မိဘဟူသည် … ၁

Words
131
Reading
1 min
Listen
Play
8y

ကိုယ်ငယ်ငယ်က ကိုယ့်မိဘတွေက အမြဲဆုံးမလေ့ရှိတဲ့စကားဟာ သမီးလေး မိဘစကားနားထောင်နော် ဆိုတဲ့စကားပါ ။

အမေက " သမီးလိမ်မာလေးဖြစ်အောင်နေရမယ် ။ ထမင်းဟင်းကူချက်ရမယ် ။ တနေ့မှာ အိမ်ထောင်ရက်သားကျခဲ့ရင် ကိုယ့်အိမ်ထောင်ကို ကိုယ်တိုင်ချက်ပြုတ်ကျွေးတတ်အောင်လို့  ။ အဝတ်တွေလဲ ဖြူစင်အောင်လျှော်ဖွတ်ပါ ။ အနေအထိုင်ပိပိရိရိရှိပါစေ ။ အဝတ်အစားကို ခေတ်မှီစွာဝတ်တတ်ပြီး အမြင်မရိုင်းပါစေနဲ့ ။ အပြောအဆိုယဉ်ကျေးပါ " စတဲ့ ဆိုဆုံးမစကားတွေကို အမေဖြစ်တော့ ချော့မော့ပြောပြီး သင်ပြဆုံးမပါတယ် ။

3354376_S.jpg

crd image source

အဖေဖြစ်သူကတော့ " ကောင်မလေးနော် အနေထိုင် အပြောအဆို ဆင်ဆင်ခြင်ခြင်နေ ။ ရပ်ထဲရွာထဲ အသံကြားလို့ ကတော့ အရှင်မထားဘူး ။ အရှက်ကွဲမခံဘူး " စတဲ့ စကားတွေကို အဖေတို့ ရဲ့ ထုံးစံအတိုင်း ချစ်တာကို ကွယ်ရာကနေချစ်ပြီး သူချစ်တာ ကိုယ်အမြင်မခံဘဲ ခပ်တည်တည်နဲ့ ဆုံးမတတ်တာပါ ။

ကိုယ့်ကွယ်ရာမှာတော့ အမေဖြစ်သူကို အဖေပြောတာက " ငါတို့ သမီးလေးကို စက်ဘီးအသစ်လေးဝယ်ပေးရအောင် ။ ရွာမှာ နောက်လ အလှူရှိတယ် သမီးလေးကို မင်းတို့ သားအမိမြို့တက်ပြီး အဝတ်အစားဝယ်ပေးလိုက်အုံး ။ သူလိုချင်တဲ့ သနပ်ခါးမိတ်ကပ်နဲ့ နှုတ်ခမ်းနီလေးတွေလဲ ဝယ်ပေးလိုက်ပါကွာ " ဒီလိုပြောတတ်တာ ကိုယ်က ကြားနေ သိနေခဲ့ရတာပါ ။

2618982_S.jpg

crd image source

ကိုယ့်အပေါ်မှာ ချစ်တော့ချစ်ကြပြီး ချစ်ပုံခြင်းမတူတဲ့ မိဘဖြစ်သူတွေလို့  ကိုယ်နားလည်ခဲ့ရတယ် ။ ကိုယ့်အတွက် ကိုယ်လိုတာကို ဝယ်ပေးပြီးတိုင်း မိဘစကားနားထောင်ပါဘဲ ပြောလေ့ရှိတာလဲ ကိုယ်သိထားခဲ့တယ် ။

ဒါကြောင့် သားသမီးများဟာ အမေက အဖေ့ထက်ပိုချစ်တယ် ။ အဖေက အမေ့ထက်ပိုချစ်တယ်လို့  မခွဲခြားသင့်ပါဘူး ။ ကိုယ်မွေးထားတဲ့ သားသမီးဖြစ်တဲ့အတွက် ပိုသည် လိုသည်မရှိ အစွမ်းကုန်ချစ်ကြတာချည်းပါ ။

3347049_S.jpg

crd image source

ဆက်ရန် ……

@အယ်းမီး

မိဘဟူသည် … ၁ | Ecency