အပြီးတိုင်နှုတ်ဆက်မှာမို့ ထပ်မမုန်း
တော့ဘူးနော် ခနတာတွေ့ဆုံမှု
လေးဆိုပေမဲ့ တသက်မှာဒီတခါတော့
ပျော်ရွှင်ခဲ့လို့လေ ပြု ခဲ့သမျှ အာဂါသ
တွေ မျက်ကွယ်ပြု ပေးလိုက်ရဲ့………
ခနမဟုတ်တဲ့ နှုတ်ဆက်ချိန်လေးမို့
လူသူမသိစေပဲ တိတ်တိတ်လေးထွက်
ပေးပါ့မယ် လာရာမတူကြတဲ့ဆုံမှတ်
တွေ ထပ်တူညီနေကြရင် သီအိုရီတွေ
အကုန်မှားနေလိမ့်မယ်လေ………
ငါ့ဘဝငါပဲ လျောက်လှမ်းမယ်လေ
အတွယ်အတာတွေ ခင်မင်တာတွေ
ထားခဲ့တော့မယ် ရစ်နွယ်တတ်တဲ့
နှောင်ကြိုးတွေကြောင့် မနစ်မွန်းချင်
တော့လို့လေ……………
Good Bye ပေါ့ အပြုံးနဲ့ပဲနှုတ်ဆက်
ပါ့မယ် တချိန်ချိန်က ရစ်တွယ်မိတဲ့
ဒီကြိုးရယ် ဓါးထက်ထက်နဲ့ဖြတ်လဲ
မပြတ်ပေမဲ့ ငါ့နှလုံးသွေးနဲ့ ဖြတ်ပါ့မယ်
အမြစ်မကျန် ပြတ်စေကွယ်…………