စာေရးဆရာမဟုတ္ေသာ စာေရးသူဘဝ................

Words
302
Reading
2 min
Listen
Play
9y

Notepad20-14-31-.jpg

တစ္လမွာ ၁၂ ပိုစ့္ တစ္ပတ္မွာ ၃ ပိုစ့္၊၃ ပိုစ့္ရဲ႕အစ ပထမ
ေန႕ ပရိုမိုးရွင္း၏ ဒုတိယေန႕ေရာက္လာျပန္ေတာ့ ေခါင္းထဲဝယ္အလိုလိုပင္မီးေတာက္လာခဲ့ျပန္ေလသည္။က်ဴ တိုရီရယ္ေတြတင္မည္ဟုစိတ္ကူးရမိျပန္ေတာ့လည္း မိမိတင္
မည့္က်ဴ တိုေတြသည္ မိမိသိတာထက္ပင္ စာဖတ္သူတို႔
ပို၍သိႏွင့္ေနၾကၿပီးျဖစ္မည္ဟု မွန္းဆမိသည္ေၾကာင့္
မည္သည္ကိုျပဳ လုပ္ရန္အတြက္အႀကံအိုက္ေနျပန္သည္။
မိမိသည္စာေရးဆရာတစ္ေယာက္ မဟုတ္သကဲ့သို႔ စာ
ေရးဆရာမ်ားေတြးေခၚေရးသားသလိုလည္း မျပဳလုပ္နိုင္
ေပ။မိမိေနထိုင္ရာပတ္ဝန္းက်င္ဝယ္ မိမိႀကဳံေတြ႕ခဲ့ရသ
မွ်သည္ ဝတၳဳမေျပာႏွင့္ ပုံတိုပတ္စေျပာဖို႔ရန္ပင္မလုံ
ေလာက္ပါေခ်။သို႔ရာတြင္မိမိဖတ္ဖူးခဲ့ေသာ စာေရးဆရာ
မ်ား၏စကားလုံးေလးမ်ားကို မွတ္စုထုတ္၍သိမ္းထားခဲ့
သည္မွာ ႏွစ္အေတာ္အတန္ၾကာခဲ့ေလၿပီ။ထိုသို႔စာအုပ္
ကေလးမ်ားကိုလွန္ေလွာၾကည့္မိလိုက္စဥ္ဝယ္ ျပင္သစ္
စစ္ဗိုလ္ခ်ဳပ္ ( နပိုလီယံ ) ဟု မွတ္စုထုတ္ေရးသားခဲ့သည့္
စာသားေလးကို ဤကဲ့သို႔ေတြ႕လိုက္ရေလသည္။

20-18-50-MTE5NDg0MDU1MDgzMDU4NzAz.jpg

"The word imposible connot be found in my decti-
onary." သူ႕ရဲ႕အဘိဓာန္ထဲမွာမျဖစ္နိုင္တဲ့စကားဆိုတာ
မရွိပါဘူး " တဲ့။ ရွာလို႔လည္းမေတြ႕နိုင္ဘူးဆိုပီး သူေျပာ
ခဲ့တဲ့ စကား၊ မွတ္စုေလးကိုဖတ္လိုက္ရေတာ့ မိမိအေန
ျဖင့္အားပင္တက္ရမလိုလိုသူေျပာတာႏွင့္ဆန႔္က်င္ဘက္
ျပင္ေရးရမလိုလိုပင္ ရွိေနေခ်ေတာ့သည္။မိမိမွာကားလူ
ေပ်ာ့လူညံ့ဟု ဆိုပါကလည္းဆိုပါေစေတာ့။အဘယ့္
ေၾကာင့္ဟူမူကား " လူ႕ဘဝတြင္မာေသာသူအတြက္သာ
လွ်င္ေနရာရွိ၏၊ေပ်ာ့ေသာသူအတြက္ေနရာမရွိပါေခ်။
မ်က္ျမင္တြင္သံခြၽန္ကိုသစ္သား၌ ဒိုင္းကနဲ ရိုက္ထည့္
ၾကည့္လိုက္စမ္းပါ။မာတဲ့သံခြၽန္အတြက္ ေပ်ာ့ေသာသစ္
သားသည္ေနရာဖယ္ေပးရေပလိမ့္မည္။သို႔ေသာ္ ထိုသံ
ခြၽန္ကိုပင္ ေက်ာက္တုံးေပၚ၌ ရိုက္သြင္းလိုက္ေသာ္ သံ
ခြၽန္သည္ ေထာင္းကနဲ ေကြးသြားရလိမ့္မည္။"ထို႔္ေၾကာင့္
မာရင္ေနရာယူပါ ေပ်ာ့သည္ဆိုပါကေနရာမွဖယ္ေပးပါ
ဟုေျပာလာမည္ဆိုလွ်င္ ကနဦး မိမိေျပာခဲ့သည့္အတိုင္း
ေျပာရပါလိမ့္မည္။ေလာကပင္လယ္သမုဒၵရာအတြင္း
ဝယ္ မိမိသည္ငါးခုံးမကေလး တစ္ေကာင္မွ်သာ ျဖစ္သည္

