Steemit Platform နှင့်ပါတ်သက်သမျှ ( Henry Aung )

Words
487
Reading
3 min
Listen
Play
9y

henry.jpg

မင်္ဂလာပါ။ ယခုတလော Steem နှင့် SBD ဈေး အတက်အကျ တွင် Steem ဈေး 1$ လောက်အထိထိုးကျသွားသည် ကို စောင့် နေကြသူများ အတော်များသည်ဟု ကြားသိရပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း Steem ဈေး 2$ ခန့်သို့ ရောက်လာလျင်ပင် SP အချို့ ဝယ်ယူထားမည်ဟု စိတ်ကူးနေခဲ့ပါသည်။

သို့သော် 5$ လောက်ခန့်မှ တအိအိကျဆင်းလာနေသော Steem မှာ 3-4$ ဝန်းကျင်တွင် တန့်နေ၍ SBD မှာ 4-5$ တွင် တန့်နေပါသည်။ ကျွန်တော် Steemit သို့ စတင် ဝင်ရောက်လာကာစတွင် Steem ဈေးမှာ 0.20 $ SBD မှာ 0.95 $ ခန့်တွင် မြဲနေပါသည်။ အစပိုင်းတွင် ကျွန်တော်လည်း Steemit Platform ကို သိပ်နားမလည်သေး၍ Steem Power ၏ လုပ်ဆောင်မှုကို ကောင်း ကောင်း မသိ သေးသော်လည်း ကျွန်တော့ကို အကူအညီပေးကြသော ကိုးရီယားများက Steem Power စုထားရန်သာ တစိုက်မတ်မတ် သတိပေးနေခဲ့ပါသည်။

Steemit Platform စတင် သည် ဆိုသည်နှင့် ကိုးရီးယား developers များလည်း Steemit တွင် ပါဝင်ပါတ်သက် နေကြသည်ကိုတော့သိပါသည်။ Steemit Platform တွင် ကိုးရီးယား investors များခေါ်သွင်း၍ curie ဖြင့် ကိုရီးယား လူငယ်အများအပြားအား မြှင့်တင် ပေး နိုင်ခဲ့ကြပါသည်။

ကျွန်တော်သိသလောက် ကိုးရီယား လူမျိုး အတော်များများလည်း Steemit Platform ကို အရူးအမူး စွဲလမ်းကြပါသည်။ သို့သော် Steemit Platform တွင် သူတို့ မည် သည့် အတိုင်းအတာအထိ ပါဝင်ပါတ်သက်နေသည်ကို တော့ သေချာမသိပါ။ လက်ရှိ Steem နှင့် SBD ဈေးများကို ထိန်းချုပ်ကစားနေသူတို့မှာ Korea လူမျိုးများဖြစ်ကြပါသည်။

01.jpg

Steem နှင့် SBD ဈေးကွက် တခုလုံး ၏ 60% ခန့်အား ကိုးရီယားဈေးကွက် က ထိန်းချုပ်ကစားနေကြပါသည်။ ထို့အပြင် ယနေ့ Steemit Platform ဖွင့်လိုက်၍ setting ၏ third party exchange တွင် gopax ဟူသော ကိုရီယား trading site ကိုတွေ့လိုက်ရသောအခါ အလွန်အံ့သြသွားပါသည်။

သူတို့အနေဖြင့် တကူးတက အခြားသော trading platform များတွင် သွားရောက် trade နေစရာ မလိုတော့ပါ။ Steemit အကောင့် ဖြင့်ပင် ကိုးရီးယားငွေကြေးဖြင့် Steem နှင့် SBD ကို ဝယ်ယူ ရောင်းချ trading လုပ်နိုင်နေပြီ ဖြစ်ပါသည်။ ဤ တွင်ကြုံ၍ ကိုရီယား လူမျိုးများ Steemit Platform တွင် ဝင်ရောက်နေရာယူထားမှုများနှင့် ပါတ်သက်ပြီး တတ်ကျွမ်း နားလည်သူများအား မေးကြည့် သောအခါ သူတို့ ဖြေကြားသောအဖြေများမှာ အလွန် စိတ်ဝင်စားဖို့ကောင်းပါသည်။

နှောင်တချိန်တွင် Steemit Platform သည် social Media များ၏ ဆုံမှတ် ၊ တနည်းအားဖြင့် social media များ၏ စတင်ရာ နေရာတခု ဖြစ်လာမည် ဖြစ်၍ ယခုအနေထားဖြင့် ကြည့်လျင် SMT project များ ဝင်ရောက်လာလျင် ကိုးရီးယား social media တို့မှာ အလွယ်တကူ ဝင်ရောက်လာနိုင်ပြီ ဖြစ်ပါသည်။

