နှစ်သစ်ဦး ကုသိုလ်

khayae(51)
Published in
#myanmar
Words
285
Reading
2 min
Listen
Play
8y

steemit မှ ညီအကို မောင်နှမများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျား ။ ကျနော်တို့ ဒေသရဲ့ နှစ်ဦး အလှူ အကြောင်းလေး ရေးပါရစေဗျား ။
ကျနော်တို့ ဒေသမှာ နှစ်ဆန်းတစ်ရက်နေ့ ရောက်လေတိုင်း ဇီဝိတ ဒါန ငါးလွှတ်ပွဲလေးကို အစဉ်လာမပျက် လုပ်ခဲ့သည်မှာ ယနေ့ ထက်တိုင်ရှိခဲ့ပါပြီ ဒီနှစ်ဆိုရင် နှစ်ဆယ့်သုံးကြိမ် ရှိခဲ့ပြီပေါ့ဗျား ။ နှစ်ဆယ့်သုံးနှစ် တိုင်တိုင် ပြုလုပ်လာတဲ့ ဇီဝိတ ဒါန ငါးလွှပွဲကို အစဉ်လာ မပျက်စေဘဲ လက်ဆင့်ကမ်း ထမ်းဆောင် လာခြင်းဟာ အင်မတန် မွန်မြတ်တဲ့ နှစ်ဦးအလှူ ဖြစ်ပါတယ် နှစ်သစ်ကူးပြီး ဦးဦးဖြားဖြား အသက်လှူ ပွဲလေးပေါ့ဗျား ။

IMG_20180417_085332.jpg

နွေရာသီ ဖြစ်လာတော့ အင်းအိုင် ချောင်းမြောင်း များမှာ ရေခမ်း ခြောက်လာခဲ့ပြီ ဖြစ်သည့်အတွက် ရေနည်းငါးများကို ဝယ်ယူ၍ ဧရာဝတီ မြစ်ထဲသို့ လွှတ်ပေးကြရန် အတွက် ကချင်ပြည်နယ် ရွှေကူမြို့ မင်္ဂလာ ပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဌာန နာယကက ဆရာတော်မှ ရေနည်းငါးများ ဒုက္ခရောက်မည့် အရေးကို တွေးဆကာ ဒကာ / ဒကာမများအား နှစ်သစ်ကူးပြီး နှစ်ဦး အလှူအဖြစ် ဇီဝိတ ဒါန ငါးလွှတ်ပွဲကို မေတ္တာရှေ့ထား၍ နှစ်ဦးနှစ်ဘက် အကျိုးများစေမယ့် လုပ်ငန်းကို ညွှန်ကြား ခဲ့ လေသည် ထို့ကြောင့် ဒကာ / ဒကာမများလည်း ဆရာတော် ဘုရားကြီ၏ သြဝါဒ အတိုင်း တစ်သွေမသိမ်း လိုက်နာ ကျင့်ကြံ ကာ ဆောင်ရွက်ခဲ့ကြလေသည်။

IMG_20180417_075137.jpg

နှစ်ပေါင်းနှစ်ဆယ့်သုံးနှစ် အတွင်းကို ကြည့်မည်ဆိုလျှင် ပထမ အကြိမ်က ပြုလုပ်ဆင်နွဲ ခဲ့ကြသည့် လူများသည် ယခုပြုလုပ် ကျင်းပသည့် နှစ်ဆယ့်သုံးကြိမ်တွင် မရှိတော့ပေ နည်းပေး လမ်းပြ သွားခဲ့ သည့် ဆရာတော်ဘုရားလည်း မရှိတော့ပေ။ ဆိုလိုသည်မှာ ဒီနှစ်ဆယ်သုံးနှစ် ဆိုသည့် အတိုင်းအတာသည် မည်မျှမကြာ သေးဟုဆိုနိုင်သော်လည်း ထိုနှစ်ဆယ်သုံးနှစ် အတွင်းတွင် အရာရာ ပြောင်းလဲခဲ့ကုန်ပြီ တရားသဘောနှင့် ကြည့်မည်ဆိုလျင် အနိစ္စပါ တကား ဟုသံဝေဂ ယူမိပါသည်။ ဆရာတော်များ၏ သြဝါဒကို လက်ကိုင်ထားလျက် ဟိုးအရင်က လူကြီးများ ပြုလုပ်သွားခဲ့ကြသည့် နှစ်သစ်ဦး ကုသိုလ်လေးကို တော့ ထိန်းသိမ်းကာ အမွေဆက်ခံ ထားနိုင်ခဲ့သည်။

