သင်က ဘာကိုဘဲလုပ်သည်ဖြစ်စေ
သင့်ကိုယ်သင် ယုံကြည်ချက်ထားပြီး
ငါတတ်မြောက်ရမယ်
ငါ အောင်မြင်ရမယ်
ငါ လုပ်နိုင်ရမည် ဟူသော စိတ်နဲ့ ယုံကြည်ချက်ထား လုပ်ရပါမယ် ။
မလုပ်နိုင်
မဖြစ်နိုင်
မရနိုင်ဟူသော ယုံကြည်မဲ့သောစိတ်ကိုထားတာလည်း သင်ပါ ။
လုပ်နိုင်မယ်
ဖြစ်နိုင်မယ်
ရန်ုင်မယ်ဟူသော
ယုံကြည်တဲ့စိတ်ကိုထားတာလည်း သင်ပါ ။
သင့်စိတ်ထဲမှာ ထားရှိတာချင်း အတူတူ သင့်အတွက် အကျိုးရှိသော ယုံကြည်ချက်ကိုသာ ထားသင့်တာပါ ။
အခကြေးငွေပေး၍ ထားရှိရခြင်းမဟုတ်တဲ့အတွက် အကျိုးမဲ့သောအတွေးကိုပယ်၍ အကျိုးရှိသော အတွေးကိုသာ တွေးသင့်ပါတယ် ။
သင်အကျိုးရှိပြီး အကျိုးဖြစ်ထွန်းလာခဲ့ရင်
ပထမဦးစွာ ခံစားရမှာက သင်ကိုယ်တိုင်ပါ
သင်မှတဆင့် သင့်မိဘ သင့်မိသားစုဆွေမျိုး
ထိုမှ အဆင့်ဆင့် သင့်မိတ်ဆွေအပေါင်းအသင်းနှင့် သင့်ပတ်ဝန်းကျင်
နောက်ဆုံးအဆင့် သင့်အောင်မြင်မှုအပေါ်မူတည်ပြီး တမြို့လုံးမှသည် တနိုင်ငံလုံးထိ အကျိုးဆက်များ ရရှိနိုင်ပါတယ် ။
သင်အကျိုးမရှိ မဖြစ်ထွန်းဘဲ သင်ကအလွဲသုံးစား ကတိမတည်ခဲ့ရင်တော့ သင်ကိုယ်တိုင် ဦးစွာ နာမည်ပျက်သိက္ခာကျလာပြီး ဆန့်ကျင်ဘက်ရလာဒ်တွေသာ ခံစားရမှာပါ ။
ဒါကြောင့်
ကတိကိုတည်အောင်ကြိုးစားပါ ။
မိမိကိုယ်ကို ယုံကြည်မှုရှိပါ ။
စကားကို အလေးထားစဉ်းစားပြောပါ ။
အသေးအဖွဲမှစ၍ အကြီးအမားဆုံးထိ မည်သည့်အရာကိုမျှ အလွဲသုံးစားမပြုလုပ်မိရန် ဆင်ခြင်ပါ ။
အားလုံးဘဲ မင်္ဂလာပါ ။
@အယ်းမီး