Chemicals and Leader (KC Myanmar)

Words
334
Reading
2 min
Listen
Play
9y

IMG_9584.JPG

ဒီတစ်ခါ leadership အကြောင်းနဲ့ ပက်သက်ပြီး think out of the box လုပ်ကြည့်ရအောင်။ လူတွေမှာ အချို့သော အပြုအမူတွေ ဘာလို့ ရှိနေကြတာလဲ ဆိုတာကို သမာရိုးကျ leadership သီအိုရီတွေကနေအများအပြား ဟောပြောနေကြတာ နားရေအတော်ဝနေကြပါပြီ။ ဒီတစ်ခါ ဒီလို သမာရိုးကျ အမြင်ကနေမကြည့်ပဲ နောက်ထပ် ရှူထောင့်တစ်ခုကနေ နားလည်ကြည့်ကြရအောင်။

လူတွေရဲ့ ခန္တာကိုယ်အထဲမှာ စိမ့်ထွက်နေတတ်တဲ့ ဓါတ်သဘောတွေက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ လူတွေရဲ့အပြုအမူတွေကို ဖြစ်ပေါ်စေတဲ့အရာတွေပေါ့။ အဲ့ဒါတွေကတော့ Endorphins, Dopamine, Serotonin, Oxytocin, and Cortisone.

Endorphins (အန်ဒိုဖင်း):

ကျွန်တော်တို့တတွေ လေ့ကျင့်ခန်းတွေ လုပ်ကြတဲ့အခါမှာ ကျွန်တော်တို့ရဲ့ body ကနေ endorphins လို့ခေါ်တဲ့ chemical တစ်မျိုးကို ထုတ်ပေးလေ့ရှိပါတယ်။ ဒီ ဓါတုပစ္စည်းက ဦးနှောက်အထဲကိုရောက်သွားပြီး pain ဆိုတဲ့ နာကျင်မှုတွေကို လျော့ကျစေပါတယ်။

IMG_9585.JPG

ဒီ endorphins ဟာ body အထဲမှာ positive feeling ကို ဖြစ်စေပါတယ်။ ဒါဟာ မောဖင်း နဲ့ ခပ်ဆင်ဆင် သွားတူတယ်။ ဥပမာ- လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အချိန်မှာ ရတဲ့ feeling မျိုးပေါ့။ ဒါကို euphoric လို့ခေါ်တယ်။ runner's high လို့လဲပြောကြတယ်။

ဒီ endorphin ကို ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်ခြင်းအားဖြင့်ရနိုင်ပြီး stress တွေကို လျော့စေတယ်၊ စိတ်ဓါတ်ကျတာတွေ စိုးရိမ်ပူပန်တာတွေကျဆင်းစေတယ်၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စေတယ်၊ အိပ်ပျော်စေတယ်။

Dopamine (ဒိုပါမင်း):

ဒီ chemical ဟာ ဦးနှောက်ကနေ ထုတ်လွတ်ပေးတာဖြစ်ပြီး လူတွေကို feeling good ဆိုတဲ့ သာယာမှုကိုရစေတယ်။ အစားကောင်းလေးစားရတဲ့အချိန်၊ sex သာယာမှုရတဲ့အခါ၊ မူးယစ်ဆေးဝါးသုံးတဲ့ အခါမှာ ဒီ chemical တွေ ထွက်လာတတ်ပြီး လူကို သာယာမှုတွေပေးတတ်တယ်။

ဒီ chemical ဟာ လူတွေကို မှတ်ညဏ်ကောင်းစေတယ်၊ အာရုံစူးစိုက်မှုကိုရစေတယ်၊ mood ကိုကောင်းစေတယ်။ လူတွေကို စွဲလန်းတဲ့အကျင့်ကို ဖြစ်စေတယ်။

အခုပြောပြခဲ့တဲ့ chemical နှစ်မျိုးကတော့ လူတိုင်းမှာ ဖြစ်တတ်လေ့ရှိပြီး ဘယ်သူ့အကူအညီမှ မလိုပဲ ရတတ်ပါတယ်။ နောက်ထပ်ပြောမယ့် chemical တွေကတော့ leadership ဓါတုပစ္စည်းတွေပါပဲ။ တစ်ယောက်ရဖို့အတွက် အခြားတစ်ယောက်က လုပ်ဆောင်ပေးမှ ရကြတာမျိုးဖြစ်ပါတယ်။

IMG_9587.GIF

Serotonin (စရိုတိုနင်း):

