အတွေးများ

Words
157
Reading
1 min
Listen
Play
4y

img_0.4365068528725657.jpg

photo Source

ဒီရက်ပိုင်း ဆိုင်သိမ်းပြီးလျှင် ဝရန်တာမှာ ထွက်ပြီး ဆယ့်ငါးမီးနှစ်ခန့် ထိုင်လေ့ ရှိတယ် ( မီးပျက်၍ ပူလွန်သောကြေင့်လည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် )

ညမှောင်မှောင် ( မီးမရသောကြောင့် တစ်ချို့ ဖုန်းတာဝါတိုင် များမှာလည်း Plot မီးများ မလင်းနိုင်ရှာတော့ပါ ) မှာ ကောင်းကင်က လ နှင့် ကြယ်တစ်ချို့ကို ကြည့်ပြီး ခဏနားလေ့ ရှိပါတယ် ( ခြင်ကတော့ အတော်လေး ကိုက်ပါတယ်၊ ဒါကြောင့် ခြင်ဆေးခွေလေးတော့ ထွန်းထားရပါတယ် )

ဒီလို နားနေရင်း တစ်နေ့တာမှာ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြီးတွေး ဖြစ်တယ်။ ဒီနေ့ ဘယ်လိုလူတွေနှင့် ဘယ်လို တွေ့ဆုံ ဖြစ်တယ်။ ဘယ်သူက ဘယ်လို ဆက်ဆံတယ်။ စသည်ဖြင့် အကြောင်းအရာ အတော်များများသည် ကျွန်တော်ခေါင်းထဲ ပြန်လည် ရောက်ရှိလာပါတယ်။

တစ်ချို့အတွေးကို ဆက်မတွေး စေရန် ဖျက်ချနိုင်ပင်မဲ့ တစ်ချို့အတွေးများကိုတော့ ဆက်လက် တွေးတောနေမိပါတယ်။

အလုပ်မှာ အဆင်ပြေတာရော အဆင်မပြေတာတွေပါ ရောနှော နေတက်သည်မို့ အားလုံးကို ခံနိုင်ရည် ရှိစေရန် ကြိုးစားပြီး လုပ်ဆောင်ဖြစ်ပါတယ်။

ဒီရက်ပိုင်း မီးများ အဆမတန် ပျက်နေတော့ ရေခဲသေတ္တာ နှင့် POS များမှာ မဖွင့်ရသလောက် ဖြစ်နေခဲ့ပါတယ်။ ကျွန်တော် သွားနေသည့် System သည် လျှပ်စစ်မီး လိုအက်သည့် ကိစ္စမို့ မီးမရသည့်အခါ အတော်လေး ဒုက္ခရောက်ပါတယ်။

မီးပျက်သောကြောင့် Computer ဖြင့် လုပ်ဆောင်ရသည်မှာ အဆင်မပြေပါဘူး။ ဒါကြောင့် Laptop လေး ပြောင်းသုံးရင် ကောင်းမလားလို့ တွေးနေမိပါတယ်။ ရေခဲသေတ္တာများကိုလည်း မီးလာချိန်မှာ အသဲအသန် နှင့် ရှိသမျှ အားလုံးကို စုပေါင်း စပ်ပေါင်း ဖွင့်ရပါ ပြန်တယ်။

မီးစက်လည်း မမောင်းရဲဘူး ဆီဈေးက မိုးပေါ်တင် မဟုတ်ဘဲ အာသထဲထိ ရောက်နေတော့ မတက်နိုင်ဘူး။ Solar ဝယ်ဖို့ကလည်း ဈေးက အလွန်များနေတယ်။

တစ်ညတစ်ည ဒီလိုကိစ္စများကို တွေးတောရင် ခေါင်းများ ချာလည်လည်၍ သာနေပါတော့တယ်။ ခုတော့ ဆယ်နှစ်လောက် တည်ဆောက်လာခဲ့သည့် ဘဝများသည် တစ်နှစ်အတွင်း ဟိုးအောက်ဆုံးသို့ ပြန်လည်၍ ရောက်ရှိသွား ပြန်ပါပြီး။

ရှေ့ဆက် ဘယ်လို ဆိုးဝါးမှုတွေ တွေ့ဆုံရမလဲ ဆိုတာ ကျွန်တော်တော့ မခန့်မှန်း နိုင်တော့ပါဘူး

johndieo@johndieo
13.3.2022

အတွေးများ | Ecency