20-15-22-a+drop+of+the+water.jpg

ဆရာႀကီး ျမသန္​းတင္​့၏ ေရပြက္ပမာ တစ္သက္လွ်ာမွ်
စားဝတ္ေနေရး အႏၲရာယ္ေဘးေတြကေန ကူးခတ္ေျပး
လႊားရင္း ေရေပၚဝယ္ေလအတြက္ ပဟက္ကိုဟကာ အ-
သက္ရႈရင္းျဖင့္ပင္ တစ္ေန႕ၿပီးတစ္ေန႕ ကုန္လြန္ရပါလိမ့္
အုံးမည္။မိမိအဖို႔ အဆိုးဆုံးေန႕ရက္ေတြမွာ သခၤန္းစာေတြ
လည္းရခဲ့ ၿပီးပါၿပီ။ကံမေကာင္းတဲ့ေန႕ရက္ေတြႀကဳံတိုင္း
အေတြ႕ႀကဳံသစ္ေတြယူခဲ့ရပါသည္။လွပတဲ့ေန႕ရက္ေတြ
ေရာက္လာတိုင္းေပ်ာ္႐ႊင္မႈေတြရပါလိမ့္အုံးမည္ဟု ေမွ်ာ္
လင့္ေစာင့္စားရင္းႏွင့္ ရႈံးနိမ့္မႈဆိုတာ တစ္ကယ္ေတာ့
ယာယီအတားဆီးေတြပါ ဟုသာ ေျဖသိမ့္ရင္း ေက်နပ္ေန
မိပါေတာ့သည္...........................။

​ဖတ္​႐ႈ႕​ေပးသည္​့အတြက္​​ေက်းဇူးတင္​ပါသည္​။

Zawgyi Version

Original Writer By July Brave

MyLogoArt20170826160927.png

Write Ending - 2:20 PM

Post By Mon-Sep-18-17

Image By Google

×××××××××××××+++++++++××××××××××××××

စာရေးဆရာမဟုတ်သော စာရေးသူဘဝ................

20-14-09-images+-+Copy.jpg

တစ်လမှာ ၁၂ ပိုစ့် တစ်ပတ်မှာ ၃ ပိုစ့်၊၃ ပိုစ့်ရဲ့အစ ပထမ
နေ့ ပရိုမိုးရှင်း၏ ဒုတိယနေ့ရောက်လာပြန်တော့ ခေါင်းထဲဝယ်အလိုလိုပင်မီးတောက်လာခဲ့ပြန်လေသည်။ကျူ တိုရီရယ်တွေတင်မည်ဟုစိတ်ကူးရမိပြန်တော့လည်း မိမိတင်
မည့်ကျူ တိုတွေသည် မိမိသိတာထက်ပင် စာဖတ်သူတို့
ပို၍သိနှင့်နေကြပြီးဖြစ်မည်ဟု မှန်းဆမိသည်ကြောင့်
မည်သည်ကိုပြု လုပ်ရန်အတွက်အကြံအိုက်နေပြန်သည်။
မိမိသည်စာရေးဆရာတစ်ယောက် မဟုတ်သကဲ့သို့ စာ
ရေးဆရာများတွေးခေါ်ရေးသားသလိုလည်း မပြုလုပ်နိုင်
ပေ။မိမိနေထိုင်ရာပတ်ဝန်းကျင်ဝယ် မိမိကြုံတွေ့ခဲ့ရသ
မျှသည် ဝတ္ထုမပြောနှင့် ပုံတိုပတ်စပြောဖို့ရန်ပင်မလုံ
လောက်ပါချေ။သို့ရာတွင်မိမိဖတ်ဖူးခဲ့သော စာရေးဆရာ
များ၏စကားလုံးလေးများကို မှတ်စုထုတ်၍သိမ်းထားခဲ့
သည်မှာ နှစ်အတော်အတန်ကြာခဲ့လေပြီ။ထိုသို့စာအုပ်
ကလေးများကိုလှန်လှောကြည့်မိလိုက်စဉ်ဝယ် ပြင်သစ်
စစ်ဗိုလ်ချုပ် ( နပိုလီယံ ) ဟု မှတ်စုထုတ်ရေးသားခဲ့သည့်
စာသားလေးကို ဤကဲ့သို့တွေ့လိုက်ရလေသည်။

