လေတိုက်တိုင်းလည်း မကြွေ
တံချူတံနဲ့,
လှမ်းချူတိုင်းလည်း … မမီမကမ်း၊
ခုတ်, ထစ်,
ဖြတ်,တောက် ထားတာတောင်၊
လက်ကျန်အမြစ်က အသစ်ပွင့်တယ်။
ပကာသန … မရှိ ၊ မာန … မရှိ
သဘာဝ, ၏ ၊ ထာဝရ … သမီးပျို၊
ဟည်းလေးခို , လေကြုံမစီး
သူ့ ချ ည်းသက်သက်၊
တစ်သက်လုံး … လန်း၊
နတ်ပေးတဲ့ … ပန်း(သဇင်)
ရင်ထဲက , လွမ်းလိုက်ရင်ပဲ ..၊
နှလုံးသားရဲ့,
အောက်ဘက်အခြမ်း,ဘေးမှာ
မနမ်းဘဲနဲ့ , မွှေးမွှေးလာတယ် … ။ ။