မမေးတော့ဘူးကွယ်

khayae(51)
Published in
#myanmar
Words
232
Reading
2 min
Listen
Play
8y

တစ်ခါတလေတော့လည်း ကျနော့ရင်ထဲမှာ စိတ်ညစ်စရာတွေ စုစည်းလာရင် ကျနော်ဘယ်လို ထွက်ပေါက်ရှာရမလည်း စဉ်းစားမိတယ် လူဆိုတော့လည်း အလိုမကျတာတွေ များတတ်တာဘဲလေ အာ့ဒီအလိုမကျတာတွေထဲမှာ ကိုယ်က မသိလို့ မေးလိုက်တဲ့အခါမှာ ဂရုမစိုက်တာ လိုလို ဘာလိုလိုနဲ့ မဖြေချင်တာလိုလို ဖြေချင်တာလိုလိုနဲ့ ဟက်ဟက်ပက်ပက် မရှိခဲ့ရင် ကျနော့အူထဲအသဲထဲ ကလိကလိနဲ့ ဒေါသတွေ အလိုလိုနေရင်း ထွက်လာခဲ့တယ် အဲ့ဒီလိုအခါမျိုးမှာ အဲ့ဒီလူကို စိတ်ကုန်သွားတယ် ဒါပေမယ့် သည်းခံပေးခဲ့ ရသူက ကျနော်ပါ အဲ့ဒီလိုသည်းခံပီးရင် ငါ့အပေါ်ဒီလိုဆက်ဆံတာ တစ်ကြိမ်ရှိပြီ ပေါ့ ။

download (6).jpeg

ဒါပေမယ့် ကျနော်အမှတ်သဲချေ မရှိခဲ့ဘူး သူ့ကိုဘဲ ကိစ္စတစ်ခု ကြုံလာပြန်တော့ ပြန်မေးမိတယ် တောင်ကမြောက်လုပ် မြောက်ကတောင်လုပ်ဆိုပီး ရှုတ်ယှက်ခတ်အောင် ပြောပြ သွားတယ် ကိုယ်ကိုတိုင်က မသိလို့မေးပါတယ်ဆိုမှ အာ့လို ပြောတော့ ဘယ်နားလည်မလည်းလေ ခက်တာက ကိုယ်ကလည်း တုံးအနေလေတော့ ပြန်မေးပြန်ရင်လည်း မျက်နှာက မချိုမချဉ်နဲ့ မမေးရဲတော့လောက်အောင်ပါဘဲ တခြားလူ မေးရအောင်ကလည်း ကိုယ့်နားမှာ ဘယ်သူမှ မရှိခဲ့ ဒီလိုနဲ့ဘဲ ကိုယ့်ဟာကို လုပ်ချင်တာတွေ ရှောက်လုပ်ပစ် လိုက်တယ် လုပ်ပြီးမှ အဆင်ပြေလားဆိုတော့ အာ့ဒီလူကို ဘယ်လိုပြန်ပြောရမလဲ။

ကိုယ့်ဟာကို လျှောက်မလုပ်ခင်က အဆင်ပြေအောင် ပြောပြရင် ရဲ့သားနဲ့ အခုကျတော့ လုပ်ချင်တာတွေ လုပ်ပြီး ကာမှ အဆင်ပြေလား ဆိုတာကြီးဟာ ကျနော့ကို လှောင်များ လှောင်နေတာလား စဉ်းစားမရတတ်တော့ဘူးဗျား သူ့ကို ကျနော်မေးခဲ့ပေါင်းလည်း မနည်းတော့ဘူး အဲ့ဒီလို မေးခဲ့တဲ့ အခါတိုင်းမှာ သူ့ဆီက တုန့်ပြန်မှုဟာလည်း ကျနော်လိုချင်တဲ့ အဖြေမျိုးမဟုတ်ခဲ့ဘူး တစ်ခါတစ်လေဆို ကိစ္စတစ်ခုကို ပထမအကြိမ်မေးလို့ အဆင်မပြေရင် ခဏနေလိုက်တယ် နောက်တစ်ခါ ထပ်မေးရတယ် အဲ့တော့မှလည်း အဆင်ပြေ တာတွေလည်းရှိတယ် ကိုယ်ကနားမလည်လို့ သူ့ကိုမေးချင်တာတောင် သူ့မျက်နှာကို အရင်ကြည့်ရသေးတယ်ကွယ်။

