ညပျော်ငှက်ကလေးများ၏ ပျော်စရာ ( Final Chapter )

Words
131
Reading
1 min
4y
Listen to this post
~1 min

img_0.21670195407567908

Photo Source

ဒုတိယ အချက်ကတော့ လိင်ဆက်ဆံဖော် များသည့်အတွက် ခံနိုင်ရည် ရှိစေရန် အသုံးပြုကြခြင်း ဖြစ်ပါတယ်။ တတိယအချက်တော့ ပြည့်တန်ဆာ လောကသည် မူးယစ် ဆေးဝါး လောကနှင့် နှီးနွယ်နေ သောကြောင့် ဖြစ်ပါတယ်။

မူးယစ် ဆေးဝါး သုံးစွဲကြသည့် ပြည့်တန်ဆာများသည် နောက်ပိုင်းတွင် မူးယစ် ဆေးဝါး ရောင်းချသည့် သူများ ဖြစ်လာကြပါတယ်။ ဒီလိုကိစ္စများ ( မူးယစ် ဆေးဝါး ရောင်းချသည့် ကိစ္စများ ) နှင့် ပတ်သက်၍ ရဲများ၏ ဖမ်းဆီးခြင်းကို ခံရလျှင် ကိုယ်နည်း ကိုယ်ဟန် ( ရဲများနှင့် အိပ်ကာ) ဖြင့် ဖြေရှင်း တက်ကြပါတယ်။ ဒီလိုဆိုလျှင် မူးယစ်မှုကို ချန်လှပ်ခါ ပြည့်တန်ဆာနှင့် တိုင်သည့် ပုဒ်မများဖြင့် တရားစွဲတက် ကြပြန်ပါတယ်။

ပြည့်တန်ဆာမှုဖြင့် ထောင်ထဲ ရောက်ရှိခဲ့ လျှင်လည်း ထောင်ရှိ အနိမ့်ဆုံး အလုပ်များ လုပ်ကိုင်ကြရပါတယ်။ ထောင်တွင်းရှိ သူများအား နာမည်တွင် မ/မောင်/ဦး/ကို စသည်ဖြင့် တပ်၍ မခေါ်ကြပါဘူး။ ဥပမာ - ကျွန်တော်အား ကိုဒီပကျော်/ ဦးဒီပကျော်/ မောင်ဒီပကျော်ဟု ခေါ်မည့်အစား ဒီပကျော်ဟုသာ ခေါ်ပါတယ်။ ဒါအပြင် တစ်ချို့ကို တရားစွဲဆိုသည့် ပုဒ်မများကိုက ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဥပမာ - 302/ 408/ 376/ 420/ 394 စသည်ဖြင့် ခေါ်ကြပါတယ်။ ဒီလိုခေါ်သည့် အတွက် ပြည့်တန်ဆာများကိုလည်း ၎င်းတို့နှင့် ဆိုင်သည့် ပုဒ်မများကို ခေါ်ဆိုပြီး နှိမ့်ချ ဆက်ဆံ တက်ကြပါတယ်။

အကြောင်း အမျိုးကြောင့် ပြည့်တန်ဆာ ဖြစ်ကြရတယ်။ အကြောင်း အမျိုးမျိုးကြောင့်ဘဲ မူးယစ်သားကောင် ဖြစ်ကြရပါတယ်။ အဓိကကတော့ ကျွန်တော်တို့ နိုင်ငံမှာ လူသားတစ်ယောက် အပေါ် အကာအကွယ်ပေးသည့် ဥပဒေ မရှိသေးတာ။ ဥပဒေမရှိသည့် အပြင် ခေါက်ရိုးကျိုးအမြင်းများ ကိုလည်း မပြောင်းနိုင်ကြသေးပါဘူး။ မကြာခင်မှာတော့ ပြောင်းလဲနိုင်ကြမှာပါ။

johndiep@johndiep
5.7.2022

ညပျော်ငှက်ကလေးများ၏ ပျော်စရာ ( Final Chapter ) | Ecency