stardomplay ဆော့ရတာ risingstar လိုဆိုပေးမယ့် risingstar လိုတော့ မဟုတ်တာတွေ့ရတယ်။risingstar မှာတော့ missions တွေပြီးလို့ရှိရင် fan တွေတစ်ခါတစ်မှာတိုးသွားတဲ့အခိုက်အတန့်လေးတွေရှိပါတယ်။fan တွေတိုးသွားလို့ရှိရင်တော့ နောက် missions အတွက် fan လုံလောက်ရင် ဆော့လို့ရတယ်။
Stardomplay မှာတော့ missions တွေပြီးရင် temporary fan အနေနဲ့တိုးလာတယ်လို့ အခုအချိန်ထိမတွေ့ရသေးဘူး။Missions ပေါင်း50လောက်ဆော့ပြီးတဲ့အချိန်ထိတောင် temporary fan ကတိုးမလာတာကိုတွေ့နေရပါတယ်။ NFTs ဝယ်မှပဲ fan ကရမယ်လို့တော့ ယူဆရပါတယ်။
NFTs နဲ့ fan တွေကို စုဆောင်းပြီးတော့ ဆော့ရမယ်လို့ထင်တယ်။အခုထိတော့ ကျတော်အနေနဲ့ deposit တင်ပြီးတော့ NFTs ဝယ်ယူခြင်းမရှိသေးပါဘူး။game ကဘယ်လိုလာမယ်မသိတာရယ် ဆော့တဲ့လူတွေကလဲ သိပ်မရှိသေးတာရယ်ကြောင့် အခုလောလောဆယ်မှာတော့ deposit တင်ပြီးတော့ ဝယ်ယူဖို့အစီအစဥ်မရှိသေးပါဘူး။
stardomplay အနေနဲ့အခုလက်ရှိမှာ update post တွေတင်တာလဲမတွေ့ရသေးသလို risingstar လို active မဖြစ်သေးတာလဲတွေ့နေရပါတယ်။ဘာနေနေအစဆိုတော့လဲ active မဖြစ်တာလဲဖြစ်နိုင်ပါတယ်။အခုတော့ risingstar လိုဖြည်းဖြည်းချင်သွားနေပါတယ်။
@kaunglay2