စကားလုံးတွေ ရင့်ရော်ပေမဲ့
သားတို့ ရင်ထဲ ပျိုမြစ်စေခဲ့တဲ့အမေ
ပိန်ပါးတဲ့ ကိုယ်ခန္ဓာ ကြုံလှီတဲ့လက်မောင်းနဲ့
သားကို ဗလကြီးဖြစ်အောင် ကျွေးမွေး
ပြုစုခဲ့တဲ့ အမေ
ကကြီး ခခွေး မကွဲပြားပေမဲ့
သားရဲ့ဦးခေါင်းထက် ဘွဲ့တံဆိပ်တစ်ခု
တပ်ပေးနိုင်ခဲ့တဲ့ မေမေ
ဒေါသဆိုတာ မရှိသလောက်ရှားပြီး
သားတို့ ဆိုးသမျှ ခါးစည်းခံခဲ့သော
မေမေကို သားအရမ်းခ်ျစ်တယ်