ဒီနေ့အဖြစ်အပျက်ကတော့ ဆိုင်ကယ်လုခံရမလိုဖြစ်သွားတဲ့ အတွဲတစ်တွဲ ကံကောင်းသွားခဲ့ပါတယ်။အသက်ဘေးကနေရော်လွှတ်သွားခဲ့တယ်။ဆိုင်ကယ်ဖုန်းတွေလဲတစ်ခုမှပါမသွားခဲ့သလို သူအော်ပြီးအကူအညီတောင်းတာလဲပါတော့ အရာအားလုံးလဲ ကံကောင်းသွားခဲ့ပါတယ်။
ဖြစ်ပုံကဒီလိုပါ လူပြတ်ပြီးလုယှက်တတ်ပါတယ်လို့ရေးထားရက်နဲ့ လျှာရှည်ပြီး ဆိုင်ကယ်ရပ်ပြီးအတွဲတစ်တွဲ ဓာတ်ပုံလာရိုက်တယ်။ကိုယ်တွေကတော့ စိတ်ထဲကနေပြီးဒင်းတို့ကတော့အလုခံရတော့မယ်လို့ပြောလိုက်မိပါတယ်။ပြောတာကမှမကြာသေးဘူး။ဆိုင်ကယ်တစ်စီးလူ၄ယောက် ဓားရှည်တစ်ချောင်ကိုင်ပြီး ဘေးမှာကျတော်တို့ရုံးကြီးရှိနေလျှက်နဲ့ ပေါ်တင်ကိုဓားပြဆန်ဆန် ရောက်ချလာပြီး ဆိုင်ကယ်သော့ရော်ဖုန်းပါပေးဆိုပြီးလုပါတယ်။
သူတို့လဲကျတော်တို့အငိုက်ကိုစောင့်နေဟန်တူပါတယ်။ကိုယ်တော်ချောအတွဲကလဲတော်တော်နဲ့မပြန်ဘူး၊သူတို့လဲကျတော်တို့အားကိုးနဲ့မိုက်နေတာလားမသိပါဘူး။ဝုန်းဆိုသူတို့အတွဲနားရောက်တာနဲ့ဓားနဲ့လှန်ခုတ်လိုက်တယ် အရှောင်ကောင်းလို့မထိသွားဘူး။ကောင်လေးကပြေးပြီးချက်ချင်အော်တော့ကိုယ်တွေလဲတုန့်ဆိုင်းမနေပဲချက်ချင်ဆိုသလိုထွက်လိုက်တော့ဒင်းတို့ကဆိုင်ကယ်မောင်းပြေးပါလေရော်၊အရေးထဲရိုက်ဖို့ဒုတ်ကရှာမရဘူး။သူတို့ကငှက်ကြီးတောင်ဓားနဲ့ဆိုတော့ အရဲမစွန့်ရဲဘူးလေး။ရုံးထဲကကျတော်တို့အပြင်ဘေးနားကအိမ်ကလူတွေလဲတန်ထွက်လာလိုက်တာဆိုးတာကတစ်ယောက်မှဒုတ်တွေမပါတော့လွှတ်သွားခဲ့တာပေါ့။
ဒင်းတို့လဲပြေးတာမှတန်နေတာပါပဲဓားရှည်ကိုင်တဲ့အကောင်ဆိုဆိုင်ကယ်နဲ့တွဲလျှောင်ကြီးပါသွားခဲ့တယ်။ဒင်းပြုတ်ကြရင်တော့သူ့ကိုယ်သူအသေပဲဆိုတာသိလို့နေမယ်၊ပြုတ်မကျသွားခဲ့ဘူး။သေချာတာကတော့ဒင်း ဒူးတွေခြေဖမိုးတွေစုတ်ပြတ်သတ်သွားမှာတော့သေချာတယ်။အဲလိုချည်းပါသွားတော့ကံဆိုးခြင်းတော့သူ့ဖုန်းကျကျန်နေခဲ့တယ်။
ဒင်းတို့ကံဆိုးချင်တော့ ဖုန်းကlock မချထားဘူး၊ဖုန်းထဲမှာ contacts 4ခုနဲ့ photo viber facebook သူတို့အဖွဲ့အကုန်မြင်လိုက်တယ်။ဒင်းလေးက မိမဆုံးမ ဖမဆုံးမ သားလေးအပြင် သူ့ပတ်ဝန်ကျင်အမြင်မှာတော့ PDF ပေါ့၊သူ့အမေကိုတောင် သူ့က PDFထဲမှာ ဆိုပြီးလိမ်ညာပြောထားတဲ့ စာတွေအကုန်ဖတ်လိုက်ရတယ်။privacyအရ ဘာတစ်ခုကိုမှonline ပေါ်မတင်ပါ။ Take Care ပါအမျိူးတို့ရေး မန်းလေးလူပြတ်တဲ့နေရာတွေရှောင်သွားပါ။အော်ဒါနဲ့ဒင်းတို့အဖွဲ့ထဲက လူတွေတစ်ယောက်ပြီးတစ်ယောက်ဖုန်းတောင်လာရှာသွားသေးတယ်။click တွေကော် Tricker တွေနဲ့လာရှာသွားတယ်။ လူမွှေးသူမွှေးတောင်မပြောင်တဲ့ဟာတွေ။
အခုတော့အဲမြေကွက်လပ်ကြီးရဲ့ လေးဖက်လေးလံ သတိပေးစာလေးရေးပေးထားလိုက်တယ်။
21:35PM