ဘယ်နှယ်ရှိစ ကိုဖိုးကျော် သိသွားပြီလား´´
တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီး တစ်ဦး ရှိတယ်။ စုန်းမကြီးလို့သာ ပြောတာပါ။
အသက် ၂၀ ဝန်းကျင် မိန်းမပျိုတစ်ဦး အရွယ်ပဲ ရှိပါတယ်။
အသက်ကတော့ ရာကျော်ပါပြီ။
အဖိုးအဖွားတွေ လက်ထက်ကတည်းက သူမက ဒီအရွယ်ပဲ။
အတော်လေးလည်း တင့်တယ်တဲ့ ရုပ်ရည် ရှိတယ်။
ဇရာကို ထိန်းထားနိုင်တဲ့ အစွမ်းရှိတယ်။
ပြဿနာက အဲ့ဒါပဲ။
လူ့အသွေးအသားတွေ မှီဝဲပြီး နုပျိုနေတယ် ဆိုတဲ့ ကောလဟာလတစ်ပုဒ်က
သူမကို စုန်းမကြီးလို့ အမည်တွင်ခဲ့စေတာပဲ။
ဘယ်လိုကြောင့် အိုမင်း ရင့်ရော်မှု မရှိသလဲ ဆိုတဲ့ လျှို့ဝှက်ချက်ကို
လူတွေက မသိကြရတဲ့အခါ မဟုတ်က ဟုတ်ကတွေ လျှောက်တွေးမိကြတယ်။
ကြောက်လည်း ကြောက်ကြတယ်။
ပြီးတော့ စုန်းမတွေက သာမန်လက်နက်တွေနဲ့ ဘယ်လိုသတ်သတ်
မသေဘူး ဆိုပြီး အယူရှိကြတော့ မထိရဲ မတို့ရဲ ဖြစ်နေကြတာပေါ့ဗျာ။
ဒါနဲ့ တစ်နေ့မှ"ဖိုးကျော်" ဆိုတဲ့ လူငယ်လေး တစ်ယောက် ရွာကို ရောက်လာတယ်။
ရှမ်းဘောင်းဘီအပွကြီး ဝတ်ထားပေမယ့် Rapper တစ်ဦးတော့ မဟုတ်ခဲ့ဘူး။
အထက်လမ်း ဆရာ တစ်ဦးပါ။
"ကျွန်တော် ဒီရွာက စုန်းမကြီးကို နှိမ်နင်းဖို့ လာတာပါ"
သူကြီးကို အရင်ခွင့်တောင်းပြီး သူ့အစီအစဉ်ကို ပြောပြတယ်။
ရွာမှာ လယ်စာရင်းငှား လုပ်မယ်။ အနီးကပ် စောင့်ကြည့်မယ်။
အကယ်လို့ အများပြောကြသလို လူ့အသွေးအသားကို မှီဝဲနေတာသေချာရင်
အန္တရာယ်ရှိတဲ့ အတွက် နှိမ်နင်းပေးမယ်လို့ ဆိုပါတယ် ။
"အေးကွယ်. . .အဘတို့လည်း သက်သေတစ်ခုမှ မရှိတော့
စုန်းမကို ဖမ်းလို့ မရဘဲ အခက်တွေ့နေရတယ်ကွဲ့ . . ၊
မောင်ရင်က အခုလို ကူညီမယ် ဆိုတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်"
သို့ကလို သဘောတူလိုက်ပြီး လအနည်းငယ် အကြာမှာပဲ
"ဖိုးကျော်''က သူ့အစီအစဉ် အတိုင်း စုန်းမဆိုတဲ့ အမျိုးသမီးကို ချဉ်းကပ်တာ
အောင်မြင်သွားတယ်။ ချိန်းတွေ့ဖို့ အကြောင်းဖန်လာတယ်။
"ညသန်းခေါင်ကျ တိတ်တိတ်ကလေး လာခဲ့မယ်နော်"
"အင်းပါ . . ."
