Website

Words
265
Reading
2 min
8y
Listen to this post
~2 min

#Website တစ်ခုတည်ဆောက်ရန်ဘာတွေလိုအပ်သလဲ?
Website တစ်ခုတည်ဆောက်ရန်လိုအပ်တဲ့အချက်လက်
( ၂ ) မျိုးခွဲထားပါတယ်။

မိမိကိုယ်တိုင် Coding ရေးနည်းသင်ပြီး Website ရေးခြင်း။
Coding ရေးနည်းကိုသင်ယူစရာမလိုဘဲ Domain/Hosting ဝယ်ယူပြီး /Normal Build များဖြင့် Website တည်ဆောက်ခြင်း။ယခုအခါ Wordpress ကိုအသုံးပြုပြီး Website တည်ဆောက်ခြင်းကို ပိုမိုအသုံးပြုလာကြပါပြီ။

မိမိကိုယ်တိုင် Website Coding ရေးနည်းကိုသင်ပြီး လေ့လာသင်ယူ
တဲ့အခါ WebSite Desing/Web Developer ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။Website နဲ ့Web Developer ဘာကွာလဲဆိုတာကို ရှေ ့ကတင်ပေးခဲ့တဲ့ Post တွေမှာ ရှာဖတ်ကြည့့်နိူင်ပါတယ်။IMG_20180719_200813.jpg

Website တစ်ခုကို Internet ပိုမှာ လွှင့်တင်နိူင်ရန် အတွက် လိုအပ်တဲ့အချက် အဓိကအားဖြင့် (၃)မျိုးရှိပါတယ်။
(၁) Domain
(၂) Hosting
(၃) Multimedia Content တို့ဘဲဖြစ်ပါတယ်။

   Domain ဆိုတာ Website တစ်ခုရဲ  ့လိပ်စာပါ။ဥပမာ www.mpt.com.mm ဆိုတာ MPT ရဲ  ့ Website Domain ပါ။

လိုချင်တဲ့ Domain ကိုရယူရန် Master Card/Visa Card/Pay Pal
တို ့နဲ ့ Domain/Hosting Service ပေးတဲ့ Website တွေကဝယ်ယူနိူင်သလို Domain/Hosting ရောင်းတဲ့သူတွေဆီမှာလည်း ဝယ်နိူင်ပါတယ်။

   Hosting ဆိုတာ အရှင်းဆုံးပြောရရင် ကျနော်တို ့Website တစ်ခုလုံး Internet  ပိုမှာ Run နိူင်ရန်အတွက် အဓိက ထောက်ပံ့ပေးသူပါ။ Website မှာပါဝင်တဲ့ Page/img/Fil /Datebase တွေသိမ်းပေးတာကိုလုပ်ဆောင်ပေးသလို ပြုပြင်  ပြင်ဆင်မူ အပိုင်းတွေလည်းပါဝင်ပါတယ်။

၂။ Website နဲ့ဘာတွေလုပ်လို့ရသလဲ?