ကျနော်မေးလိုက်တဲ့ အရာတစ်ခုဟာ သူ့အတွက်တော့ လွယ်ကူပေမယ့် ကျနော့အတွက် ခက်နေတာလေးတွေ ရှိလို့ မေးရတာပါ သူကတော့ ဒါလေးတောင် မသိဘူးလား ဆိုတာ မျိုးများ ထင်နေမလားမသိတာဗျား တစ်ခါကဆို သူကပြော သေးတယ် ကိုယ်တောင်ကို့ဟာကို ရှာလုပ်တာ ဆိုတဲ့ စကား လေး တစ်ခွန်း ဟုတ်ပါတယ် ကျနော်က အာ့လောက်ကြီး နားမလည်ခဲ့ဘူးလေ အာ့ဒါကြောင့်လည်း မရှာတတ်ဘူး အာ့လို မရှာတတ်လို့လည်း သူ့ကိုမေးရတာပေါ့ဗျား သူပြလို့ နားမလည်တဲ့ အရာတွေဆို ဖောင်တိန်တစ်ချောင်းနဲ့ ကောက် မှတ်ထားရတာတွေလည်းရှိတယ် အဲ့ဒါကို ကိုယ်ဟာကို စာရွှက် ကြည်ပြီး ပြန်လည်လုပ်ကြည့်ရင်း တတ်သွားတာလည်းရှိတယ်။

overlay (1).jpeg

ကိုယ်တွေဆို တစ်ခါတည်း ကြည့်လိုက်တာနဲ့ တတ်တယ် ဆိုတာကလည်း အပြောခံလိုက်ရသေးတယ် အော် အဲ့လို အပြောခံပြီး ဆက်လုပ်ရကောင်းမလား အပြောမခံနေတော့ဘဲ အဲ့အလုပ်ကို ဖြတ်လိုက်ရမလား စဉ်းစာတဲ့ အခါပေါင်းလည်း မနည်းတော့ဘူ 10- 5 - 2018 နေ့က ကဒ်တစ်ခုကို မသုံး တာ ကြာသွားတော့ data packsတွေ မဝယ်တတ်တော့ဘူး ဖြစ်သွားတယ် ကိုယ့်ကဒ် ကလည်း လေမှုန်တိုင်းဒဏ်ကြေင့် လှိုင်းက မပေါ်ဖြစ်နေတာနဲ့ အာ့ဒီကဒ်ကို ခဏဖယ်ပြီး မသုံးဖြစ်တာတောင် နှစ်နဲ့ချီနေပြီ ဖြစ်တဲ့ ကဒ်ကိုထည့်ပြီး ဘေဖြည့်ကာ packs ဝယ်မလို့ မေးလိုက်တာ သူပြောတဲ့ အတိုင်းတော့ လုပ်လိုက်ပါတယ် ဘယ်ဟာဝယ်ရင် ကောင်းမလည်းလို့ မေးလိုက်တာ အာ့မှာဝယ်ချင်တာကို နှိပ်လိုက် ဆိုတော့ ဘာဝယ်ရမှန်း မသိပါဘူးဆို ဝယ်ချင်တာ နှိပ်လိုက်ဆိုတော့ ကိုယ်လဲ နှိပ်ချင်တာ နှိပ်ပလိုက်ရောဗျား။ အဲ့ဒါပြီးတော့ တော်ပြီနှောက်ကိုများ ဘာဘဲဖြစ်ဖြစ် သူ့ကို ဘယ်တော့မှ မမေးတော့ဘူးဗျား
khayae
MSC - 079
credit;google image &facebook

မမေးတော့ဘူးကွယ် | Ecency