ယုံကြည်မှုဆိုတာဟာ လူတိုင်းအတွက်အရေးကြီးဆုံးထားရှိရမယ့်အချက်များစွာထဲက တခုအပါအဝင်ပါ ။
သင်က တပါးသူကို ယုံကြည်စိတ်ချလို့ ဖြစ်ဖြစ်
တပါးသူက သင့်ကို ယုံကြည်စိတ်ချလို့ ဖြစ်ဖြစ်
သင့်ကိုယ်သင် ယုံကြည်စိတ်ချလို့ ဖြစ်ဖြစ်
ဒီအချက် ၃ ချက်ကိုတော့ ကောင်းစွာ သင်နားလည်သဘောပေါက်သင့်ပါတယ် ။
မည်သူက မည်သူ့ ကိုဘဲ ယုံကြည်ပါစေ ဒီယုံကြည်ကိုတော့ ချိုးဖျက်ရန်သင် မစဉ်းစားသင့်ပါ ။
ကိစ္စတခုနဲ့ပတ်သက်ပြီး သင့်ကို ယုံကြည်စွာ သူတပါးက ပြောဆိုအပ်နှံထားခဲ့လျှင် သင်မလွှဲမသေထိန်းသိမ်းရမှာက သင့်စကား သင့်ကတိတခုပါဘဲ ။
သင်က ကတိနဲ့စကားမတည်ဘဲ သင့်ကိုယုံကြည်ထားသောအရာများအား အလွဲသုံးစားပြောဆို သုံးဖြုန်းမလုပ်သင့်ပါ ။
သင်လုပ်ခဲ့တဲ့ အလွဲသုံးစားစကားတခွန်း ( သို့မဟုတ် ) ပစ္စည်းဥစ္စာဟာ တပါးသူအတွက် ဘယ်လောက်အရေးပါသလဲ ?
သင့်အတွက် ဘယ်လောက်အကျိုးမလဲ ?
( အကျိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မလုပ်သင့်တာပါ )သင်လုပ်ခဲ့သော အလွဲသုံးစား အသေးအမွှားကိစ္စအတွက် သင့်လုပ်ရပ်ကိုသိပြီး သူတပါးသူက ယုံကြည်ချက်ပျက်သွားနိုင်ပါတယ် ။ အရေးပါသော ကိစ္စများအတွက် သင်ဟာ သူတပါးရဲ့ယုံကြည်ချက်မရှိတော့တဲ့အတွက် တပါးသူက တိုင်ပင်ဖွင့်ဟခြင်းမရှိသလို ဘာမှသိရမှာလည်းမဟုတ်တော့ပါ ။
သင့်အား ယုံကြည်မှုမရှိတော့ရင် သင့်သိက္ခာဟာလည်းကျဆင်းလာနိုင်သလို သင်တကယ်ကတိနဲ့စကားတည်ခဲ့မယ်ဆိုတောင် သင့်အား မယုံမကြည်နဲ့ ဖြစ်သွားတတ်ပါမယ် ။
သင့်ကိုယ်သင် ယုံကြည်မှုထားပြီး လေ့လာပါ ။ ကျက်မှတ်ပါ ။အလုပ်လုပ်ပါ ။ သို့ မှသာ အောင်မြင်ခြင်းကို သင်ရနိုင်မှာပါ ။ သင့်ကိုယ်သင် ယုံကြည်မှုမထားရှိဘဲ
ငါ ဒီစာသင်လို့ တတ်ပါ့မလား ?
ငါ ဒီအလုပ်လုပ်လို့  ဖြစ်ပါ့မလား ?
ငါ ဖြစ်ပါ့မလား ? စတဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ အရင်းခံစိတ်နဲ့တွေးပြီး သင်ကိုယ်သင် ယုံကြည်မှုမရှိဘဲ လုပ်နေလို့ ကတော့ ဘာမှဖြစ်မြောက်အောင်မြင်မှာ မဟုတ်ပါဘူး ။
ဆက်ရန် ……
@အယ်းမီး