မြို့တော်ဥယျာဉ်အမှတ်တရ

Words
57
Reading
1 min
Listen
Play
8y

received_899055000274351.jpeg

စနေနေ့ဆိုတော့ သင်တန်းတက်ရတဲ့ကိုလူပျိုက ကစားကွင်းလိုက်ပို့ ခိုင်းလို့  ပို့ ရတယ် ။ မြို့တော်ဥယျာဉ်ကို ပို့ ပေးလိုက်ပါတယ် ။ ညကမိုးရွာထားတော့ ရာသီဥတုကလဲ ကောင်းနေသလို သိပ်ပြီးနေကမထွက်တာနဲ့ လိုက်ပို့ ဖြစ်သွားတယ် ။

received_899055006941017.jpeg

ကစားကွင်းရောက်တော့ မျောက်တကောင်လိုဆော့နေတဲ့သားကို အမှတ်တရရိုက်ပြီး စတီးမစ်မှာတင်ဘို့ အကြံရတာနဲ့ အံကိုက်ဖြစ်သွားတယ် ။

received_899055033607681.jpeg

သားသားလေးက သူ့ ကိုစတီးမစ်တင်မယ်လဲပြောရော အိုက်တင်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ခိုင်းတော့တာဘဲ ။ လူကြီးတွေပြောသံကြားပြီး ပိုက်ဆံရတယ်ဆိုလို့  ပိုက်ဆံအများကြီးရအောင် များများတင်လေတဲ့ အကြံပေးနေသေးတာ ။

လိမ်မာလိုက်တဲ့သားသားလေးပါ ။ သူပျော်နေတာမင်ရတော့ ကိုယ်လဲစိတ်ချမ်းသာမိတယ် ။ နဂါးရုပ်ကြီးစီးတော့ မာမီရယ်လာပါအတူစီးမယ်ဆိုလို့  မနဲငြင်းလိုက်ရတယ် ။

ပျော်ရွှင်ဖွယ်ရာ နေ့များစွာကို ပိုင်ဆိုင်ကြပါစေလို့  စတီးမစ်လုပ်သူအပေါင်းအား ဆုမွန်တောင်းလျှက်ပါ ။

@အယ်းမီး

မြို့တော်ဥယျာဉ်အမှတ်တရ | Ecency