Noodle salad with chicken

Words
160
Reading
1 min
9y
Listen to this post
~1 min

နန်းပြားခေါက်ဆွဲသုတ်

မနက်စာကို ပေါင်မှုန်.အမြဲမစားနိုင်တဲ. အတွက်
ရုံးပိတ်ရက်မှာကြက်သားကိုချက်ထားပြီး
ရုံးဖွင့်ရက် မနက်တွေမှာတွေမှာ နန်းကြီးသုတ်၊
ရှမ်းခေါက်ဆွဲ၊ ခေါက်ဆွဲသုတ်၊ ကြာဇံပာင်းခါး
လုပ်စားဖြစ်ပါတယ်..

နန်းပြားခေါက်ဆွဲသုပ်အတွက်

1)နန်းပြားခေါက်ဆွဲခြောက် - 400 g ကို ရေနွေးဆူဆူတွင် (10) မိနစ်ခန်.
ပြုတ်ပြီး ရေအေးစိမ်ကာရေစစ်ထားပါ။

  1. ဆီ၊ဆား၊နနွင်း၊ ငံပြာရည်၊ အရသာမုန်. ၊ ပဲအကျက်မှုန်.
    3)ကြက်သား 1/2 KG ကို အသားကိုသေးသေးတုန်း
    နနွင်းနယ်ကာ 15 မိနှစ်ခန်.နှပ် ထားပါ..
  2. ကြက်သားချက်ရန်အတွက် ကြက်သွန်နီ - 4 လုံးနှင့် ဖြူ 3မွာကို
    ငရုပ်သီးအစိမ်းမှုန်.ထည်.ကာ ညှက်အောင်ထောင်းထားပါ။
    5)ကြက်ဥ လေးလုံးကိုပြုတ်ပြီး အအေးခံကာ ပါးပါးလေးတွေစိတ်ထားပါ၊၊
    6)ရှောက်သီး ( 1) လုံးကို အစိတ်လေးတွေစိတ်ထားပါ။(သို.)
    မန်ကျီးသီး ထမင်းစားဇွန်း (2) ဇွန်းစာကို ရေဆေးကာ ရေစိမ်ထားပါ။
    နံနံပင်ကိုလဲ ရေစင်စင်ဆေးပြီး လက်မ၀က်ခန်.ညှပ်ထားပါ။
    ကြက်သွန်နီ - 2 လုံးကို ပါးပါးလှီးပြီး ရေဆေးထားကာ ရေစစ်ထားပါ၊
    ဂေါ်ဖီထုတ် - တစ်စိတ်ကိုလဲပါးပါးလှီးကာရေစိမ်ထားပါ။
  • ငရုပ်သီး အလှော်မုန်. ၊ ကြက်သွန်ဖြူဆီချက်

-ဂေါ်ဖီထုတ်ပာင်းခါးထဲထည်.ရန် ဂေါ်ဖီထုတ် တစိတ်ကိုရေဆေးပြီး
မထူမပါးလှီးထားပါ။ ကြက်သွန်ဖြူ 3 မွာကို ရေစင်စင်ဆေးကာ
ဓါးပြားရိုက်ထားပါ။ ပုဇွန်ခြောက် ထောင်း ထမင်းစားဇွန်း (2 ) ဇွန်း၊
ငရုပ်ကောင်း မှုန်. လက်ဖက်ရည်ဇွန်းတ၀က်။

ချက်နည်း
-ထောင်းထားသောကြက်သွန်ကို နနွင်းမှုန်.ထည်ကာဆီသတ်ပြီး
ကြက်သား နှင့်ငံပြာရည်၊ ဆား။ အရသာမှုန်.ထည်.ကာ ဆီလည်
ရေလည်ချက်ထားပါ။

-ပာင်းချို အိုးကို ရေ 1.5 liter ခန်.ထည်.ပြီး ရေနွေးဆူလျှင်
ကြက်သွန်ဖြူ နှင့် ဂေါ်ဖီထုတ်၊ ငရုပ်ကောင်းမှုန်.၊ငံပြာရည်၊ ဆား၊
အရသာမှုန်.ထည်.ကာ အနဲငယ်ခမ်းအောင် 15 မိနစ်ခန်. မီးဖိုပေါ်တည်ထားပါ။

ပြင်ဆင်နည်း

နန်းပြားခေါက်ဆွဲဖတ်ကို သုပ်မည်.ပုဂံထဲသို. တစ်ပွဲစာ ထည်.ကာ ကြက်သားပာင်း၊
ငံပြာရည်၊ ဆား၊ အရသာမှုန်.၊ ပဲအကျက်မှုန်.၊ ငရုပ်သီး အလှော်မှုန်.၊
ကြက်သွန်ဖြူဆီချက်၊နံနံပင်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုတ်၊ မန်ကျီးရည်တို.ကိုထည်.
ပြီး သမအောင်နယ်ပါ။ အပေါ.အငံမြည်းလိုအပ်သည်များကို
ထည်.ကာ သမအောင်နယ်ပြီး စားမည်.ပုဂံထဲသို.ထည်.ကာ ပါးပါးလှီးထားသော
ကြက်ဥကို အပေါ်မှထည်.ကာ ဂေါ်ဖီ ပာင်းခါးနှင့်တွဲကာ အရသာရှိသော
နန်းပြားခေါက်ဆွဲသုတ်ကိုသုံးဆောင်နိုင်ပါပြီရှင်.

Credit to Myanmar Foods & Other

Noodle salad with chicken | Ecency