လွမ်းလှပါပြီ ( Henry Aung )

Words
171
Reading
1 min
Listen
Play
6y

111.jpeg

မင်္ဂလာပါ။ Hive platform ပေါ်သို့ မရောက်ဖြစ်သည် မှာ အတော်ကြာသွားပြီ ဖြစ်ပါသည်။ ယခုတလော Covid-19 အနည်းငယ် ငြိမ်သွားပြီ ဖြစ်၍ ပြုဖွယ်ကိစ္စအဝဝတို့အား အလျင်အမြန်ဆောင်ရွက်နေခဲ့ရပါသည်။ အခြားမဟုတ်ပါ။ စီးပွားရေး ကိစ္စများ ဖြစ်ပါသည်။

ဆိုင်ခန်း ဖွင့်မည့် နေရာသို့ အိမ်ထောင် ပစ္စည်းများ ပြောင်း ရွှေ့ရ ၊ ဆိုင်ခန်း ကိစ္စစီမံ လုပ်ဆောင်ရ ၊ ပတ်ဝန်းကျင် နှင့်တစ်သားတည်း ဖြစ်စေရန် ကြိုးစား လုပ်ဆောင်ရ ၊ မိမိပြုလိုသော စီးပွားရေး ကလည်း ဆေးပစ္စည်းများ ဖြစ်သဖြင့် ဌာနဆိုင်ရာများ ဖြင့် စကားပြောရ..... ကိစ္စများမြောင် လူတို့ဘောင်ဟု ဆိုထားသည် မဟုတ်လား ။

အိမ်ထောင်ဦးစီးဟူသော အမည် နာမ၏ နောက်ကွယ်တွင်ကာ ကြီးစွာသော တာဝန်ဝတ္တရား တို့ရှိသည်မှာ အိမ်ထောင်ပြုပြီးသူများသာ သိကြပါလိမ့်မည်။ ယခင်က မိမိစိတ်ကြိုက်သွားလာ လှုပ်ရှား ခဲ့ရသော လူပျို ဘဝကာ အိမ်မက်ဘဝသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကာ သမုဒ္ဒရာ ဝမ်းတထွာ ဆိုသည့် အတိုင်း ယခု တော့ ဝမ်း နှစ်ထွာအား တာဝန် ယူနေရပြီ ဖြစ်ပါသည်။

နောက်ထပ် သမုဒ္ဒရာ များ မည်မျှ တိုးပွားလာအုံးမည် မသိသေးပါ။ ရှိစေတော့။ Hive platform ပေါ်မှ မိတ်ဆွေတို့ဖြင့် အဆက်မပြတ်နိုင်ရကာ ရသည့် အချိန်လေးတွင် Post တင်ရခြင်း ကြောင့် အကြောင်းအရာများ ဟိုရောက် သည် ရောက် ဖြစ်သွားလျင် တောင်းပန်ပါသည်။

ယခု အချိန်တွင်တော့ ပြုဖွယ်ကိစ္စများ များလွန်းလှသောကြောင့် မလုပ်ချင်လျင်သာ ရှိမည် တကယ်လုပ်လျင် တခုနှင့် တခု အဆက်မပြတ်နိုင် ဖြစ်နေပါတော့သည်။ ယခင်ကဲ့သို့ Google မခေါက်အား ၊ YouTube မဖွင့်အားတော့ပါ။ သို့သော် ကျွန်တော့ စီးပွားရေးလုပ်ငန်း များ ကိစ္စပြီးသွားလျင်တော့ Hive platform ပေါ်သို့ နေ့စဉ် အရောက်ပြန်လာခဲ့ပါမည်။

အခြားသော စီးပွားရေးများ မည်မျှလုပ်စေကာမူ Hive platform သည် ကျွန်တော်၏ နေ့စဉ်ဘဝအား နေရာယူလျက်ရှိနေပြီ ဖြစ်ပါသည်။ ပြင်ပစီးပွားရေးလုပ်ငန်း များ အကြောင်းလည်း မျှဝေရန် စိတ်ကူးရှိပါသည်။ သို့သော် လက်ရှိ အချိန်တွင်တော့ စိတ်သွားတိုင်း ကိုယ်မပါ နိုင်သသည့်အတွက် ရေးသားရန် မဖြစ်နိုင်သေးပါ။

လူပျို လူလွတ် များ ဖြစ်ကြသော ကိုဒွန် ၊ ဒိုမီလေး ၊ ဦးထွေးတို့ အား အားကျပါဘိတောင်း။ အချိန်ရသည်နှင့် Hive platform ပေါ်သို့ အရောက်လာခဲ့ပါမည်။

Henry Aung (Kachin)

လွမ်းလှပါပြီ ( Henry Aung ) | Ecency