အဖြေကတော့ရိုးရှင်းပါတယ်။ Websiteနဲ့ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ လုပ်ငန်းဆောင်တာ အတော်များများကို လုပ်လို့ရပါတယ်။ အသုံးပြုတဲ့လူပေါ်မူတည်ပြီးတော့ Website အမျိုးအစားတွေဘဲ ကွဲပြားသွားတာပါ။
ဥပမာ - စာဖတ်သူက Online Shop လုပ်တယ်ဆိုပါတော့ဗျာ၊ အဲ့ဒါဆို စာဖတ်သူလိုတာက Ecommerce Website အမျိုးအစားပါ။ အခုပြောသွားတာကတော့ စာဖတ်သူတို့လုပ်တဲ့လုပ်ငန်းနဲ့အလိုက် ခွဲထွက်သွားတဲ့ Website အမျိုးအစားတွေပါ။ တကယ်တန်းတော့ Website Type က (၂) မျိုးဘဲရှိတာပါ။ နောက်အပိုင်းတွေမှာ ထပ်မံရှင်းပြသွားပါ့မယ်။
IMG_20180719_200804.jpg
၃။ Website ကိုဘာကြောင့်လိုအပ်တာလဲ?
Website ကိုကျွန်တော်တို့အနေနဲ့ ဘာကြောင့်လိုအပ်ပါသလဲ၊ မရှင်းပြခင်စာဖတ်သူက #ကိုယ့်ကိုယ်ကိုOnline_Shopလုပ်နေတဲ့ကိုယ်ပိုင်လုပ်ငန်းရှင်လို့ မှတ်လိုက်ပါ။( ဟုတ်ပါပြီ၊
အခုဆို Online Shop ပိုင်ရှင်ကြီးတွေဖြစ်သွားပါပြီ ဒန်..တန်…တန် 😎✨✨ )။ နောက်ပြီး ကျွန်တော်တို့တတွေက ကျွန်တော်တို့ Online Shop ကနေ Product တွေကို Facebook ကနေရောင်းနေတာ ကြာပြီပေါ့ဗျာ၊ Customer တွေလည်းများ၊ ရောင်းအားတွေလည်းတက်နေတယ်ပေ့ါ။ အဲ့ဒီ့အခါ ကျွန်တော်တို့က လူတစ်ယောက်တည်းနဲ့ အရမ်းများတဲ့ လုပ်ငန်းတွေကိုမလုပ်နိုင်တော့ပါဘူး၊ #Facebookကလည်းလုပ်ဆောင်ချက်အများကြီးမလုပ်နိုင်ပါဘူး။

ဘယ်လိုနေရာတွေမှာလဲဆိုတော့ Payment ပိုင်းတို့၊ Orderကောက်တာတို့ အစရှိတဲ့ လုပ်ဆောင်မှုအချို့မှာ Facebook နဲ့ဘဲ လုပ်လို့မရတော့ပါဘူး၊ ရရင်လည်း အချိန်နှောင့်နှေးမှုတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ့လိုအခြေအနေမှာ ကျွန်တော်တို့ဟာ Website ကိုမဖြစ်မနေကိုလိုလာပါပြီ။

#Website တွေရဲ့အားသာချက်ကလိုင်းလေးတစ်ချက်ဖွင့်ပြီး ခလုတ်လေးတစ်ချက်နှိပ်ရုံပါဘဲ။ ခလုတ်တစ်ချက်နှိပ်ရင် ဘာတွေပြောင်းလဲသွားလဲဆိုတာ ပြောပြပါမယ်၊

   👉 ပထမအချက်အနေနဲ့ အချိန်ကုန်သက်သာပါမယ်၊ 
   👉 ဒုတိယအနေနဲ့ အလှမပျက်(မိန်းကလေးတွေအတွက်သာ
        ရည်ညွှန်းသည်။ 😁😁)အိမ်မှာတင်ဘဲ ဈေးဝယ်နိုင်ပါတယ်၊
   👉 နောက်ထပ် တတိယအချက်ကတော့ ပြောင်းလဲတိုးတက်လာတဲ့ 
         နည်းပညာခေတ်ကြီးမှာ ကိုယ့်ရဲ့လုပ်ငန်းကခေတ်မှီပြီး၊ 
         Image ကောင်းတစ်ခုဖြစ်စေမှာအမှန်ပါဘဲခင်ဗျာ။ 🌟🌟

#Website Domain/Hosting ဝယ်ယူနည်း
#Coding မလို Wordpress အသုံးပြုပြီး Website တည်ဆောက်နည်း
#Internet Server မှာ Website ကိုလွှင့်တင်နည်း
စတဲ့ Website နဲ ့ပတ်သက်တဲ့ နည်လမ်းတွေက ို မကြာခင် Online Course အဖြစ်သင်ကြားပို ့ချဖို ့ရှိပါတယ်။

#Domain/Hosting ဝယ်ယူလိုသူများ ကျနော်တို ့ Page Chat Box ကနေဆက်သွယ်ဝယ်ယူနိူင်ပါပြီ ခင်ဗျ။