ချိန်းဆိုလိုက်ပြီး စုန်းမအိမ်ကို သွားခါနီး သူကြီးကို အရင်ပြောပြတယ်။
သူအိမ်ထဲကနေ အချက်ပေးတဲ့အခါ သက်သေသက္ကာယ လက်ပူး လက်ကြပ်နဲ့
အမိဖမ်းကြဖို့ အိမ်ကို ဝိုင်းထားကြဖို့ သူကြီးကို ပြောလိုက်တယ်။
ညလည်းရောက်ရော
စုန်းမဆိုတဲ့ အမျိုးသမီးက 'ဖိုးကျော်' က သူ့ကို တကယ်မေတ္တာရှိတယ် ထင်ပြီး
စောင့်မျှော်နေရှာတယ်။ ဘာမှ မသိရှာဘူး။
မှောင်ရိပ်ထဲမှာ သူကြီးတို့ ကာလသားအဖွဲ့က လက်နက်ကိုယ်စီနဲ့
အိမ်ပတ်လည်မှာ နေရာ ယူထားကြပြီးပြီ။
နောက်တော့ 'ဖိုးကျော် ' ရောက်လာတယ်။
"ခင်ရေ. . ."
စုန်းမဆိုတဲ့ အမျိုးသမီးရဲ့ နာမည်က ခင်ခင်တဲ့။
အဖျားစွတ်ပြီး ခင်လို့ ခေါ်တာပေါ့ဗျာ။
ဒီညမှာ သူနုပျိုနေရတဲ့ လျှို့ဝှက်ချက်ကို ချစ်သူ ကို ပြောပြတော့မှာ ဖြစ်ပါတယ်။
'ဖိုးကျော်' ကလည်း ကြိုတင် စီစဉ်ထားပြီးသားပါ။
စုန်းမတွေကို သတ်တဲ့ လက်နက်ကြီးတစ်ခု ဖွက်ယူလာတဲ့အပြင်
သူကြီးတို့ ကာလသားအဖွဲ့ကို လည်း အပြင်မှာ စောင့်ခိုင်းထားသေးတယ်။
အကုန် ပွဲပြီး မီးသေ စီစဉ်ထားကြတာ။
"ပြတော့ကွာ. . .ခင်ရာ"
"ဟာ. . .ဇွတ်ကိုပဲ. . .ပြမှာပါဆို. . . ."
'ဖိုးကျော် က လောနေပြီ။ စုန်းမရဲ့ လျှို့ဝှက်ချက်ကို သူမြင်ချင်လှပြီ။
ဘာကြောင့်များ နုပျိုနေရသလဲပေါ့ဗျာ။
ဟိုကလည်း အဲ့ဒီလျှို့ဝှက်ချက်ကို ပြမယ်ဆိုပြီး ခေါ်လိုက်တာပဲ။
အခုလည်း အခန်းထဲဝင်ပြီး သံသေတ္တာတစ်လုံး သွားယူလာတယ်။
"ကဲဒီမှာကြည့် . .
ခင်အခုလို အရွယ်တင် နုပျိုနေရတဲ့ လျှို့ဝှက်ချက်က ဒါလေးကြောင့်ပဲ"
ပြောပြောဆိုဆို သံသေတ္တာထဲက အစိမ်းရောင် အပြားလေး တစ်ခု ထုတ်ပြလိုက်တယ်။
'ဖိုးကျော် 'လည်း အံ့သြစွာနဲ့ အဲ့ဒီအပြားလေးကို ဘာပါလိမ့်ဆိုပြီး
ရေနံဆီ မီးခွက် အလင်းနဲ့ ကြည့် လိုက်တဲ့အခါ
" Oramin - F "
လို့ သိုးဆောင်းအက္ခရာနဲ့ ရေးသားထားတဲ့ စာလုံးတွေကို တွေ့လိုက်ရတာပဲ။
"အလို. . ."
"အံ့သြသွားပြီလား ခိုခိုကျော် . .ခ်ခ်"
"နုပျိုလင်းလက် စွမ်းအင်ထက် အမျိုးသမီးတိုင်းအတွက် အော်ရာမင်-အက်ဖ် "
"ဟိုက်. . . သေရောကွာ!" .:p.:p.:p