စကားကိုချိုသာစွာပြောပါ

Words
125
Reading
1 min
Listen
Play
8y
  • စကားသည် ပြောတိုင်းလည်းမကောင်း

  • စကားပြောပါများလာလျှင်လည်း ထိုစကားများထဲမှာ အမှားပါလာတတ်သည်

  • စကားကို ချိုသာစွာပြောပါ

  • မိမိပြောဆိုသော စကားလုံးတိုင်းကို ယဉ်ကျေးစွာ သုံးနှုန်းပြောဆိုတတ်ပါစေ

မိဘဆွေမျိုးနှင့်ဆရာသမားများက အကြိမ်ကြိမ်ဆုံးမပြီး စကားကိုချိုသာစွာပြောတတ်စေရန် မှာတတ်ကြပါတယ် ။

454466_S.jpg

crd image source

စကားအပြောအဆိုကြောင့် လူချစ်လူခင်ပေါများသလို အပြောမတတ်လျှင်လည်း လူမုန်းများပြီး လူအများအမြင်ကပ်ခံရနိုင်သောကြောင့် ဆင်ခြင်စွာဖြင့် စကားကို ချိုချိုသာသာနှင့်ယဉ်ကျေးစွာ ပြောဆိုရန် လိုအပ်ပါတယ် ။

ကိုယ့်ထက်ကြီးသူကို ရိုသေစွာပြောဆို ဆက်ဆံပြီး
ကိုယ်နှင့်ရွယ်တူများကိုလည်း တဦးနှင့်တဦးလေးလေးစားစား ပြောဆိုဆက်ဆံရပါမယ် ။ ကိုယ်က သူများကို လေးစားစွာ ပြောဆိုဆက်ဆံမှ သူတပါးကလည်း ကိုယ့်ကို အပြန်အလှန်လေးစားပြီး ဆက်ဆံပြောဆိုမှာပါ ။

1760750_S.jpg

crd image source

ကိုယ့်ထက်ငယ်ရွယ်သူများကိုလည်း သနားညှာတာစိတ်ထားကာ ယဉ်ကျေးစွာပြောဆိုဆက်ဆံသင့်ပါတယ် ။ ကိုယ့်ထက်ငယ်သည့်အတွက် ကိုယ့်လောက်အတွေ့အကြုံ ဗဟုသုတနဲ့ပညာအရာမှာ ကိုယ်လောက်မသိနိုင်သည့်အတွက် ကိုယ်သိသလောက် ပြောပြသင်ကြားပေးမှသာ ငယ်သူတို့ က မှတ်သားကြမှာပါ ။

ကိုယ့်ထက်ငယ်သူတွေကို ကိုယ်က ရိုင်းပျစွာပြောဆိုဆက်ဆံလိုက်ပါက ငယ်သူတို့ ရဲ့ မှတ်သားတတ်တဲ့အသိဥာဏ်ဟာ ကိုယ့်ရဲ့ရိုင်းပျမှုကို မှတ်သားထားပြီး သူတို့ ထက်ငယ်သောသူများအား တဖန်ပြန်ပြီး ရိုင်းပျစွာပြောဆိုဆက်ဆံပြီး အနိုင်ကျင့်ကြမှာပါ ။

ငယ်သူတို့ က ကိုယ့်ကိုအတုယူကြမှာဖြစ်သောကြောင့် ကိုယ်ကရှေ့က ယဉ်ကျေးစွာပြောဆိုပြမှသာ နည်းလမ်းအမှန်ကို မှတ်သားနိုင်ကြမှာပါ ။

23713_S.png

crd image source

စကားကိုချိုချိုသာသာပြောခြင်းဟာ ကိုယ့်အတွက်လဲ လူချစ်လူခင် မိတ်ဆွေပေါများပြီး ကိုယ့်ကိုလဲ ထိခိုက်စေခြင်းမရှိနိုင်ပါ ။ ငယ်သူတို့ ကိုလည်း ကိုယ်က သက်ပြလမ်းညွှန်ရာရောက်တဲ့အတွက် အကျိုးရှိပါတယ် ။

ကိုယ်က တခါတရံအခက်အခဲနှင့်ကြုံခဲ့ရင်တောင် ကူညီမယ့်သူပေါများ နိုင်ပါတယ် ။ ကိုယ်က ရိုင်းပျစွာ ပြောဆိုဆက်ဆံထားခဲ့ရင်တော့ ကူညီမယ့်သူနည်းပါးနိုင်ပါတယ် ။ ဆင်ခြင်စွာဖြင့် ယဉ်ကျေးသိမ့်မွေ့စွာ စကားကိုပြောနိုင်အောင် ကြိုးစားပါလို့  တိုက်တွန်းလိုက်ပါတယ် ။

3036181_S.jpg

crd image source

@အယ်းမီး ( author )

စကားကိုချိုသာစွာပြောပါ | Ecency