ကိုယ်ဒါရိုက်တာ ဖြစ်ရင် ရိုက်မယ့်ဇာတ်ကား
.... .... ... .... ... ..
မင်္ဂလာဈေးမီးလောင်တဲ့ ဖြစ်ရပ်မှန် ကို အခြေပြု ရိုက်မယ်။
မင်းသမီးက ကလပ်က ကြက်မလေး။
ဘီးကြဲတပွေကို ဂွင်ဖန်နေရင်း ရုတ်တရက် အီးပါချင်လို့ အိမ်သာဝင်နေတုန်း မီးတွေ ထလောင်တယ်။
အိမ်သာတံခါးက ရုတ်တရက် ဖွင့် မရဘူး။
မင်းသမီးက ကြိုးစားပြီး ကန်ဖွင့်တယ်။ ဒါလည်း မရ။
မီးတွေက လောင်နေပြီ။
ပူလာပြီ။
အဲ့ဒီအချိန် မင်းသမီး ရဲ့ ကြိုးစားမှုကြောင့် တံခါးက ပွင့်သွားတယ်။
ထွက်ပြေးဖို့ ကြိုးစားချိန်မှာ မျက်နှာကြက်အပူကြောင့် အေးမြတဲ့ အိမ်သာကမုတ်လေးပေါ် ပေကြောင်ကြောင် လာကပ်နေတဲ့ အိမ်မြောင်လေးကို တွေ့တယ်။
မင်းသမီးက သနားစိတ်ဝင်လာပြီး..ကမုတ်ထဲ က အိမ်မြောင်လေးကို ဘယ်လက် နဲ့ လှမ်းအယူ...အိမ်မြောင်လေးက ရှောင်အပြေး..။
အိမ်မြောင်ကလေးဟာ..ကမုတ်ရေထဲကျ...မင်းသမီးက လန့်ပြီး ရေဆွဲတဲ့ ခလုပ်ကို ဖိမိ။
အိမ်မြောင်လေး အိမ်သာကမုတ် ထဲ လုံးအပါမှာ..မင်းသမီးက အတင်းလိုက်နှိုက်..လည်ပင်းကို ဆွဲမိ။
ဒါပေမယ့်..အိမ်သာကမုတ် နဲ့ သူ့ လက်က ဖန်စီလက်ကောက် ငြိနေတော့..ဆွဲထုတ်လို့မရ။
အိမ်မြောင်လေးကတော့ သူ့လက်ကောက်ဝတ်ကတဆင့် သူ့ ဘရာစီယာကြား ဝင်သွား။
အိမ်မြောင်လေး အန္တရာယ်ကင်းပေမယ့်..မင်းသမီးမှာ..ဗျာများရပြီ..မီးကလည်း နီးလာပြီ။
ဘရာစီယာထဲက အိမ်မြှောင်ကလည်း အငြိမ်မနေ ပဲ စုတ်တွေထိုး..ပြီး..လျှောက်သွား..။
အဲ့ဒီအချိန် မင်းသမီး က လုံးဝအကယ်ဒမီရှော့သရုပ်ဆောင်ရမှာ။
တဖက်လက်က မီးလောင်တော့မယ် အိမ်သာရဲ့ ကမုတ်မှာ ညှပ်နေချိန်..တဖက်လက်ကလည်း ရင်ဘတ်ကြားက ယားလို့ အိမ်မြှောင် ကို အသည်းအသန် ထုတ်နေရတဲ့ ခံစားချက်။
မီးတွေ က အိမ်သာကို ကူးလာပြီ..မင်းသမီးဟာ သူသေပြီဆိုပြီး လုံးဝစိတ်ကို လျော့ချလိုက်ချိန်မှာ..
ဗွမ်းခနဲဆို နောက်ဖေးမိလ္လာပိုက်က ပွင့်ထွက်..ဒီတော့မှ အီးအရည်အဖတ်တွေ အရှိန် နဲ့ ညှပ်နေတဲ့ လက်ကောက်ဝတ်က လွတ်ထွက်သွား...
မင်းသမီး ဟာ ဝမ်းသာအားရ အိမ်သာထဲက ပြေးထွက်..လာကယ်တဲ့ မီးသတ်သမား နဲ့ တွေ့...
မီးသတ်သမားက မင်းသမီးကို ဖက်ပြီး ကြိုး နဲ့ ဆင်း...
အောက်ရောက်တော့....မီးသတ်သမားလေး မင်းသမီးဆီက အီးနံ မွှန်ပြီးသေ။
အိမ်သာထဲက အိမ်မြောင်လည်း သူ့ရင်ဘတ်ထဲ အီးငွေ့မွန်းပြီးသေ..။
သူ့ကြောင့်..အသက်နှစ်ချောင်း ဆုံးရှုံးရတယ်ဆိုတာ သိလိုက်ရတဲ့ မင်းသမီးဟာ သန္နိဌာန်တစ်ခု ချလိုက်တယ်။
.ညဘက် ကလပ်မှာ ကျက်စားတဲ့ ညဥ့်ငှက် ဘဝ ကို ငါ တသက်လုံး စွန့်လွှတ်လိုက်ပြီ..
မနက်ဖြန်စလို့..ငါ့ဘဝကို ပြောင်းလဲမယ်။
အခုလို
မပေါ့်တပေါ်တွေ မဝတ်ပဲ...ရိုးရိုးလေးပဲ ဝတ်စားဆင်ယင်တော့မယ်။
ပြီးရင်..ထီးတလက်ဝယ်ပြီး
..ကိုးမိုင် နဲ့ ဆယ်မိုင်ကြား မှတ်တိုင်မှာ မတ်တပ်ရပ် ရ တဲ့ နေ့ငှက် ပဲ လုပ်တော့မယ်။
အဲ့ဒီမှာ ဇာတ်လမ်းပြီး။
တကားလုံး ကလပ်က အိမ်သာထဲမှာ ပဲ အများဆုံး ရိုက်မှာနော်...အီးအစစ် နဲ့ ရိုက်မှာ..။
သရုပ်ဆောင်ချင်သူတွေ..စာရင်းပေးထား။
မင်းသမီးနေရာ လျှောက်ထားနိုင်ပါတယ်။
အိမ်မြှောင် နဲ့ မီးသတ်ရဲဘော်နေရာ..အမျိုးသားသရုပ်ဆောင်တွေ လျှောက်ထားနိုင်ပါတယ်။
ဗြိတိသျှကိုကိုမောင်