APPICS Bounty Program ( Henry Aung )

Words
298
Reading
2 min
7y
Listen to this post
~2 min

henry Aung.jpg

မင်္ဂလာပါ။ ဤ Steemit Platform ပေါ်တွင် တနှစ်နီးပါးမျှ ကျင်လည် လာခဲ့သူအဖို့ တော့ APPICS ဟူသော အမည် ဖြင့် စိမ်းမည် မဟုတ်ပါ။ Steemit Platform ၏ ပထမဦးဆုံးသော SMTs ဖြစ်သည့် APPICS သည် စတင် အသက်ဝင်လာနေပြီ ဖြစ်ပါသည်။ ဤ ဆောင်းပါး ကလည်း APPICS ၏ Bounty program တွင် ပါဝင်လို၍ သာ ရေးသားရခြင်း ဖြစ်၍ APPICS platform ၏ လုပ်ငန်း ဆောင်တာများ အကြောင်း လွန်ခဲ့သော ၂ နှစ်က ကျွန်တော် ဆောင်းပါး ရေးသားခဲ့ပြီး ဖြစ်ပါသည်။ APPICS ၏ လုပ်ငန်းဆောင်တာများအား သိလိုလျင် အောက်ပါလင့် တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

APPICS အကြောင်းသိကောင်းစရာ

ယခု တင်ပြပေးမည်မှာ APPICS bounty program အကြောင်း ဖြစ်ပါသည်။ ပထမဦးစွာ အောက်တွင် ဖေါ်ပြထားသော link တွင် ဝင်ရောက်၍ APPICS wallet အား မိမိ Steem အကောင့်ဖြင့် ချိတ်ဆက်လိုက်ပါ။ ထို့ နောက် ပုံတွင် ပြထားသည့် အတိုင်း မိမိ ၏ Facebook အကောင့် Tweeter အကောင့် နှင့် steemit account တို့ ဖြင့် ချိတ်ဆက်ရန် လိုအပ်ပါသည်။

Appics.com

Facebook နှင့် Tweeter တို့ နှင့် ချိတ်ဆက်ရန် ညာဘက်ထောင့်တွင် ပြထားသော appics official page အား မိမိ Facebook နှင့် tweeter တို့တွင် share ပေးရန်သာ လိုအပ်သော် လည်း steemit နှင့် ချိတ်ဆက်ရာတွင် phenom@phenom အကောင့်သို့ Steem. သို့ SBD အား ပေးထားသော memo နှင့်တကွ ပေးပို့ရန် လိုအပ်ပါသည်။

Steem မည် မျှ SBD မည်မျှ ပေးပို့ရမည်ဟု သတ်မှတ်ချက် မရှိပါ။ ဤ အဆင့်ပြီးသွားလျင် bounty program တွင် ပါဝင်နိုင်ပါပြီ။ Facebook နှင့် tweeter bounty program တွင် သူလုပ်ခိုင်းသည့် အတိုင်း လိုက်လုပ်ပြီးပါက claim လိုက်ရုံသာ။ Airdrop များ ရယူနေကြသူများ အဖို့ ထွေထွေထူးထူး ပြသနာမရှိပါ။ steemit bounty program တွင်တော့ Appics အကြောင်း ဆောင်းပါး ရေးသား၍ ထိုဆောင်းပါး ၏ လင့် ထည့်သွင်း ပေးရန် လိုအပ်ပါသည်။

01.png
02.png
0003.png

APPICS အနေဖြင့် social media platform ဖြစ်သော ကြောင့် လက်ရှိ ရှိနှင့် ပြီးသော social media platform များအား အသုံး ပြု၍ ဖောက်ထွက်ရန် တာစူ နေခြင်း ဖြစ်ပါသည်။ လောလော ဆယ် အနေဖြင့် ကျွန်တော်တို့ လုပ်နိုင်သည်မှာ ပေးသမျှသော token များအား အတတ်နိုင်ဆုံး ယူထား ကြရန်သာ ဖြစ်ပါသည်။ APX token ဈေးကောင်းလာလျင် အမြတ်ရမည် ။ ဈေးမကောင်းလျင်လည်း အရင်းရပါသည်။ အရှုံးမရှိပါ။

လက်ရှိ steemit ပေါ်မှ အကျိုး အမြတ်ရယူနေသူတို့သည် နည်းသည်နှင့် များသည် သာကွာပါသည်။ ယူတတ်သူတို့ ယူ နေကြ၍ APPICS အကြောင်း မသိသူတို့က လက်ပိုက်ကြည့်နေကြပါလိမ့်မည်။ လက်ရှိအချိန်တွင် ကျွန်တော်တို့က APX token လိုချင်၍ Facebook တွင် APPICS အကြောင်း ရှယ်လိုက်သော်လည်း အကယ်၍ သင်၏ သူငယ်ချင်း တယောက်ယောက်က APPICS ဟူသည်မှာ ဘာလဲ ဟူ၍ မေးလာလျင် အဘယ်သို့ ဖြေမည်နည်း။

steemit မှစ၍ တစစ ထွက်ပေါ်လာနေကြသော token များအကြောင်း တထောင့်တည ပုံပြင်များ ပြောပြရပေလိမ့်မည်။ ဤ အချိန်တွင် ထို ပုံပြင်များ စိတ်ရှည် လက်ရှည် ပြောပြလိုသူ ဘယ်နှစ်ယောက်များ ရှိနေနိုင်ပါသနည်း။ ဘာပဲ ဖြစ်ဖြစ် steemit မှ နောက်ထပ်ထွက်ပေါ်လာမည် ဖြစ်သော APPICS ၏ APX token များအား ရသလောက်ယူထားကြပါစို့။

မန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

APPICS Bounty Program ( Henry Aung ) | Ecency