IMG_20180417_075020.jpg

ငါးများကို ကျေးရွာများရှိ အင်းအိုင် ချောင်းမြောင်းများ ရှိရာသို့ သွားရောက်၍ ရွာကာလသား ခေါင်းဆောင်နှင့် တိုင်ပင်ကာ သင်္ကြန် အတက်နေ့ ညကတည်းက ငါးရွှေ့ပြောင်းနိုင်ရေးကို စည်စဉ်ရလေသည် ထို့နောက် နှစ်ဆန်းတစ်ရက်နေ့ မနက် လေး နာရီတွင် ကောက်ညှင်းပေါင်း နှင့်တိုဖူးကျော်များ ထည့်ကာ ရွှာများရှိငါးများကို သွားယူဆောင်ရလေသည် ။ ထိုသို့ ငါးများကို လူပျိုများအဖွဲ့က ငါးများကို စောစော သွားယူ နိုင်ရန် နံနက်စာ အဆာပြေ အဖြစ် မယ်ခိန်များ အဖွဲ့မှ ကောက်ညှင်းဆန် များကို ညကတည်းက ရေစိမ်ထားကာ မနက်တစ်နာရီခွဲ နှစ်နာရီတွင် ပေါင်းရလေသည် ထို့နောက် ညကတည်းက တိုဖူးထိုးပြီး အမာခံထားသည့် တိုဖူးတုံး ကလေးများကို ပါးပါးလွှ၍ ကျော်သူကကျော်နှင့် ပျော်ပျော်ပါးပါး ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေကြ ပါသည်။

IMG_20180417_080837.jpg

ကောက်ညှင်းပေါင်းလည်း ကျက်သည့်အခါ အကျော်ကျော်တာ လည်းပြီးလေးသည် ။ ကောက်ညှင်းပေါင်းနှင့် အကျော်တို့ကို အထုတ်ကလေးများနှင့် ထုတ်ကာ ငါးသွားယူမည့် ကားအလာ ကိုစောင့်နေကြလေသည် လူပျိုများအဖွဲ့ကလည်း ထိုကောက် ညှင်းပေါင်းနှင့် အကျော်ကို စားသောက်ကာ ငါးယူသွားကြ လေသည် ။ နံနက်ခြောက်နာရီဆိုလျှင် ထိုငါးယူလာခဲ့ သည့် ကားသည် ရောက်ရှိလာကာ အနှယ်နှယ်အရပ်ရပ်မှ ငါးလွှတ်ပွဲ လာကြသည့်သူများသည် ဘုန်းတော်ကြီး ကျောင်းပေါ် တက်ကာ ရတနာသုံးပါး ကန်တော့ခြင်း ငါးပါသီလ ဆောက်တည်ခြင်း ဆရာတော် ဘုရား၏ သြဝါဒ ခံယူခြင်း မေတ္တာပို့ခြင်း အမျှဝေခြင်းများ ပြုလုပ်ပြီး ကျောင်းလှေကားမှ ဆင်းသည့်အခါ ထိုငါးများကို သူတို့ယူဆောင်လာသည့် ဖလား သို့မဟုတ် အတာအိုး လေးထဲသို့ ထည့်ပေးလေသည်။
FB_IMG_1525652690371.jpg

FB_IMG_1525652675288.jpg

ငါးများရသည့်အခါ တန်းစီသည့်နေရာသို့ လာရောက်၍ မြို့တစ်ပါတ် ပတ်ကာ သဘောင်္များ ဆိုက်ကပ်သည့် သင်္ဘောဆိပ်၌ ငါးများကိုလွှတ်ကြရလေသည် ဧရာဝတီမြစ် အတွင်းသို့ ရောက်သွားသော ငါးများမှာ မြူးထူးပျော်ပါးလျက် လူးလွန်နေသည်ကို ကြည့်ရင်း ငါးလွှတ်သူအဖို့ ရင်ထဲ၌ ပီတိများဖြင့် ကြည်နူးနေလေတော့သည်။

FB_IMG_1525652680941.jpg

ဤမျှဖြင့်နားပါဦးမည် ရွှင်လန်းချမ်းမြေ့ကြပါစေ။

khayae
MSC - 079