Hive Platform နှင့် လှေကားထစ်များ ( Henry Aung )

Words
278
Reading
2 min
Listen
Play
5y

111.jpeg

မင်္ဂလာပါ။ ဤ စာမရေးမှီ cryptocurrency သတင်းများ တီးခေါက်ကြည့် လိုက်ရာ လွန်ခဲ့သော ၁ နာရီခန့်က Cointelegraph တွင် တင်ထားသော သတင်းတပုဒ်အား စိတ်ဝင်စားမိပါသည်။ အခြားမဟုတ်ပါ Binance Pakistan အား ပါကစ်စတန် အစိုးရက မီလီယံ ဒေါ်လာနှင့်ချီသော Cryptocurrency scam အတွက် စစ်ဆေးနေသည့် အကြောင်းဖြစ်ပါသည်။

ဤ တရုတ်လူမျိုး Changpeng Zhao ပိုင် Binance သည် ရောက်လေရာ အရပ်တွင် တရားစွဲ ခံနေရပြီး စင်္ကပူ ကဲ့သို့သော တိုင်း ပြည်ကတော့ Binance အား လုံးဝပိတ်သိမ်း လိုက်ပါသည်။ကျွန်တော့ အနေဖြင့် ဤ Binance နှင့် ပတ်သက်သော ကြောင်း အရာအား လွန်ခဲ့သော ဒီဇင်ဘာလတွင် ရေးသားခဲ့ဘူးပါသည်။ စိတ်ဝင်စားသူတို့ ရှာဖတ်ကြပါကုန်။

ယခုကတော့ Hive အကြောင်းဘက်လှည့်လိုက်ကြပါအုံးစို့။ ကျွန်တော့အနေဖြင့် ၂၀၂၂ တွင်တော့ Hive Engine Layer 2 token များ ထပ်မံ စုခြင်း မလုပ်တော့ပဲ Hive Power အားသာ အဓိက တိုးပွားလာအောင် ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားပါသည်။

ဆိုလိုသည်မှာ Hive Engine မှ ရသော Reward များအား Hive Power ပြောင်းပစ်ရန် ဖြစ်ပါသည်။ ယခင်ကတော့ HBD အား Saving တွင် စုထားပြီး အတိုးရသည်ဟု ပျော်မိသော်လည်း သေချာတွက်ကြည့်လျင် ရလာသည့် HBD အား Hive Power ပြောင်းကာ Reward ရယူသည်က ပို၍ ပင် အဆင်ပြေနေပါသေးသည်။

၂၀၂၁ ကတော့ Hive Engine token များ ဝယ်စုနေခဲ့သည်ဖြစ်ရာ Hive Power အား သိပ်သတိမထား မိခဲ့ပါ။ ဆိုတော့ ယခု၂၀၂၂ တွင်တော့ Hive Power အား သေချာပြန်စုမှ ဖြစ်တော့မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်က သူများလို ဂိမ်းကစား နိုင်သူမဟုတ် ရကာ မြန်စာစာ ဖြင့် စာရေးခြင်းကိုသာ အားထားနေသူဖြစ်ပါသည်။

ဆိုတော့ Hive Power က ကျွန်တော့ အတွက်သာ မဟုတ် မိတ်ဆွေများအား Vote ပေးရန် အတွက်လည်း အရေးပါပါသည်။ Hive Engine token များ ဝယ်မစုတော့ ဆိုသော်လည်း SIM token အားတော့ SIM 1 million အထိ စုရန် ရည်ရွယ်ထားပါသည်။

အခြားသော Hive Engine token များ ၏ reward မှာ မသိသာသော်လည်း SIM holding reward မှာ မက်လောက်စရာ ရှိသော ကြောင့် ဖြစ်သည့်အပြင် လက်ရှိ SIM ဈေးနှုန်းမှာ ယနေ့ Hive ဈေးဖြင့် တွက်လျင် မြန်မာငွေ ၂ ကျပ်ခန့်သာ ရှိပါသေးသည်။

Hive ဈေးနှုန်းသည်လည် အကျဘက်တွင် ရှိနေပါသည်။ သို့သော် လည်းမတရားကြီး ထိုးဆင်းသွားသည်မျိုးမဟုတ်ပါ။ တက်လိုက် ကျလိုက်ဖြင့် တဖြည်းဖြည်း ကျဆင်းနေခြင်း ဖြစ်ပါသည်။ Cryptocurrency တို့၏ သဘောသဘာဝအတိုင်း တက်ပြီးလျင် ကျမည် ထို့ နောက် တဖန်ပြန်၍ တက်လာမည်။

ကျွန်တော်တို့ စောင့်ကြည့် စရာ ရှိသည်မှာ SPK Network နှင့် Ragnarok Game တို့ ထွက်လာလျင် မည်မျှ လောက် ရိုက်ခတ်သွားမည် ဆိုသည့် အရှိန်ဖြစ်ပါသည်။ Hive Platform ကလည်း သူ့အလုပ်သူလုပ်နေပါသည်။ ကျွန်တော်တို့ကလည်း မိမိအလုပ် မိမိလုပ်နေရန်သာ လိုပါသည်။

လာမည့် ဖေဖော်ဝါရီလတွင် Hive Platform သည် ၂ နှစ်သား ပြည့်တော့မည် ဖြစ်ပါသည်။ ကျွန်တော့ အထင် ၂၀၂၂ နှစ်အကုန် တွင် Hive သည် 5$ အထက်တွင် ရှိနေလိမ့်မည်ဟု ထင်ပါသည်။ ( ကျွန်တော့ အထင်သာ ဖြစ်ပါသည်။ )

Henry Aung ( Kachin )

09/01/2022 - Sunday - 18;11 Pm

Hive Platform နှင့် လှေကားထစ်များ ( Henry Aung ) | Ecency