ဆေးဂျင်း - အပိုင်း ၁

khan5(49)
Published in
#esteem
Words
107
Reading
1 min
Listen
Play
8y

ဆေးဂျင်း - အပိုင်း ၁
256-dangerous-side-effects-of-ginger_585874262.jpg
#photo is taken from google.
ဒီpostရဲ့ ခေါင်းစဉ်ကို စိတ်ဝင်စားအောင် ''ဆေးဂျင်း'' လို့ ပေးထားပါတယ်။''ဆေးဖက်ဝင်တဲ့ဂျင်း'' လို့ ဆိုလိုတာ မဟုတ်ပါဘူး။''ဆေးပညာလောကမှ ဂျင်းထည့်ခြင်း'' လို့ ဆိုလိုချင်တာပါ။
လွန်ခဲ့တဲ့ ၂ရက်လောက်က ကျွန်တော်မိတ္ထီလာရောက်တုန်း ဈေးအနောက်ဘက်လမ်းမှာ အမျိုးသမီး ၃ယောက်က လမ်းတစ်ဖက်တစ်ချက်ကနေပြီး လာသမျှကားတွေ ဆိုင်ကယ်တွေကို မဂ္ဂဇင်းပုံစံ စာစောင်လေးတွေ အလကားဝေငှနေတာ တွေ့ရပါတယ်။အမှန်အတိုင်းပြောရရင် အလကားဝေနေတယ်ဆိုတော့ ကျွန်တော်လည်းစိတ်ဝင်းစားတာပေါ့ဗျာ။ကျွန်တော် ဆိုင်ကယ်စီးရင်း သူတို့ရှေ့ရောက်တော့ ကျွန်တော့ကို စာစောင် ၂အုပ်ပေးပါတယ်။ကျွန်တော်လည်း ''သဘောကောင်းလှချည်လားပေါ့'' စိတ်ထဲထင်နေတာပေါ့ဗျာ။
Ginger2.jpg
#photo is taken from google.
အိမ်ရောက်တော့မှ အေးအေးဆေးဆေးဖတ်ကြည့်တော့ ''အိုက်----ရှားဘား''။အဲဒီစာစောင်တွေက လုံးဝလုံးဝကို ဂျင်းထည့်ထားတဲ့ ဂျင်းစာစောင်တွေ ဖြစ်နေတာတွေ့ရတယ်။မိတ္ထီလာဆိုတာ တကယ်တော့ နယ်မြို့လေးတစ်မြို့ပါ။မိတ္ထီလာမြို့ပတ်ဝန်းကျင်က ကျေးရွာလေးတွေက အိမ်ဆောက်ပစ္စည်း၊လျှပ်စစ်ပစ္စည်း၊ဆေးဝါးပစ္စည်း စတဲ့လိုအပ်တဲ့ပစ္စည်းတော်တော်များများကို မြို့ပေါ်တက်ဝယ်ကြရတဲ့အတွက် မိတ္ထီလာဈေးတဝိုက်ဟာ တောက ဈေးလာဝယ်သူတွေနဲ့ အမြဲတမ်းလိုလို စည်ကားနေတတ်ပါတယ်။
IMG_20180331_090516.jpg
#photo by myself
ဂျင်းထည့်တဲ့သူတွေက ကျေးလက်တောရွာက တောသားတွေကို ပစ်မှတ်ထားပုံရပါတယ်။ဈေးနားမှာ လူစည်ချိန်မှာ အခုလို ဂျင်းထည့်မယ့်စာစောင်တွေ အခမဲ့လိုက်ဝေနေတာတွေဟာ ကျွန်တော်တို့လို တောသားတွေကို ဂျင်းထည့်ဖို့ အစပျိုးနေတာပါပဲ။မြို့သားနဲ့တောသားနှိုင်းယှဉ်ရင် မြို့သားတွေက ပိုပြီးလူရည်လည်တဲ့အတွက် မြို့သားတွေကို ဂျင်းထည့်ဖို့ မလွယ်ပါဘူး။တောသားတွေက ရိုးအတဲ့သူများပြီး ပြောသမျှယုံလွယ်တဲ့အတွက် တောသားတွေကို ဂျင်းထည့်ဖို့ ကိစ္စဟာ ပိုပြီးလွယ်ကူပါတယ်။ဒါကို ဂျင်းထည့်မယ့်သူတွေ ကောင်းကောင်းသိထားကြတယ်။ဒါ့ကြောင့် တောသားတွေကို ဂျင်းထည့်ဖို့ သူတို့ပိုပြီးဦးတည်လာကြပါတယ်။
IMG_20180331_090559.jpg
#photo by myself.
အပိုင်း ၂ ဆက်လက်ရေးသားပါဦးမည်။
Author - Crypto Boy

ဆေးဂျင်း - အပိုင်း ၁ | Ecency