ခုခေတ်ကြီးကအလုပ်ရှိမှအဆင်ပြေတဲ့ခေတ်ဆိုတော့အလုပ်ကလေးတစ်ခုတော့လုပ်ရမယ်
ဘာလုပ်ရင်ကောင်းမလဲစဉ်းစားတေားဈေးရောင်းတာကမဆိုးဘူးဗျ လူလည်းသိပ်မပင်ပန်းဆိုတော့ဈေးပဲရောင်းတော့မယ်
ဒီလိုနဲ့ဈေးဆိုင်လေးတစ်ဆိုင်တည်ပြီး ကျော် ဈေးရောင်းကောဗျာ
နောက်နေ့ဆိုရင်ပဲ ဈေးဝယ်သူတစ်ယောက်ဈေးလာဝယ်ပါလေကော
Cus. အကိုသန်းဋ္ဌေးရှိလား
ကျော် ကျော်လည်းမသိဘူး သူ့ကိုတော့မမြင်မိပါလား
Cus. လူကိုပြောတာမဟုတ်ဘူးအကို
ကျော် အာ့ဆိုဘာကိုပြောတာလဲညေး
Cus. သောက်စရာ coffee ကိုပြောတာလေ
ကျော် အာ့ဆိုညေးဒီအထုတ်လား
အဲ့လိုပြောပြီး sunday ထုတ်လေးပေးမှ
Cus. ဟုတ်တယ်အကို အာ့အထုတ်ပဲ
ဆိုပြီးသူပြောတဲ့ သန်းဋ္ဌေးကိုသူကယူသွားကောဗျာ
နောက်တစ်နာရီလောက်ကြာတော့ဝယ်သူတစ်ယောက်ထပ်လာတယ်ဗျာ
Cus. အကိုရေ ဘော်ဒီလိုကေးချင်း
ရောင်းဖို့ရှိလား
အာ့လိုေုပါတော့ကျော်လဲစဉ်းစားရပြီပေါ့
ဒီကလူတေတော်တော်ခေတ်မှီနေပါလား ဘော်ဒီမှာတာလိုကေးချင်းတတ်နေပြီဆိုပြီးတော့
ကျော် ညေးရေ အာ့လိုပစ္စည်းတေကလေ ဖုန်းဆိုင်တေမှာလိုက်မေးကြည့်ပါလား အကို့ဆိုင်မှာတော့ မရှိဘူး
Cus. ရှိလောက်ပါတယ်အကို ခန္ဓာကိုယ်မှာလိမ်းတဲ့မွှေးတဲ့ အရည်လေးတေလေ
ကျော် အာ့ဆိုညေးဒီဗူးလေးလား
အာ့လိုပြောပြီးဘော်ဒီလိုးခြင်းဗူးလေးထုတ်ပေးမှသူကဟုတ်တယ်ဆိုပြီးယူသွားကောဗျာ
နောက်နေ့ကစပြီးကျော်လဲဈေးဆိုင်ကိုပိတ်ပီး
ကူလီထမ်းတော့တာပဲ မထမ်းလို့လဲမရဘူးလေဈေးဆက်ရောင်းနေရင်ဝယ်သူတေနဲ့ကျော်လဲရူးရဖို့ဗျာ. . .