ပရဟိတကိစ္စတခုအတွက် မသွားမဖြစ်တဲ့အတွက် သွားခဲ့ရပါတယ် ။ လူအများရဲ့ သာရေးနာရေးတွေကို တကယ့်စေတနာသန့် သန့် နဲ့ ကူညီလုပ်ကိုင်ပေးနေကြသော ပရဟိတအကျိုးဆောင်များစွာရှိကြသလို အတ္တဟိတ ကိုယ်ကျိုးအတွက် ပရဟိတ အများအကျိုးကို ခုတုံးလုပ်နေကြသူများကိုလည်း တွေ့ခဲ့ရပါတယ် ။
မိမိကိုယ်ကျိုးအတွက်ပြုလုပ်ခဲ့သောအရာတခုအတွက် အများကိုယ်ကျိုးကိုဆောင်ရွက်ပေးနေကြသူများရဲ့ သိက္ခာများကို ထိခိုက်စေခြင်းငှာ မပြုလုပ်သင့်ပါ ။
အဟာရဒါနပြုလုပ်သောအလှူ တခုမှာ ကိုယ်တိုင်ခံစားလာရသော အဖြစ်အပျက်လေးကို ပြောပြပါရစေ ။
အဟာရဒါနပြုသောနေရာသို့  ကျမတို့ အဖွဲ့လိုက် သွားရောက်ခဲ့ကြပါတယ် ။ အလှူ ရှင်က အုန်းနို့ ဆန်ပြုတ်နဲ့ ရေခဲမုန့် ဒါနပြုပါတယ် ။ အလှူ ကိုလာတဲ့ဧည့်သည်က များလို့ စားပွဲတွေမှာလူအပြည့်ပါဘဲ ။
ကျမတို့ လာတော့ စားပွဲတဝိုင်းက စားပြီးအပြန်နဲ့ကြုံတော့ နေရာလွတ်တာနဲ့ အဲ့ဒီစားပွဲမှာ ဝင်ထိုင်လိုက်ကြပါတယ် ။ ကျမတို့ အဖွဲ့က လူ၈ဦးဖြစ်နေတော့ နေရာကိုကျုံ့ထိုင်လိုက်ကြပါတယ် ။
photo crd # facebook
ညနေအချိန် နေကပူပူမှာ အုန်းနို့ ဆန်ပြုတ်ကအပူကို စားပွဲကြပ်တဲ့အတွက် စားရတာအဆင်မပြေဖြစ်နေကြတာပေါ့ ။ ကပ်လျက်စားပွဲက လူ၂ဦးထသွားတော့ ကျမအဖွဲ့ထဲကလူ၂ဦးက နေရာရွှေ့ပြီး ပြောင်းထိုင်လိုက်ကြပါတယ် ။
သူတို့ ပြောင်းထိုင်မှ အုန်းနို့ ဆန်ပြုတ်သောက်ရတာလည်း အဆင်ပြေသွားတော့တယ် ။ အဆင်မပြေတာက ပြောင်းထိုင်တဲ့လူ၂ဦးလာထိုင်လို့ ဆိုပြီး ကောက်ခါငင်ကာထသွားတဲ့ လူရဲ့ စကားသံကို ကြားလိုက်ရလို့ ပါ ။
ထသွားရင်းသူပြောလိုက်တဲ့စကားကတော့ " ဒင်းတို့ ကိုကြည့်မရလို့  ကင်းကင်းနေပါတယ်ဆို စားပွဲတလုံးထဲမှာ အတူလာစားရတယ် ။ ရေစက်မဆုံချင်လို့ မစားတော့ဘူး ထပြီ " တဲ့ ။သူ့ စကားကို စပြီး ကြားလိုက်ချိန်မှာ တဖွဲ့လုံးက မျက်နှာလဲပျက် ဒေါသလဲထွက်တာပေါ့ ။
အိနြေ္ဒမပျက်အောင် အားလုံးကိုယ့်အသိစိတ်နဲ့ ကိုယ်ပြန်ထိန်းကြပြီး မြန်မြန်စားပြီး မြန်မြန်ပြန်ကြစို့ ကွယ်ပြောလိုက်ရတယ် ။ ဒါကို ကျမတို့ ကြားအောင် ထပ်ပြောတဲ့ အသံကိုဆက်ကြားရပါတော့တယ် ။
" ပရဟိတဝတ်စုံတွေ အလကားရတိုင်းဝတ်ပြီး သူများလှူ တဲ့ကား ဇိမ်ခံစီးနေကြပြီး စီးပွားရေးလုပ်စားနေကြတာ မသိတာကျလို့  " တဲ့ ။ ဒီစကားကတော့ လူငယ်တွေပြောနေသလို နဲနဲမျာသွားပြီ ။ ဒါနဲ့ အဲ့ဒီလူဆီ အဖွဲ့ထဲက လူငယ်က ထသွားပါတယ် ။
ဆက်ရန် ……
@ionlysay ( author )