ဒီ ဓါတုပစ္စည်းကို ဦးနှောက်၊အူမကြီးနဲ့သွေးထဲတွေမှာတွေ့ရတတ်ပါတယ်။ လူတွေကို feeling of pride... achievement စတာတွေကိုခံစားစေပါတယ်။ ဥပမာ - စင်ပေါ်မှာ ဆုယူနေတဲ့သားသမီးဟာ လူတွေအရှေ့မှာ ဂုဏ်ပြုခံနေရလို့ ပြုံးပျော်နေရသလို၊ ဒီအဖြစ်အပျက် ပရိတ်သတ်အထဲမှာ ကြည့်နေရတဲ့ မိဘတွေရဲ့ ရင်ထဲမှာလည်း ကျေနပ်နှစ်သိမ့်မှုကို ဖြစ်လာစေပါတယ်။ ဒါဟာ သားသမီးတွေအထဲမှာSerotonin တွေ ထွက်နေပြီး ပျော်နေတာကို ကြည့်ပြီး မိဘတွေအထဲမှာလဲ ဒီ Serotonin တွေ ထွက်လာရလို့ ပီတိတွေကိုခံစားရကြပါတယ်။

ဒီ chemical က လူတွေစားတဲ့ amino acid trytophan ကရတာဖြစ်လို့ စားတဲ့အစားအစာတွေကလည်းအရေးကြီးပါတယ်။ nuts တွေ၊ cheese တွေနဲ့ red meat တွေက ရရှိတတ်ပါတယ်။ ဒီ chemical က လူတွေရဲ့ ပီတိ ကျေနပ်မှုကို ဖြစ်စေပြီး ကိုယ်နဲ့ ဆက်ဆိုင်တဲ့ သူတွေကို ဒီ feeling ကို ရရှိစေတတ်ပါတယ်။

Oxytocin (အောက်စီတိုဇင်း):

ဒါကို အချစ်ဟော်မုန်း (love hormone) လို့ အများသိကြပါတယ်။ ဥပမာ - မီးဖွားနေတဲ့ မိခင်ဟာ နာကျင်နေတဲ့ အကြားက မွေးလာမယ့် သားသမီးကို ကြည့်ပြီး ချစ်ကြင်နာစိတ်တွေ တဖွားဖွား ဖြစ်နေရတာ ဒီ chemical ကြောင့်ဖြစ်ပါတယ်။

IMG_9588.JPG

ဒီ chemical ဟာ အသင်းအဖွဲ့တွေအကြားမှာ ရှိတဲ့ ချည်နှောင်ထားတဲ့ trust လို့ခေါ်တဲ့ ယုံကြည်မှုကြိုးကို ခိုင်မာစေပါတယ်။ တစ်ယောက်ကနေ တစ်ယောက်ကို ဂရုစိုက်တဲ့အခါမှာ ဂရုစိုက်ခံရတဲ့သူမှာရော ဂရုစိုက်တဲ့ သူမှာပါ ဒီ chemical တွေ ထွက်လာပြီး သံယောဇဉ်၊ ယုံကြည်မှုဆိုတဲ့ feeling တွေကို ဖြစ်လာစေပါတယ်။

Cortisone (ကောတာဇုံ):

လူတွေဟာ ထိတ်လန့်ကြောက်ရွံစရာကောင်းတဲ့ အခြေအနေနဲ့ ကြုံလာခဲ့ရင် ဒီ chemical ဟာ body အထဲမှာ ထွက်လာပါတယ်။ ရင်ဆိုင်မလား ထွက်ပြေးမလားဆိုတဲ့ အသင့်အနေအထားကို ရရှိစေပါတယ်။ တစ်ယောက်ယောက်က အဲ့လိုဖြစ်တာကို မြင်ရရင် ကျန်တဲ့သူတွေရဲ့ body အထဲမှာ ဒီ chemical တွေထွက်လာပြီး သူတို့တွေပါ အသင့်အနေအထားဖြစ်ပါတယ်။

IMG_9589.JPG

ဘယ်လိုလဲ။ လူတွေရဲ့ အပြုအမူတွေနဲ့ အဲ့ဒီ့ အပြုအမူတွေကို ဖြစ်စေတဲ့ လူတွေရဲ့ body အထဲက ထုတ်ပေးတဲ့ ဒီ chemical တွေဟာ စိတ်ဝင်စားမှု ရှိတယ်မဟုတ်ပါလား။ လူတွေ နေထိုင်သွားလာစားသောက်မှု အကျင့်တွေဟာလည်း ဒီ chemical တွေ ဖြစ်ပေါ်မှုအပေါ်မှာ လွှမ်းမိုးမှု ရှိတတ်လို့ လူတွေနဲ့ အတူ အလုပ်လုပ်ကြတဲ့ ကျွန်တော်တို့တွေအတွက် ဗဟုသုတအနေနဲ့ ဝေငှလိုက်ပါတယ်။

KC Myanmar

photo credit: internet

Chemicals and Leader (KC Myanmar) | Ecency