Photo Source
This photo is Own by SaSint Via Pixabay
ကျွန်တော်၏ ဦးလေးအကြောင်း ရေးသားရာတွင် ကျွန်တော်ဘဝ၏ အစိတ်အပိုင်းဆိုတာထက် ဦးလေး၏ ဘဝနေထိုင်မှုများကို ဖော်ပြပေးရန်နှင့် ဦးလေး၏ ကျေးဇူးကြီးမားပုံကို ရေးဖွဲ့ချင်သောကြောင့် ဖြစ်ပါသည်။
ကျွန်တော် အပေါ်တွင် ကျွန်တော်မိဘများ၏ ကျေးဇူးမှာ ကြီးမားလှသည်မှာ မှန်ပါသည်။ သို့သော်လည်း ကျွန်တော် အဖိုးအဖွား နှင့် ဦးလေးတို့၏ မေတ္တာတရားမှာလည်း ကျွန်တော်မိဘများနှင့် တန်းတူရှိနေပြန်တယ်။ ထို့ကြောင့် ကျွန်တော်သည် ကံအကောင်းဆုံး လူသားတစ်ယောက်ဖြစ်နေတာပါ။
ကျွန်တော်၏ ကံတရားသည် သူတို့၏ မြေတောင်မြှောက်ပေးမှုကြောင့်သာ ကောင်းမွန်လာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော် လျှောက်ချင်သည့်လမ်းကို ဘယ်တော့မှ မပိတ်ပင်ခဲ့သည့်အပြင် ကျွန်တော်ဖြစ်ချင်သော အရာအတွက် သူတို့၏ဘဝများကို လမ်းခင်းကျောက်များသဖွယ် လမ်းခင်းပေးကြသူများသာဖြစ်ပါသည်။
ဒီမိသားစု၊ ဒီလိုအသိုင်းအဝိုင်းမှာ လူဖြစ်လာခဲ့သော ကျွန်တော်သည် အရာအားလုံးနီးပါး ပြည့်စုံနေပြီဖြစ်ပါသည်။
ကျွန်တော် တက္ကသိုလ်တက်သည့် အချိန်မှာ အပိုဝင်ငွေရရှိရန် အချိန်ပိုင်း စာသင်ကြားသည့် အလုပ်ကို လုပ်ခဲ့ပါသည်။ အများစုသင်ပေးရတာကတော့ ခုနှစ်တန်း၊ ရှစ်တန်း နှင့် ကိုးတန်း ကျောင်းသားများသာဖြစ်ပါတယ်။ နယ်ကနေ မြို့မှာနေပြီး ကျောင်းတက်ကြရသည့် ကျောင်းသားတစ်ယောက်၏ အထွေထွေကုန်ကျစရိတ်မှာ မနည်းလှပါဘူး။ ဒါကြောင့် ကျွန်တော်သည်လည်း တစ်ဖက်တစ်လမ်းကနေ ငွေရှာရခြင်း ဖြစ်ပါသည်။
ကျွန်တော် ဦးလေးဖြစ်သူကတော့ ကျွန်တော်ငှားနေသည့် အိမ်တွင် လာပြီးနေတက်ပါတယ်။ တစ်ခါတစ်လေ ရက်ပိုင်း၊ တစ်ခါတစ်လေ လပိုင်းထိကြာတက်ပါတယ်။ ရောက်လာသည့် အခါတိုင်းတွင်လည်း ကျွန်တော်ကြိုက်တက်သည့် ဟင်းများ၊ မှုန့်များ ချက်ပြုတ်ကျွေးမွေးတက်ပါတယ်။
ဒီလိုအချိန်မှာတော့ တက္ကသိုလ်က ကျွန်တော်သူငယ်ချင်းများမှာလည်း ကျွန်တော်အိမ်တွင်း ဂုံးဆင်းတက်ပြန်ပါတယ်။ ကျွန်တော်လည်း ကျွန်တော်၏ မိဘ၊ ဦးလေးများကို ကျွန်တော်သူငယ်ချင်းများဖြင့် မိတ်ဆက်ပေးရန် ဘယ်တော့မှ တွန့်ဆုတ်မနေပါဘူး။ သူတို့တွေ ဘာတွေဘဲဖြစ်နေပါစေ (ဘယ်လောက် တောဆန်နေပါစေ) သူတို့သည် ကျွန်တော်ရဲ့ အစားထိုးမရသည့် လူပုဂ္ဂုလ်များ ဆိုသည့်အချက်ကို ကျွန်တော်လက်ခံထားသောကြောင့်ဖြစ်ပါတယ်။
ကျွန်တော်သူငယ်ချင်းများကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြထားပြီးသား ဖြစ်သောကြောင့် အားလုံးက အေးဆေးပါ။ (သူတို့သည်လည်း နယ်မှကျောင်းလာတက်ကြသူများ ဖြစ်သည့်အတွက် အစားအသောက် (အိမ်ချက် ထမင်း/ဟင်း ) အတော်လေး ငတ်ကြပါသည်။ အများစုက ကျောင်းကန်တင်းမှာသာ ဗိုက်ဖြည့်တက်ကြပါသည်။ ဒါကြောင့် ကျွန်တော် မိသားစုများ လာလည်ကြလျှင် ကျွန်တော်ထက် သူတို့က ပိုပျော်နေတက်ပြန်ပါတော့တယ်။
စာမေးပွဲနီးလာလျှင်တော့ ကျွန်တော်အိမ်မှာ စုရပ်အဖြင့် သူငယ်ချင်းများ စုပြီး စယလုပ်ကြပါတယ် (အများစုက အဆောင်ငှားနေကြသောကြောင့် ကျွန်တော်အိမ်သည် သူတို့အတွက် ဂေဟာဖြစ်လာခဲ့ပါသည်)။ မြို့ပေါ်က သူငယ်ချင်းတွေ အိမ်နှင့်ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာလျှင် ကျွန်တော်အိမ်ကိုသာ ရောက်လာတက်ပါသည်။ ဘယ်လိုတွေဘဲ ဖြစ်နေပါစေ ကျွန်တော်သူငယ်ချင်းတွေမှန်သူဟုသာ သူတို့ဘက်ကနေ ပိုပိုသာသာလေး ရပ်တည်ပြရပါသည်။ နောက်မှ အမှအမှန်ကို အကြံပေးရတာပေါ့။
စာမေးပွဲ နှင့် ကျူရှင်များလိုက်သင်ရသည့် အချိန်ဆိုလျှင် ကျွန်တော် အတော်လေးပင်ပန်းနေပါပြီး။ ဒီလိုအချိန်ဆိုလျှင် ဦးလေးဖြစ်သူက ကျွန်တော်အတွက် အဆင်ပြေမည့်အရာများ လုပ်ပေးတက်ပါသည်။ ကျွန်တော်ဘာတွေ လိုအပ်နေသည့် ဖြစ်နေပါစေ ကျွန်တော်ဦးလေးသည် ကျွန်တော်ကို ဖြည့်ဆည်းကူညီပေးရန် ရှိနေပါတော့သည်။
ဆက်ရန်ကျန်ပါသေးသည်
@johndieo
1.2.2022