Hive Myanmarမှအဖွဲ့သားများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။
ဒီနေ့တော့ အိမ်မှာ နေရင်း စိတ်ကူးပေါက်ရာ SketchUp Pro နဲ့ ပုံတွေ ထိုင်ဆွဲရင်းနဲ့ ကျွန်တော် ဆွဲဖြစ်တဲ့ ပုံလေးတွေကို ချပြခြင်ပါတယ် ။
ပထမဆုံးဆွဲဖြစ်တဲ့ပုံလေးကတော့
Bed Head Panel ပုံလေးဖြစ်ပါတယ်။သူ့ရဲ့ အသေးစိတ်ကတော့ back panel ကို ply အောက်ခံထားပြီး ply အပေါ်မှ သစ်ချောင်းလေးတွေ ကို ၁လက်မ ခြားပြီးစီထားပါသည်။
၁လက်မခြားထားသည့် ကြားထဲမှာ
ရေလှိုင်းပုံအရင် Scale အရင်ချပြီး သစ်ချောင်းလေးများကို ဖြတ်ထည့်ထားပါသည်။
ထိုသစ်ချောင်းလေးများကို ကျည်းရောင်မှုတ်ပြီးထည့်ရင် ပိုလှမလားလို့ထည့်ထားလိုက်တယ်။ဘေးဘောင် များကို ကြိုးလိုင်းလေးတွေနဲ့ ကွပ်ထားပါသည်။
ဘေးတိုင်ဖုံ အတွင်းကိုတော့ ply ဖြင့် ice shape ပုံစံ လေးဖော်ထားပြီး ice shape အပေါ်မှာ သဲမှန် လေးနဲ့ပိတ်ပြီး ဘောင်ကွပ်ပြီး Lamp Box တိုင် ပုံစံလေး ဖော်ထားဖြစ်ပါတယ်။
ပုံဆွဲရင်း အရှိန် လဲ ရလာကော သူနဲ့တဆက်ထဲ King Size Bed လေးပါ ဆက်ဆွဲဖြစ်ခဲ့တယ်။
နောက်ဆုံး Vray နဲ့ Render ချမယ် စိုပြီး နောက်တော့မှ သတိရသွားတယ် ကျွန်တော့် graphic Card ပျက်နေတာကို သွားသတိရတယ် အဲတာနဲ့ပဲ Render မချ ပဲ ဒီအတိုင်း လေးပဲ Save ပြီး ထွက်လိုက်ရတယ်။
Drawing Time 4 Hour လောက်ကြာသွားတယ် ။
Master Bed Room မှာ သုံးမယ်စိုရင်တော့ ပိုပြီး လှနေမှာပေါ့။
If you like my post, please follow and vote...
အားလုံးကိုအဆင်အမြဲလေးစားလျက်
ကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ပါစေ
@kaungsett8388
07.10.2022 (2:00) PM