ဒီလို ဒုက္ခများ များလှပါတယ်။ ဟုတ်ပါတယ် ဆိုင်တစ်ဆိုင်၏ အကြောက်ဆုံး အရာမှာ ကြွက်ဆိုသည့် ထိုသတ္တဝါများ ဖြစ်ပါတယ်။ မုန့်တစ်ခုကို ကုန်အောင် စားသွားခဲ့လျှင် အကြောင်းမဟုတ် တွေ့သမျှ မုန့်များ တတိတိ ဖြင့် အကုန် လိုက်စားနေခဲ့ လျှင် အတော်လေး အထိနာပါတယ်။ ( ဒါတောင် မုန့် ကြီးကြီးမားမား မဟုတ် ရာတန်မုန့် ကလေးများ ဖြစ်ပါတယ်။ ထောင်တန် မုန့်များ ဖြစ်နေလျှင် အတော် ဆိုးမည့် အခြေအနေပ် )
ဆိုင်များသည် ခန့်မှန်းမရနိုင်သော ဆုံးရှုံးမှုများကို ထည့်သွင်းပြီး အမြတ်တင်တက်ကြပါတယ်။ ဒီလို ဆုံးရှံးမှု မဖြစ်စေရန် ဆိုင်ရှင်မှ ကြိုတင်ပြင်ဆင်ရန် လိုအပ်ပင်မဲ့ ငွေပေးချေရမည်ဆိုလျှင် ဈေးဝယ်သူ၏ ငွေများသာ ပေးချေရပါတယ်။ ( ဈေးဝယ်သူများသည် ဝယ်ယူသည့် ပစ္စည်း တစ်ခုချင်စီအပေါ်တွင် အမြတ်ငွေ ပေးရသောကြောင့် ဖြစ်ပါတယ် )
ဆိုလျှင် အမြန်ငွေကို အနည်းဆုံး သုံးရာခိုင်နှုန်း မှ ဆယ့်ငါးရာခိုင်နှုန်းအထိ ယူကြပါတယ်။ အထွေထွေ လုပ်အားခ ၊ ဆိုင်ခန်း ငှားရမ်းခ၊ မိတာခ၊ ပြုပြင်ထိန်းသိမ်းခ နှင့် အခြားမျှော်လင့်မထားသော ကုန်ကျငွေများကို ထည့်သွင်းပြီး အမြတ်ငွေ တင်လေ့ ရှိပါတယ်။ အသားတင် အမြတ်ငွေ ရာခိုင်နှုန်သည် ဆိုင်တစ်ဆိုင်ချင်းအပေါ် မူတည်၍ တစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိ ယူတက်ပါတယ်။ ကျွန်တော်ဆိုင်အနေဖြင့် တစ်ဒသမငါး ရာခိုင်းနှုန်း ဝန်ကျင် ရယူနေပါတယ်။
ဒီနေ့တော့ ကြွတ်ကို အကြောင်းပြုပြီး ရောက်တက်ရာရာ များကို မျှဝေပေးဖြစ်ခြင်း ဖြစ်ပါတယ်။
@johndieo
4.6.2022