ပျက်စီးသွားသည့် အနာဂတ်များ

Words
201
Reading
1 min
Listen
Play
4y

ဒီနေ့မှာတော့ ကျွန်တော်ရေးနေကြလေးကို ခဏထားပြီး တစ်ခြားအကြောင်းအရာ တစ်ခုကို ရေးရန် စိတ်ကူး ရှိပါတယ်။

လွန်ခဲ့သည့် ရက်အနည်းငယ်တုံးက ကျွန်တော်တို့ အရမ်းခင်ရသည့် သူငယ်ချင်း တစ်ယောက် Suicide လုပ်သွားခဲ့ပါတယ်။ TU ( Pathein ) တွင် တက်ရောက်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း အတန်းထဲတွင် မသိဘူးမရှိ၊ မရင်းနှီးသော သူငယ်ချင်း မရှိသော ကျွန်တော်အတွက် အလွန် အံသြသင့် ရပါတယ်။

ကျွန်တော်သိသော သူမသည် စိတ်ဓာတ်အတော်မာသည့် အမျိုးသမီးငယ် တစ်ယောက် ဖြစ်ပါတယ်။ ကျောင်းတွင် မည်သည့် ပွဲမဆို စိတ်အား တက်ကြွစွာ ပါဝက်သူ ဖြစ်ပါတယ်။ ( တစ်ခါတစ်လေတော့ စိတ်ခံစားချက်ကို ဦးစားပေးသူ တစ်ယောက်ဟု ကျွန်တော် ထင်ပါတယ် )

ကျောင်းတွင်း ပွဲလုပ်တိုင်း ကျွန်တော်နှင့် သူတို့အဖွဲ့ ရန်ဖြစ်ကြ စမြဲပါ။ ( ရန်ဖြစ်တယ် ဆိုတာ ကိုယ်လိုချင်သည့်ကို ညှိနှိုင်းကြရင်း စကားများကြတာပါ )။ တစ်ခါတစ်လေ ရန်ပွဲ ပြင်းထန်ရင်တော့ တစ်လလောက် စကားမပြောကြပါဘူး။

ဘယ်လောက်ဘဲ ရန်ဖြစ်ဖြစ် ကျောင်းပြီး ( Sec Sem ) ပြီးခါနီး ဆိုလျှင် အချင်းချင်း ရေပတ်ကြ ပြောင်ကြ နောက်ကြနှင့် ပြန်တည့်သွားကြ စမြဲပါ။

စာမေးပွဲ ဖြေပြီး လက်တွေ့ဆင်းကြရသည့် ရက်တွေမှာတော့ အချင်းချင်း အလွမ်းတွေသည် ကြပါပြီး။ လက်တွေ့ စာတမ်းများ ပြီးသွားချိန်မှာတော့ အချင်းချင်း မှားယွန်းမှုများကို တောင်းပန်ခြင်း ခွင့်လွှတ်ခြင်းတို့ဖြင့် ငိုပွဲဆင်ကြပါတော့တယ်။

ဒီလိုအခြေအနေသည် ငါးနှစ် ဆက်တိုက် ဖြစ်နေပါတယ်။ ကျွန်တော်သည် လူ့ခွစာမို့ တစ်ချို့ကတော့ ဘေးမဲ့ ပေးတက်ပါတယ်။ ( ကျွန်တော်နှင့် ပြိုင်မငြင်းဘဲ follow up လုပ်ကြပါတယ်။ ထို့ကြောင့် ကျွန်တော်သည် ပိုပြီး ပင်ပန်းရပါတယ် )

သူမ လောကကြီးကနေ အရှံးပေးပြီး ကိုယ်လွှတ်ရုံးသွားသည့် အတွက် ကျွန်တော်သည် သူမကို မကျေနပ်ပေ။ လူချင်းသာ တွေ့ရင် ရန်ပွဲ တစ်ပွဲလောက် ဖြစ်လိုက်ချင်ပါသေးတယ်။ သူမလို စိတ်ဓာတ်မာသည့် အမျိုးသမီး အတွက် အသက် သုံးဆယ် မပြည့်သေးမှာတင် ထွက်ခွာသွားတာကတော့ မဖြစ်သင့်ပေ။ ( ရောဂါတစ်ခုခုကြောင့် ဆုံးပါးသွား လျှင် ကျွန်တော်အနေဖြင့် ခံသာသေးပါတယ် )

သူမနှင့် အမှတ်တရ အချို့က စွဲစွဲထင်ထင် ရှိနေပါသေးတယ်။ ဒီနေရာကနေ သူမလို မလုပ်ကြဖို့ တစ်ချို့လူတွေကို သတိပေးချင်ပါတယ်။

ယခုကာလသည် စိတ်ဓာတ်ကျဆင်းကြရသည့် ကာလ တစ်ခုပါ။ ကျွန်တော်ကိုယ်တိုင်တောင် တစ်ခါတစ်လေ Suicide လုပ်ချင်သည့် အချိန်များတောင် ရှိနေခဲ့ပါတယ်။

ကျွန်တော်တို့ နိုင်ငံ၏ အခြေအနေကိုက စိတ်ပျက်စရာ ကောင်းနေတာပါ။ တစ်ခါတစ်လေ တွေးမိတယ် တစ်နိုင်ငံလုံး သေသွားကြရင် ကောင်းမယ်လို့ ( ကျွန်တော်၏ မကောင်းသည့် စိတ်ဓာတ် ဖြစ်ပါလိမ့်မယ် )

တစ်ခါတစ်လေ ဒီလိုတွေးမိမှုများ ရှိနေတော့ သူငယ်ချင်း၏ အဖြစ်ကို နားလည်သလို ဖြစ်လာမိပါတယ်။ ဒါပင်မဲ့ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် အသက်ရှင်သန် ရမယ်မလား။

20.9.2022
johndieo@johndieo

ပျက်စီးသွားသည့် အနာဂတ်များ | Ecency