ကိုရီးယား ဘာသာစကားဖြင့် ဖွင့်ထားသော ဈေးကွက်ကလည်း အဆင်သင့် ရှိနေပြီ ဖြစ်၍ ပြင်ပဈေးကွက်သို့ တကူးတက Steem နှင့် SBD တို့ကို ပို့နေစရာမလိုတော့ပါ။ ထို့ကြောင့် လက်ရှိ အနေအထားဖြင့် ပြောရလျင် Steemit Platform ၏ SMT project များတွင် ကိုးရီးယားတို့ အကျိုးအမြတ်အရင်ယူမည့် အနေအထားကို တွေ့မြင်နေရပါသည်။

02.png

ထို့ နောက် လက်ရှိ ပြင်ပဈေးကွက် ဖြစ်သော Bittrex, poloniex နှင့် Binance စသည်တို့သော အနောက်နိုင်ငံ ဈေးကွက်တွင် Steem နှင့် SBD တို့အား trading ပြုလုပ်မှု နည်းရသည့် အကြောင်း အရင်း ကို မေးကြည့်သည့်အခါ ၊ လက်ရှိအခြေ အနေတွင် အနောက် နိုင်ငံများ ရှိ cryptocurrency investors များက နာမည်ကြီးသော ငွေဖြစ်လွယ်သော coin များကို သာ ဦးစားပေး ရင်းနှီး မြုပ်နှံကြသဖြင့် Steemit တွင် ရင်းနှီး မြှပ်နှံရန် စိတ်အားမထက်သန်ကြသေးကြောင်း ပြောပြပါသည်။

ထို့အပြင် Steemit Platform မှာ လုပ်ငန်းဆောင်တာ များလှသောကြောင့် တခုခု ပြုလုပ်ရာတွင် အချိန်ယူ ပြင်ဆင်ရသောကြောင့် investors များအား အချိန်မှီချ ပြရန် ကတိ မပေး နိုင်သေးသောကြောင့် investors များက စိတ်မဝင်စားကြသေးခြင်း ဖြစ်ကြောင်းလည်း ရှင်းပြကြပါသည်။ အခြားတဖက်က ကြည့်လျင်လည်း Steemit ပေါ်တွင် လက်ရှိ အသစ်ထွက်လာသော project များမှာ လောက်လောက်လားလား အားရစရာ ဟူ၍ လက်တွေ့ မပြနိုင် ကြသေးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဥပမာ busy.org , utopian.io စသည် တို့ မှာ ဤ Steemit blog ကို သာ အခြားသော Platform မှ ဖွင့်ကြည့် ရခြင်းသာ ဖြစ်၍ ထူးထူးခြားခြား ပြောင်းလည်း သွားသည်တော့ မဟုတ်ပါ။ Dtube ကဲ့သို့ သော videoclip တင်သည့် Platform သာ အနည်းငယ်ထူးခြားသည်ဟု ပြောနိုင်ပါသည်။

ထို့ ကြောင့် လက်ရှိ အနေအထားထိ ပြောရလျင် Steemit Platform မှ ရင်းနှီးမြုပ်နှံသူတို့ အား မက်လောက်စရာကောင်းသော စွဲဆောင်မှု မပြုလုပ်နိုင်သေးသောကြောင့် ရင်းနှီး မြုပ်နှံကြသူများ မျက်စိမကျ သေး၍ Steem နှင့် SBD ဈေးများ ဤအခြေ အနေသို့ ရောက်နေရကြောင်းလည်း သိရပါသည်။

03.jpg

သို့သော် များမကြာမှီ အချိန်တွင် Steemit Platform ၏ SMT project များ တရားဝင် ဝင်ရောက်လာသောအခါ နယ်ပယ်အသီးသီးမှ မတူညီ သော social media များတွင် ရင်းနှီးမြုပ်နှံကြသူတို့ ဝင်ရောက်လာကြပါလိမ့်မည်။ ထို့အပြင် Steemit board အဖွဲ့မှ လည်း တကမ္ဘာလုံးသို့ Steemit Platform အကြောင်း ဖြန့်ဝေ လိုက်လျင် မိမိတို့ မျော်လင့် စောင့်စား နေကြသော အချိန်သည် များစွာ မဝေးတော့ကြောင်း ကို တော့ သိထားစေချင်ပါသည်။

၂၀၁၆ မှ စတင်ခဲ့သော Steemit Platform သည် ၂၀၁၈ တွင် တခုခု ထူးခြားလာမည်ကတော့ သေချာပါသည်။ ဤသည်မှာ Steemit Platform ပေါ်တွင် ဖြစ်ပျက်နေသော အနေအထားအခြေအနေများနှင့် Steemit ပေါ်မှ ဂုရု ကြီးတို့အား စပ်စု ထားသော အကြောင်းအရာတို့ကို MSC members များအား ဗဟုသုတ ရစေရန် အလို့ငှာ ပြန်လည် ဝေမျှရခြင်း ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Steemit Platform နှင့်ပါတ်သက်သမျှ ( Henry Aung ) | Ecency