20-19-20-bayerische-landesausstellung-2015-napoleon-ingolstadt-106~_v-img__16__9__l_-1dc0e8f74459dd04c91a0d45af4972b9069f1135.jpg

"The word imposible connot be found in my decti-
onary." သူ့ရဲ့အဘိဓာန်ထဲမှာမဖြစ်နိုင်တဲ့စကားဆိုတာ
မရှိပါဘူး " တဲ့။ ရှာလို့လည်းမတွေ့နိုင်ဘူးဆိုပီး သူပြော
ခဲ့တဲ့ စကား၊ မှတ်စုလေးကိုဖတ်လိုက်ရတော့ မိမိအနေ
ဖြင့်အားပင်တက်ရမလိုလိုသူပြောတာနှင့်ဆန့်ကျင်ဘက်
ပြင်ရေးရမလိုလိုပင် ရှိနေချေတော့သည်။မိမိမှာကားလူ
ပျော့လူညံ့ဟု ဆိုပါကလည်းဆိုပါစေတော့။အဘယ့်
ကြောင့်ဟူမူကား " လူ့ဘဝတွင်မာသောသူအတွက်သာ
လျှင်နေရာရှိ၏၊ပျော့သောသူအတွက်နေရာမရှိပါချေ။
မျက်မြင်တွင်သံချွန်ကိုသစ်သား၌ ဒိုင်းကနဲ ရိုက်ထည့်
ကြည့်လိုက်စမ်းပါ။မာတဲ့သံချွန်အတွက် ပျော့သောသစ်
သားသည်နေရာဖယ်ပေးရပေလိမ့်မည်။သို့သော် ထိုသံ
ချွန်ကိုပင် ကျောက်တုံးပေါ်၌ ရိုက်သွင်းလိုက်သော် သံ
ချွန်သည် ထောင်းကနဲ ကွေးသွားရလိမ့်မည်။"ထို့်ကြောင့်
မာရင်နေရာယူပါ ပျော့သည်ဆိုပါကနေရာမှဖယ်ပေးပါ
ဟုပြောလာမည်ဆိုလျှင် ကနဦး မိမိပြောခဲ့သည့်အတိုင်း
ပြောရပါလိမ့်မည်။လောကပင်လယ်သမုဒ္ဒရာအတွင်း
ဝယ် မိမိသည်ငါးခုံးမကလေး တစ်ကောင်မျှသာ ဖြစ်သည်

20-15-43-drops-of-water-ctsy-pixabay-publicdomain.jpg

စာရေးဆရာကြီး မြသန်းတင့်၏ရေပွက်ပမာ တစ်သက်လျှာမျှ
စားဝတ်နေရေး အန္တရာယ်ဘေးတွေကနေ ကူးခတ်ပြေး
လွှားရင်း ရေပေါ်ဝယ်လေအတွက် ပဟက်ကိုဟကာ အ-
သက်ရှုရင်းဖြင့်ပင် တစ်နေ့ပြီးတစ်နေ့ ကုန်လွန်ရပါလိမ့်
အုံးမည်။မိမိအဖို့ အဆိုးဆုံးနေ့ရက်တွေမှာ သင်္ခန်းစာတွေ
လည်းရခဲ့ ပြီးပါပြီ။ကံမကောင်းတဲ့နေ့ရက်တွေကြုံတိုင်း
အတွေ့ကြုံသစ်တွေယူခဲ့ရပါသည်။လှပတဲ့နေ့ရက်တွေ
ရောက်လာတိုင်းပျော်ရွှင်မှုတွေရပါလိမ့်အုံးမည်ဟု မျှော်
လင့်စောင့်စားရင်းနှင့် ရှုံးနိမ့်မှုဆိုတာ တစ်ကယ်တော့
ယာယီအတားဆီးတွေပါ ဟုသာ ဖြေသိမ့်ရင်း ကျေနပ်နေ
မိပါတော့သည်...........................။

ဖတ်ရှု့ပေးသည့်အတွက်ကျေးဇူးတင်ပါသည်။

UNICode Version

Original Writer By July Brave

MyLogoArt20170826160927.png

Write Ending - 2:20 PM

Post By Mon-Sep-18-17

Image By Google

စာေရးဆရာမဟုတ္ေသာ စာေရးသူဘဝ................ | Ecency