စာပေးဖက်ရှု့

Words
173
Reading
1 min
9y
Listen to this post
~1 min

image
လောကတွင် ဆရာများစွာရှိပါတယ်။ဆရာတစ်ဦးချင်းစီ၏ အလေ့အကျင့်နှင့်တူသော အလေ့အထသည် မတူကွဲပြားကြပါတယ်။ဆရာသည် တပည့်အတွက် အလေ့အထကောင်းဖြစ်ကာ တန်ဖိုးရှိပါတယ်။တန်ဖိုးဆိုသည်မှာ ဆရာဂုဏ်သိက္ခာနှင့်ကျင့်ဝတ်သာဖြစ်ပါတယ်။ထိုဂုဏ်သိက္ခာနှင့်ကျင့်ဝတ်အား အသိပညာနှင့်အတက်ပညာပေါင်းစပ်ပေးနိုင်က တပည့်အတွက် အကျိုးရှိစေပါတယ်။ထိုသို့ပေါင်းစပ်ပေးရန် ဆရာသည် အလေ့အထကောင်း တစ်ခုရှိရပါမယ်။ထိုအလေ့အထသည် စာဖက်ရန်သာဖြစ်ပါတယ်။ထို့ကြောင့် စာရေးဆရာကြီး ပီမိုးနင်းက စာဖက်ခြင်းဖြင့် ရရှိမည်အကျိုးအားသိရန် (လူကို စိတ်အုပ်ချူပ်သည် စိတ်ကို ပညာအုပ်ချူပ်သည် ပညာကို ဗဟုသုတအုပ်ချူပ်သည်)ဟု ညွှန်ပြရန် စာဖက်ရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
ပထမအရွယ်တွင် ပညာရှာ ဒုတိယအရွယ်တွင် ဥစ္စာရှာ၍ တတိယအရွယ်တွင် တရားရှာကြဝယ် ဆရာသည် ပထမအရွယ်တွင် ပညာရှာရင်း ဝါသနာအရ ဆရာဘဝသို့ ရောက်ရှိလာကြပါတယ်။ 'လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ'ဟုစကားအတိုင်း ဆရာနှင့်တူသော မိဘနှစ်ပါးသည် လောက၏ ဆရာသာမက ဘဝ၏ ပထမဦးဆုံးသော ဆရာများပင်ဖြစ်ပါတယ်။ထို့ကြောင့် မိဘများသည် သားသမီးများအား ဆုံးမမှုပြုရာဝယ် စာတွေ့လက်တွေ့ပေါင်း၍ သွန်သင်နိုင်ရန် စာဖက်ခြင်းဖြင့် ပျော်မွေ့ကြရပါမယ်။ဆရာများတွင် ကောင်းမြတ်သော စရိုက်လက္ခဏာတို့က ကျင့်ဝတ်ဂုဏ်အင်္ဂါါ(၂၅)ပါးပဲဖြစ်ပါတယ်။ဆရာသည် ၄င်း(၂၅)ပါးနှင့်အညီ ဆုံးမလမ်းညွှန်ပြုရာတွင် တပည့်များအားလက်ခံလာအောင် လိမ္မာပါးနပ်ဖို့ ပြေပြစ်ဖို့ ဥပမာ-ဥပမေယျနှင့် အထောက်အထားတို့ လိုပါတယ်။ထို့ကြောင့် ဆရာဘဝသည် စာပေဖက်ခြင်းဖြင့် ထာဝရစာဖက်သူဖြစ်နေရပါမယ်။
ယခုအခါ မြန်မာနိုင်ငံတွင် ပညာလွမ်းမိုးသော လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းဖြစ်ထွန်းလာစေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါတယ်။ထိုသို့ဆောင်ရွက်ရာတွင် ဆရာ ဆရာမများအနေဖြင့် တပည့်များဘဝတွင်သာမက ဘဝတစ်သတ်တာမှာပါ အမြဲမပြတ်အစဉ်လေ့လာ သင်ယူနေကြရမည်ဖြစ်ပါတယ်။စာဖက်ခြင်းသည် ပညာရေးဝန်းကျင်ကောင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။
