မင်္ဂလာပါ။ ယနေ့ကတော့ ဘာရယ်မဟုတ် Hive platform အကြောင်း လှန်လှော်ကြည့်မိပါသည်။ Splinterland ကြောင့် Hive အတွင်းရှိ Game များ လူသိများလာသည်ဟု ထင်မိပါသည်။ ထို့ကြောင့် Hive အတွင်းရှိ project များ အားရှာဖွေကြည့်မိရာ Game အသစ် အတော်များများ နှင့် Dapp အတော်များများအားတွေ့မိပါသည်။
ထို့ ကြောင့် Hive platform အနေဖြင့် ဘယ်ဆိုးလို့လည်းဟူ၍ ပြောရမလိုပင် ဖြစ်ပါသည်။ အမှန်ဆိုရလျင် Blockchain game များ မိုးဦးကျ မှိုပေါက် သလို အပြိုင် အဆိုင် ထွက်ပေါ်လာနေကြသည်ဖြစ်ရာ Blockchain game တခု ပေါက်မြောက် အောင်မြင်သွားရန် အလွန်ပင် ခက်ခဲလွန်းလှပါသည်။
ကျွန်တော်သိသလောက် Ethereum / Binance/ Tron အစရှိသော Blockchain များမှ Gaming project များ ရာနှင့် ချီ၍ထွက်နေကြသည် ဖြစ်ရာ Hive ကဲ့သို့သော အမေ့ခံ Blockchain မှ Gaming project တခုအောင်မြင်လာသည် ဆိုခြင်းမှာ အခြားသော Blockchain မှ အတော်ပင် မနာလိုစရာ ကောင်းနေပြီ ဖြစ်ပါသည်။
Hive platform အနေဖြင့်လည်း Gaming project များ အတွက် တခုကောင်းနေသည်မှာ မိမိတို့ Game အကြောင်းများအား Hive blog Social Media တွင် အချိန်နှင့် အညီ ရေးတင်နိုင်ခြင်း နှင့် မိမိတို့ Community များအား အသိပေးလိုသော အကြောင်းအရာများအား Post ရေးတင်နိုင်ခြင်းသည် အာသာချက်တခုပင်ဖြစ်ပါသည်။
အခြားတဖက်ကကြည့်လျင်လည်း Hive platform တွင် လူအင်အား Community အင်အား အတော်အသင့် အားကောင်းနေသော အနေအထားဖြစ်ရာ အခြားသော Project များ ဝင်ရောက်လာစေရန် အတွက် မျက်စိကျစေသော အနေအထားပင်ဖြစ်ပါသည်။
ကျွန်တော့ အနေဖြင့် Game ကစားသူတယောက် မဟုတ်သည့်တိုင်း Gaming project များ၏ update လုပ်နေကြပုံကိုကြည့်ခြင်းအားဖြင့် Project တိုင်း သည် မိမိတို့ Project များအောင်မြင်လာစေရန် နေ့စဉ်နှင့်အမျှ ကြံစည်ကြိုးစားနေဲသည်ကို တွေ့နိုင်ပါသည်။
Dcity / Starbits/ Ceyprobrewer / Pizza အစရှိသော Project များသည် updat ပုံမှန်တင်နေသော Project များဖြစ်ပါသည်။ ဤသည်မှာ Gaming project များသာ ဖြစ်၍ အခြားသော Social Media ဖြစ်သော CCC / Neoxian / စသည်တို့သည်လည်း Update များ တက်နေကြသည်ကို တွေ့ရပါသည်။
Hive platform အား အခြေခံထားသော အခြား Project ပေါင်းများစွာရှိနေသေးသော်လည်း လူသိများလာသည့် အဆင့်သို့ မရောက်သေးပါ။ ထို Project များ၏ token များသည်လည်း ဈေးပေါပေါနှင့် ရနိုင်သေးသည်ဖြစ်ရာ ပိုက်ဆံရှိထားလျင်တော့ သိမ်းကြုံးဝယ်လိုက်မည်ဟု စိတ်ကူးမိပါသည်။
သို့သော်လည်း ကျွန်တော်တို့က ငါးကြင်းဆီဖြင့် ငါးကြင်းကြော်ရသည်ကိုသာ ပိုနှစ်သက်သဖြင့် Hive မှရလာသော Reward များဖြင့် မိမိလိုချင်သော Project token များအား နည်းနည်းချင်းစုသွားရုံသာ တတ်နိုင်ပါလိမ့်မည်။
မည်သို့ပင်ဆိုစေ Hive platform သည် အသုံးပြုသူများ စိတ်ဝင်စားခြင်းမရှိ သေနေသော Platform မဟုတ်သည်ကတော့သေချာပါသည်။ တနှစ်ကျော် အရွယ်တွင် ဤမျှခရီးရောက်လျင် နှောင် ၄ / ၅ နှစ်တွင် အတော်လေး အရှိအဟုန်ပြင်းပြင်းဖြင့် ဆက်လက်သွားနေမည်ဟု ယုံကြည်မိပါသည်။
မိမိတို့အနေဖြင့် Hive platform တွင်အမှီပြုရင်း လက်လှမ်းမီသော အခွင့်အရေးများအား ဆုပ်ကိုင်နိုင်ရန် ကြိုးစားဖို့သာလိုပါလိမ့်မည်။ Hive platform အား မြန်မာပြည်မှ သိရှိသူ အယောက် ၁၀၀ မပြည့်သေးပါ။ မိမိတို့သည် ဤ Platform အား ဦးစွာရောက်နေသူများ ဖြစ်သလို အခွင့်အရေးများအားလည်း ဦးစွာရကြသူများ ဖြစ်ပါသည်။
တခုသတိထားရမည်မှာ အခွင့်အရေးသည် မိမိတံခါးအား နှစ်ခါလာမခေါက် ဟူသော အသိဝင်ထားရန်လိုပါသည်။ မသိသူတို့ ကျော်သွားကြသော်လည်း သိသူတို့ ဖေါ်စားကြပါလိမ့်မည်။ သိလည်းသိ သည် မဖေါ်စား ဖြစ်ပါဆိုလျင်တော့ " တပြည့်တော်လည်း မလျှောက်တတ်တော့ပါဘူးဘုရာ့ " ဟုဆိုရုံသာရှိပါတော့သည်။
Henry Aung ( Kachin )
30/07/2021 - Friday - 18;49 Pm