ပါရာစီတမော အလွန်အကျွံ သောက်သုံးခြင်း
ပါရာစီတမောကို ခေါင်းကိုက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းများ ဖြစ်ပါက သောက်သုံးကြပါသည်။ ပါရာစီတမောကို ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူ၍ ရနိုင်ပါသည်။ ပဲကြီးလှော်ဝါးစားသကဲ့သို့ သောက်သုံးကြပါသည်။
နေရာတိုင်းတွင် အလွယ်တကူ ၀ယ်နိုင်ခြင်းကြောင့် အိမ်သုံးဆေးဝါးအနေဖြင့် ရောဂါအနည်းငယ်ဖြစ်သော်လည်း သောက်ကြပါသည်။ သတ်မှတ်ထားသော ပမာဏထက်ပို၍ လွန်ကဲစွာ သောက်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပါသည်။
(ပါရာစီတမော၏ အခြားအမည်)
ပါရာစီတမောကို Acetaminophen ဟူ၍လည်း ခေါ်ဆိုကြပါသည်။
(ပါရာစီတမော အဆိပ်သင့်သောအရွယ်)....
ပါရာစီတမော အလွန်အကျွံသောက်ခြင်းကြောင့် သေဆုံးသူ အသက်အပိုင်းအခြားသည် လူငယ်များတွင် အများဆုံး တွေ့ရှိရပါသည်။
(သေဆုံးနိုင်သော ပါရာစီတမော ပမာဏ)
ပါရာစီတမော တစ်လုံးတွင် ၅၀၀ မီလီဂရမ် ပါရှိပါသည်။ ပါရာစီတမောအလုံး ၂၀ တွင် ၁၀ ဂရမ် ရှိပါသည်။ ပါရာစီတမော အလုံး ၂၀ (သို့မဟုတ်) ၄င်းထက်ပို၍ သောက်ပါက သေဆုံးမှုများ ဖြစ်လာနိုင်ပါသည်။
(ပါရာစီတမော အဆိပ်သင့်ခြင်း)...
ပါရာစီတမော အဆိပ်သင့်ခြင်းကြောင့် အသည်း၊ ကျောက်ကပ်၊ နှလုံးနှင့် ဗဟိုအာရုံကြောအဖွဲ့အစည်းကို ထိခိုက်စေနိုင်ပါသည်။ ပါရာစီတမော အလွန်အကျွံသောက်ပြီး နာရီပိုင်းအတွင်း၌ပင် အသည်းပျက်စီးခြင်းကို ဖြစ်စေ နိုင်ပါသည်။
(ပါရာစီတမော လွန်ကဲသော လက္ခဏာ)....
ပါရာစီတမောကို လွန်ကဲစွာ သုံးစွဲမိခြင်းကြောင့် ခေါင်းမူးခြင်း၊ အန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်းနှင့် အသည်းရောင်အသားဝါဖြစ်ခြင်းများ ခံစားရနိုင်ပါသည်။ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
ပါရာစီတမောကို တစ်နှစ် (သို့မဟုတ်) တစ်နှစ်ထက်ပိုပြီး တစ်နေ့တစ်လုံး မှန်မှန်သောက်ပါကလည်း အသည်းထိခိုက်မှုများ တဖြည်းဖြည်း ဖြစ်လာတတ်ပါသည်။
ပါရာစီတမော အလွန်အကျွံသောက်သူ၏ ဆီးထဲတွင် အသားဓါတ်၊ ဟေမိုဂလိုဘင်နှင့် သွေးနီဥဆဲလ်များ ပါဝင်တတ်ပါသည်။
(ပါရာစီတမော အဆိပ်သင့်ခြင်းကို ကုသခြင်း)...
ပါရာစီတမော အလွန်အကျွံသောက်မိပါက နီးစပ်ရာ ဆေးရုံသို့ လျှင်မြန်စွာ ပို့ဆောင်ကုသရပါမည်။ အစာအိမ်ထဲသို့ ရောက်သွားသော ဆေးကိုထုတ်ရန် ပြန်အန်သောနည်းကို ပထမဆုံး အသုံးပြုရပါလိမ့်မည်။ လေးနာရီအတွင်းမှသာ အန်အောင် ပြုလုပ်နိုင်ပါသည်။
လေးနာရီအတွင်း N-acetyl lcysteine ကို ပါးစပ်မှ သောက်ရပါမည်။ လေးနာရီခြား၍ သုံးရက်သောက်ရပါမည်။
ပါရာစီတမောဆေးကို သတ်မှတ်ထားသော ပမာဏအတိုင်း သောက်ပါက ကျန်းမာရေးကို မထိခိုက်သော်လည်း လွန်ကဲပါက အသက်အန္တရာယ် ဒုက္ခပေးနိုင်ပါသည်။ တန်ဆေး၊ လွန်ဘေး မဖြစ်အောင် သောက်သုံးသင့်ပါသည်။
Credit to ဒေါက်တာ ကောင်းစံ