'စာအုပ်ဖက်ခြင်းသည် သင်ယူခြင်းတစ်မျိုး ဖြစ်ပါတယ်။သင်ယူမှုရပ်တန့်တဲ့နေ့က အိုမင်းတဲ့နေ့ပါပဲ။အသက်(၂၀)ပဲဖြစ်ဖြစ် အသက်(၈၀)ပဲဖြစ်ဖြစ် ဆက်လက်သင်ယူနေသူက နုပျိုတဲ့လူပါပဲ'ဟု ဟင်နရီဖို့ဒ်က မိန့်ဆိုထားပါတယ်။စာဖက်မှ အသိပညာတိုးတက်မည်ပဲဖြစ်ပါတယ်။စာဖက်မှ အမြင်ကျယ်မည်။စာဖက်မှ ပညာရင့်သန်မည်ဖြစ်ပါတယ်။ထို့ကြောင့် ဆရာသည် ဗဟုသုတနှင့် ပညာရှိရန် စာအုပ်များလေ့လာဖက်ရှုရင်းဖြင့် အစဉ်လေ့လာသင်ယူနေကြရမည်သာဖြစ်ပါတယ်။
image
စာနှင့်ပတ်သတ်၍ စာအုပ်စာပေ လူ့မိတ်ဆွေ စာနယ်ဇင်းတိုင်း ခေတ်သမိုင်း အလိမ္မာစာမှာရှိ အဆိုအမိန့်များသည် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်အတွက် လမ်းညွှန်ချက်အချို့တွေပဲဖြစ်ပါတယ်။၎င်းအပြင် ထိုအဆို အမိန့်များသည် လူ့ဘောင်ကိုဦးဆောင်လျက်ရှိပြီး လိုက်နာကျင့်သုံးရန် ပင်ဖြစ်ပါတယ်။မှတ်ဖွယ်မှတ်ရာ ထိုထိုစာကို ရှာ၍မပြတ် အိမ်တွင်ဖက် စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သားတပည့်
(ရှင်မဟာရဌသာရ-လက်သစ်တောင်သာ ဆုံးမစာမှ)
image
လိမ္မာရေးခြားရှိရန် မှတ်သားဖွယ်ရာစာအုပ်စာတမ်းများကို အမြဲမပြတ် ဖတ်ရမည်ဟု 'ရှင်မဟာရဌသာရ'ဆရာတော်က မိန့်ဆိုထားခဲ့ပါတယ်။
စာပေ ဝတ္တု ရသ ကဗျာ ပျို့အလင်္ကာနှင်သာသည့် သီချင်း အဲစောင်းငြင်းကို မကင်းမပြတ် ဖတ်ရှုလေ့လာကျက် တီးမှုတ်လျက်သာ နေကောင်းစွာတည့်။
(ဝန်ကြီးပဒေသရာဇာ)
အနုပညာနှင့်ပတ်သတ်၍ အနုပညာစာပေ ဂီတကို အမြဲမပြတ် ရွတ်ဖက်နေသင့်ကြောင်း ဝန်ကြီးပဒေသရာဇာကလည်း နှိုးဆော်ထားခဲ့ပြန်ပါတယ်။
ဖတ်ရှုတိုင်းသာ အရာရာ၌ ပညာသုတ ကောင်းကျိုးရလိမ့်။
(မာဃဒေဝလင်္ကာပုဒ်ရေ-၉)
စာပေဖက်ရှုတိုင်း ပညာဗဟုသုတရရှိကြောင်း မန်လည်ဆရာတော်ဘုရားကြီးက မိန့်ဆိုထားခဲ့ပြန်ပါ၏။ဤသို့ပညာရှင်များက စာဖက်ရန်နှင့်စာဖက်ခြင်းအကျိုးကို မိန့်ဆိုခဲ့ကြပါတယ်။သို့ပါ၍ ဆရာအလေ့အထ စာပေမွေ့ရန်သာ ဖြစ်ပါတယ်။

Author by khaylay@khaylay

စာပေးဖက်ရှု့ | Ecency