ပေါက်တတ်ကရ

Words
155
Reading
1 min
Listen
Play
8y

အငြိမ့်လူရွှင်တော်လင်နှင့် သူ့ မယား ရန်ဖြစ်နေကြလေသည်။

"ကောင်မ နင်က ရန်ကုန်လိုပဲ"

"ရန်ကုန်ဆိုတော့ ဘာဖြစ်လဲ"

"ရန်ကုန်ဆိုတော့ နင်က ဆန်ကုန်တာပဲ
အဖတ်တင်တယ် …ဆန်ကုန်မြေလေးမ !!"

"အံမယ် . .ရှင်ကသာ မန္တလေး"

"မန္တလေးက ဘာဖြစ်လဲ"

image
photo from google

"မန္တလေးဆိုတော့ အရမ်းဝေးတယ်ပြောတာ ။
ရှင့်ကို ငတုံးလို့ပြောတာ"

"နင်ကသာ လူတကာငိုတဲ့ ပူတာအိုကောင်မရဲ့"

"ရှင်ကသာ စစ်မီးပွားနေတဲ့ မြစ်ကြီးနားအကောင်ရဲ့"

"အံမယ် ရှင်ကသာ မောင်တောလို အချောင်စားချင်သူတွေ လုပ်စားနေတာ"

"ဟေ့ ဘွာတေးး !! နိုင်ငံရေးမပါနဲ့ ။
ရန်ဖြစ်တာကွ။
ထောင်ထဲတော့ ငါ မသွားနိုင်ဘူး။
ငါက စစ်တွေလို အချစ်တွေပဲထားပြီးမင်းကို တန်ဖိုးထားခဲ့တာကွ"

"သူကပြောရချည်သေး ။
ကျုပ်ကလည်း ပြွန်တန်ဆာလို အနွံတာခံခဲ့ရတာ ရှင်သိရဲ့လား'

"မတာမ ငါ့ကို အဲ့လိုမနှိုင်းနဲ့။
ငါကလည်း နင့်ကို တပ်ကုန်းလို ငတ်ပြီးရုန်းခဲ့ရတာ နင်သိလား"

"သိဒယ် သိဒယ် ရှင်က တောင်ကြီးလို …တောင်ကြီးလို "

"ဟေ့ … ဘာဖြစ်လဲ "

"ကြောင် .. ကြောင်ချီးလုပ်နေတာ
သီးမခံနိုင်ဘူးတော့"

"လာ လာချည်သေး . . တာချီလိတ်လို အသာရီလိုက်မယ်။
ငါ့ကို မော်လမြိုင်လို အပျော်ချိုင်ချင်နေတာငါသိတယ်"

"သူကများ ကော့သောင်းလို ပျော့ပြောင်းသလိုနဲ့
ဖလမ်းလို အကြမ်းတွေ လာပြောနေတယ်"

"ပြောတယ်ကွာ …မော်ချီးလို ပျော်ပြီး နေပလိုက်မယ် "

"ဘာ … … ရှင်က တောင်ကုတ်လို စောင်ထုတ်ပြီး ဆင်းချင်နေတယ်ပေါ့"

"အေး ဟုတ်တယ် … …သံတွဲလို ငါ့အကြံကလည်း
မလွဲစေရဘူး မတာမရဲ့"

"အဲတော့ ရှင်က ပခုက္ကူလို အရှုပ်လိုလူ လုပ်ချင်သပေါ့
လေ . . . လုပ်လိုက်စမ်းဘာ"

image
photo from google

"အေးး ရဒယ် . . ငါကလည်း မိတ္ထီလာလို သိပ်ပြီးကဗျာမဆန်တော့ဘူး . . လာလေ"

"ကျုပ်ကလည်း ဝ တွေ လို ချတယ် တွယ်တယ် လာ"

နောင်ဂျိန် …!! နောင်ဂျိန်

ချကြလေပြီ . . .…။

ပေါက်တတ်ကရ | Ecency