစ်ချတာပဲ…
ကွမ်းသွေး ထွေးတာပဲ…
ဘယ်နေရာနေနေ တိုးတာပဲ…
ဘယ်ကားနေနေ ကျော်ခွတက်တာပဲ…

စလုံးပြန်ရောက်သွားရင်လား…
အပိုးကို ကျိုးလို့…

အဲ့ဒါ ဘာလဲဆိုတော့
ကောင်းမွန်တဲ့ စနစ်နဲ့ ပြစ်ဒဏ် ကြောင့်ပဲ…
ခုက ဘာစနစ်မှ မလုပ်ကြဘူး…
အတိုင်ပင်ခံက အမှိုက်ကောက် ဆိုတာနဲ့ တရုန်းရုန်း အမှိုက်ထွက်ကောက်တယ်…
သစ်ပင်စိုက် ဆိုတာနဲ့ လူစုစု စုစုနဲ့ သစ်ပင်စိုက်ကြတယ်…
ပြီးတော့ ဘာမှ ဖြစ်မလာဘူး…

ဘယ်ဖြစ်လာမလဲ…
ဘာစနစ်မှ မရှိဘူးလေ…
ထိုက်သင့်တဲ့ ပြစ်ဒဏ်လည်း မရှိဘူးလေ…
ဒီလိုပုံနဲ့တော့ "မြန်မာလူမျိုးတွေကလေ" အစချီပြီး အာပေါင်အာရင်းနဲ့ အထက်စီးက ပြောရုံအပြင် တစ်သက်လုံး ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး…

ထိုက်သင့်တဲ့ ပြစ်ဒဏ်နေရာမှာလည်း ပြစ်ဒဏ်စနစ်က တိကျ မှန်ကန်ဦးမှ…
မော်တော်ပီကယ် ဘောက်ချာစုတ်တဲ့ စနစ်နဲ့တော့ တိုးတက်ဦးမှာ…
(အရင်ခေတ်နော် ခုခေတ်တော့ အဖမ်းမခံရဖူးသေးဘူး)

လိုရင်းကတော့လေ
ရွှေမြန်မာတွေ ကိုယ့်မြန်မာအချင်းချင်း သူများပြောစရာမကျန်အောင် နှိမ်ချနေမယ့်အစား ဘာလုပ်ရင် ပိုကောင်းလာမလဲလို့ တွေးတောပြီး တာဝန်ရှိသူတွေကိုလည်း နီးစပ်သူတွေက အကြံပေးကြပါလား…

တစ်ယောက်ယောက် စည်းကမ်းဖောက်ရင် နောက်ကျောကနေ ဓာတ်ပုံခိုးရိုက် fb ပေါ်တင်ပြီး မြန်မာလူမျိုးတွေက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဟောင်ဖွာ ဟောင်ဖွာ အပြစ်တင်မယ့်အစား ကောင်းမွန်တဲ့ စနစ်တစ်ခုကို နိုင်ငံသားတိုင်း ကျင့်သုံးနိုင်အောင် အကောင်အထည် ဖော်ပေးကြပါလားလို့ ပြောချင်ပါတယ်…