Steemit Platform နှင့် မြန်မာလူငယ်များ ( Henry Aung )

Words
285
Reading
2 min
Listen
Play
9y

henry.jpg

မင်္ဂလာပါ။ ဤဆောင်းပါးမှာ Steemit Platform ၏ လုပ်ဆောင်မှုကို အသေးစိတ်ရှင်းပြရန်မဟုတ်သော်လည်း လက်ရှိမြန်မာ နိုင်ငံ၏ အခြေအနေနှင့် ပါတ်သက်၍ Steemit Platform ၏ ကောင်းကျိုးကို မိမိသိရှိထားသည့်အတိုင်း မျှဝေလိုရင်း ဖြစ်ပါသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က စင်္ကပူ တွင် taxi ငှား စီးရင်း taxi ကားသမားဖြင့် စကားစမြည်း ပြောဖြစ်ပါသည်။ ထို ကားသမားမှာ စင်္ကပူ နိုင်ငံ၏ မူးယစ်အထူး တပ်ဖွဲ့ မှ အငြိမ်းစားယူထားသူဖြစ်၍ ယခုတော့ အေးအေးဆေးဆေး taxi မောင်းရင်းဖြင့် ဘဝကို အေးချမ်းစွာဖြတ်သန်းနေသူဖြစ်ပါသည်။

သူ့အနေဖြင့် ယခင်တုန်းက ဘိန်းကုန်သည် အယောင်ဆောင်၍ ရွှေတြိဂံဒေသတွင် လှုပ်ရှားခဲ့ပြီး စင်္ကပူ နိုင်ငံသို့ တင်ပို့မည့် မူးယစ်ဆေးဝါးများကို သတင်းရယူပြီး စင်္ကပူသို့ မရောက်မှီ လမ်းခုလတ် ဖြစ်သော ထိုင်းနိုင်ငံ ၊ မလေးရှား နိုင်ငံတို့တွင် ဖြတ်၍ ဖမ်းဆီး နိုင်ရန် လုပ်ဆောင်ပေးခဲ့ရသူဖြစ်ပါသည်။

ဤဆောင်းပါးတွင် သူလှုပ်ရှားခဲ့သော လုပ်ငန်းဆောင်တာများကို ဖေါ်ပြပေးရန် မဟုတ်သော်လည်း သူပြောပြခဲ့သော မြန်မာပြည် အခြေအနေတို့ကို ဝေမျှလိုရင်းဖြစ်ပါသည်။

ဤဆောင်းပါးတွင် နိုင်ငံရေးနှင့်ပါတ်သောအခြေအနေများကို အတတ်နိုင်ဆုံး ချန်လှပ်ထားခဲ့၍ သူပြောပြခဲ့ သော တွက်ချက်ပြခဲ့သော မြန်မာပြည် အခြေအနေများကို စာဖတ်သူများအား ပြန်လည် ဝေမျှပေးချင်၍ ဆောင်းပါးအဖြစ် ပေါ်ပြပေးရခြင်းဖြစ်ပါသည်။

ကျွန်တော့အနေဖြင့် နားထောင်နေရင်းဖြင့်ပင် ဝမ်းနည်းလွန်း၍ မျက်ရည်မကျ ဖြစ်အောင်ထိန်းခဲ့ရပါသည်။ သူပြောပြသည့် အတိုင်းပင်ပြန်လည် ဝေမျှပါမည်။ မြန်မာပြည်၏ တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွား နေရာ ဆယ်စုနှစ် တခုနီပါးကြာလာခဲ့ပြီဖြစ်၍ ယခင်က ၁၀ နှစ်သားရှိနေသော ခလေးများမှာ ယခုအချိန်တွင် အသက် ၂၀ ဝန်းကျင်ခန့်ရှိသော လူပျိုပေါက် အပျိုပေါက်များ ဖြစ်လာကြပါတော့သည်။

စစ်ရှောင် စခန်းများတွင် ပညာကောင်းမွန်စွာ မသင်ကြားခဲ့ရသဖြင့် ပညာမတတ် ၊ ပညာမတတ်သဖြင့် အကျိုးဆက်များကိုတော့ ထွေထွေထူးထူးမဖေါ်ပြတော့ပါ။

