အားလုံးပဲမင်္ဂလာပါဗျ၊Hive Myanmar မှာ စာမရေးဖြစ်တာအတော်ကိုကြာခဲ့ပါပြီး။ စာမရေးဖြစ်တာက ပျင်းနေတဲ့အချိန်တွေများလို့ဖြစ်ပါတယ်။ပျင်းရင်ကနေ စာရေးဖို့အတွက် တဖြည်းဖြည်းနဲ့ ဖျင်းလို့နေခဲ့ပါပြီး။
စာမရေးဖြစ်တာကြာလာတော့ အကြောင်းအရာတစ်ခုခုကိုစဥ်းစားမိလျှက်နဲ့ ထိုအကြောင်းအရာကို ဘယ်လို အစချီပြီးရေးလို့မရတဲ့အထိကိုဖြစ်လို့နေခဲ့ပါတယ်။အဲဒီလိုနဲ့ပဲ စာမရေးဖြစ်တာ ကြာသွားလို့နေခဲ့တယ်။
ကိုယ်ကိုကိုယ်တိုင်းကလဲ Hive မှာ ဆောင်းပါးရေးဖို့အတွက်မဖြစ်မနေအခြေအနေတစ်ခုကို ရောက်ရှိလာခဲ့ပါပြီး။လူကသာ Hive မှာ စာပြန်ရေးဖို့အတွက် မဖြစ်မနေလို့တွေးထားပေးမယ့်လဲ ဘာအကြောင်းအရာကို ရေးလို့ရေးရမယ်မှန်းကို တွေးလို့မရသေးပါဘူး။
တွေးလို့မရသေးဘူးလို့ ပြောရင်လိမ်ရာကျပါလိမ့်မယ်။ခေါင်ထဲမှာတော့ ငါဒီနေ့ဘာအကြောင်းရေးမယ် နောက်နေ့ရောက်ရင်တော့ဟိုအကြောင်းအရာရေးမယ်ပေါ့အဲလိုအတွေးတွေကတော့ နေ့တိုင်းလိုလိုရှိပါတယ်။
Hive Myanmar မှာတော့ ဆောင်းပါးမရေးဖြစ်ပေးမယ့် Game post တွေတော့တင်ဖြစ်နေပါတယ်။ Hive Myanmar ရဲ့ Blog မှာတော့ ဆောင်းပါးရေးဖို့အတွက် စိတ်ကူးတွေက နေ့စဥ်ရက်ဆက်လိုလိုရှိလို့နေပါတယ်။နောက်နေ့ကစပြီးတော့ ဆောင်းပါးရေးဖို့အတွက် မဖြစ်မနေကိုရေးရမယ်လို့ အားထည့်ထားပါတယ်။