Coin / Token များနှင့်ကမ္ဘာ ( Henry Aung )

Words
348
Reading
2 min
Listen
Play
5y

111.jpeg

မင်္ဂလာပါ။ Cryptocurrency အကြောင်း ရေးသားရသည်သာ အားသန်သည်မို့ cryptocurrency အကြောင်းသာ ရေးသားရပါအုံးမည်။ ၂၀၂၀ တွင် Cryptocurrency လောကသည် De-Fi များဖြင့် ရေပန်းစားလာသည်ဆိုလျင် ၂၀၂၁ သည် NFT ( Non Fungible Token) များတခေတ်ဆန်းလာသည့် အချိန်ဟု ဆိုရမလောက်ပင် ဖြစ်ပါသည်။

Cryptocurrency Exchange site များ / Blockchain များမှ ထွက်လာလိုက်သည့် NFT များ မိုးဦးကျ တွင် ထွက်လာသော ဖားများကဲ့သို့သာ ။ လိုက်လို့ပင် မမှီတော့။ BNB / Tron / Eth / Hive စသည်တို့ အပါအဝင် အခြား ကျွန်တော်မသိသေးသောရBlockchain များမှလည်း အစီအရီ ထွက်လာလိုက်သော NFT များ မှာ ရိုက်သတ်၍ ပင် မကုန်ပါ။

NFT ဆိုသည်မှာ ပြင်ပ ဈေးကွက်တွင် ရောင်းဝယ်ခြင်းမပြုနိုင်ပဲ မိခင် Token ဖြင့်သာ ဝယ်ရောင်း ပြုလုပ်ရသော Token များ ဖြစ်ပါသည်။ ဤ သို့ဆိုလျင် NFT သည် အဖိုးမတန်သည် မဟုတ်ပါ။ မိခင် Token ဈေးကောင်းလာသည့် အလျောက် မိမိ ပိုင်ဆိုင်ထားသော NFT များသည် လည်း ဈေးကောင်းလာသည်သာ ဖြစ်ပါသည်။

Hive Blockchain တခုတည်းကပင်ထွက်သော NFT များမှာ လိုက်၍ မကုန်နိုင်အောင်ပင်ဖြစ်ပါသည်။ NFT များကလည်း အထင်သေး၍ မရ တခါတရံ မိခင် Token ထက်ပင် ဈေးကောင်းသွားတတ်ပါသည်။ Leo token ကသက်သေဖြစ်ပါသည်။

ထို့ကြောင့် ယခင်က Bitcoin / Eth / BNB တ်ု့အား မမှီ လိုက်သူတို့က NFT အများအပြား ပိုင်ဆိုင်ကာ ချမ်းသာကြရန်ကြိုးစားလာကြသည်ကိုတွေ့ရပါသည်။ Torum အတွင်းရှိ Clans ထဲတွင် ဝင်ကြည့်လိုက်ပါ။ NFT airdrop ပေးကာ ကြေညာထားကြသည့် Project များမှာ ကြည့်၍ပင်မကုန်ပါ။ Airdrop သီးသန့်လိုက်သူတို့ အတွက်တော့ ငွေတွင်းကြီးပမာ။

သို့သော် Project တိုင်း အောင်မြင်သည်တော့ မဟုတ်ပါ။ Project တိုင်းမအောင်မြင်လျင်သာရှိပါမည် ။ ကြေညာထားကြ မက်လုံးပေးထားကြသည်ကတော့ Bitcoin နီးပါး အောင်မြင်လာတော့ မယောင်ယောင်ချည်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့ကလည်း Steemit မှ စလိုက်သည့် Cryptocurrency ဆိုသည်မှာ လိုက်၍ မဆုံးတော့။

Hunt ဆို လည်း Hunt လိုက် PAL ဆိုလည်း PAL လိုက်သည်သာ။ Leo ဆိုလည်း ရှိသမျှလေးဖြင့် ပြေးဝယ်ထားလိုက်။ CCC တဲ့ဟေ့ ဆိုလည်း tag လေးကပြေးတွဲလိုက်ရမှ။ Hive တခုတည်းတွင် တောင်ပြေးလိုက် မြောက်ပြေးလိုက်။ ယခုတဖန် လာပါလေအုံးမည်။ Torum ဆိုသည့် Platform ။