လက်ရှိအဖက်ဖက် မှ နိမ့်ကျနေသော မြန်မာ့စီးပွားရေး ၊ စိုက်ပျိုး မွေးမြူရေး ။ မြန်မာ တောင်သူတို့ ကြက်သွန်စိုက်သောအခါ တရုတ်တို့၏ ကြက်သွန်က မြန်မာတို့ စိုက်သော ကြက်သွန်ထက်ပိုပေါနေပါသည်။ မြန်မာတို့ ကြက်မွေးသည်။ ယိုးဒယားတို့ ရောင်းသော ကြက်သားက မြန်မာတို့ထက် ပိုဈေးပေါနေပါသည်။

စက်မှုလက်မှုလုပ်ငန်း များ ။ ထွေထွေထူးထူးပြောရန်မရှိပါ။ ရိုးရာ လုပ်ငန်းများ ခေတ်မှီနည်းပညာ မထည့် နိုင်၍ တဖြည်းဖြည်း တိမ်ကောလာနေကြောင်းကို သူအနေဖြင့် အကျယ်တဝင့်ရှင်းပြပါသည်။

ကျွန်တော့အနေဖြင့် မိမိတို့ နိုင်ငံအခြေအနေကို အခြားနိုင်ငံသားများ ဤမျှလောက်သိနေသည်ကို အံ့သြရသလို သူပြောပြသော မြန်မာပြည် အနာဂါတ်အကြောင်းကို နားထောင်ရ ၍ အလွန်လည်း ရင်လေးမိပါသည်။

ဤယနေ့ အချိန်တွင် တိုင်းရင်းသားများဖြင့် ငြိမ်းချမ်း ရေး ရလျင်ပင် စာရင်းဇယားမရှိ မြုပ်နှံထားကြသော မြေမြုပ်မိုင်များ ၊ မည်သည့် အကျိုးအဆက်မှ မကြည့် ဖျက်စီးထားကြသော သဘာဝ ပတ်ဝန်းကျင်များ ခေတ်အဆက်ဆက် ဖျက်စီးခံထားခဲ့ရသော စိတ်ဓါတ်များ ဖြင့် ရှေ့ဆက်ရမည် ဖြစ်သော ကျွန်တော်တို့ အနာဂါတ်များ အကြောင်း ကို ရှင်းပြသောအခါ ကျွန်တော့အနေဖြင့် taxi စီးနေရသည်ကိုပင်မေ့ နေပါသည်။

ကျွန်တော့ အနေဖြင့် နိုင်ငံရေး သမား တယောက်မဟုတ်သလို နိုင့်ငံ့ခေါင်းဆောင် တယောက် လည်း မဟုတ်သဖြင့် ထိုပြသနာကို မည်သို့ အဖြေရှာရမည်ကို မသိနိုင်ပါ။ ကျွန်တော် တွေးတောနေမိသည်ကတော့ လက်ရှိ မြန်မာလူ ငယ်များ နိုင်ငံတကာနှင့် ရင်ဘောင်းတန်းနိုင်သည်မှာ Steemit Platform တွင်သာ ဖြစ်ပါသည်။

လက်ရှိအချိန်တွင် အခြားနိုင်ငံများ၏ အကူအညီကို ယူနေရသော်လည်း မိမိတို့ ကြိုးစားကြလျင် MSC အနေဖြင့် များမကြာမှီအချိန်တွင် မြန်မာလူငယ်အများအပြားအား တွဲခေါ်နိုင်လိမ့်မည်ယုံကြည်ပါသည်။

Steemit Platform ဖြင့် နိုင်ငံတကာဖြင့် ရင်ဘောင်တန်း နိုင်သည်ဆိုသည်မှာ အခြားသူများ အမြင်တွင် အနည်းငယ် ကြောင်တောင်တောင် နိုင်မည် ဖြစ်သော်လည်း ကျွန်တော့ အမြင်တွင်တော့ မြန်မာလူငယ်များ အခြားနိုင်ငံသားများနည်းတူ ရင်ဘောင်တန်းနိုင်ရန် အကောင်းဆုံ နေရာမှာ Steemit Platform သာရှိသည်ဟုထင်ပါသည်။

ဝင်ငွေရလမ်း အပြင် ဗဟုသုတများ ပါရှိနိုင်သောကြောင့် Steemit Platform သည် မြန်မာလူငယ်များဖြင့် အသင့်တော်ဆုံးသော နေရာတခုဖြစ်ကြောင်း ဝေမျှလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Steemit Platform နှင့် မြန်မာလူငယ်များ ( Henry Aung ) | Ecency