သူများထက် နောက်မကျစေရန် အပြေးအလွှား လိုက်နေကြရပြန်ပြီ။ သို့သော် ဤသို့ ပြေးလွှားနေရသည်ကို မည်သူမျှ မောပန်းသည်ဟု မထင်ပါ။ ပျော်ပျော်ကြီးပင် ခုန်ဆင်းပြေးလွှားနေကြပါသည်။ အဘယ်ကြောင့် ဆိုသော် Free ဟူသော စာလုံးလေးကြောင့် ဖြစ်ပါသည်။

Token များစုထား၍ Wallet တန်ဖိုးတက်လာသည်ကို ကြည့်နေရသည်က ပျော်စရာတမျိုးပင် ဖြစ်၍ နေပါတော့သည်။ Torum platform လွှင်တင်လိုက်လျင် မည်မျှပင် ဂယက်ထအုံးမည်မသိ။ Xtorum Exchange site ထွက်မလာသေး၍သာ။ Torum မှ ထွက်လာရန်ပြင်နေသေNFT များကလည်း ဟန်ရေးတပြင်ပြင်ဖြင့် စောင့်နေကြသည်ကိုတွေ့မြင်နေရသည်က ရင်ခုန်စရာ။ အခြားသူများအတွက်တော့မသိ။ ကျွန်တော့အတွက်တော့ Cryptocurrency အကြောင်း ရေးရန် ကုန်ကြမ်းများက မကုန်နိုင် အောင်ပင် ဖြစ်နေပါတော့သည်။

မည်သို့ပင်ဆိုစေ မိခင် Token / ဖြစ်ဖြစ် NFT ပဲဖြစ်ဖြစ် မြန်မာငွေ တကျပ်တန်သော token ဖြစ်ဖြစ် အဖိုးတန်နေသရွေ့တော့ စုဆောင်းနေရအုံးမည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် Steemit / Hive ရထားများအား လက်မှတ်မဲ့ အခမဲ့ စီးနှင်း၍ ခရီးတခု ရောက်ခဲ့ပြီး ဖြစ်ပါသည်။

ယခု နောက်ရထား တစီးအား လက်မှတ်မဲ့ စီးနှင်း နေပြီ ဖြစ်သလို ထို ရထားက မည်သည့် နေရာတွင် ဆိုက်ကပ်မည် မည်သည့် နေရာတွင် ရပ်နားမည် မသိသေးပါ။ လက်မှတ်မဲ့ အလကား စီးနှင်းရခြင်း ဖြစ်၍ မိမိ ကျန်နေခဲ့ခြင်း မဖြစ်စေရန် ဝရိယထားရမည် ဖြစ်ပါသည်။

ကျွန်တော်တို့လည်း Blockchain ရထားများအားစီးရင်း Coin / token များရှိရာ ကမ္ဘာသို့ အရောက်သွားနေသည်ကတော့သေချာပါသည်။ ခေတ်စကားနှင့် ပြောရလျင် Blockchain ကို မသိတာ နင့် အပြစ်မဟုတ်ဘူး Blockchain သိရဲ့သားနဲ့ free token မရှိထားတာကတော့ နင့်အပြစ်ဖြစ်သွားပြီ ဟုသာ ဆိုရတော့မည် ဖြစ်ပါသည်။

လူလည်း coin / token များအား လိုက်ရှာရင်း တဖြည်းဖြည်း token ရုပ်ပေါက်လာနေပြီ ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ကျွန်တော့အတွက်တော့ Coin/ token များမရှိသော ကမ္ဘာသည် အလွန်ပျင်း စရာကောင်းမည်ကတော့သေချာပါသည်။

Henry Aung ( Kachin )

06/06/2021 - Sunday - 10;18 Am