မင်္ဂလာ အချိန်ကျပြီမို့

Words
202
Reading
1 min
Listen
Play
7y

image

19-6-2019 ဗုဒ္ဓဟူးနေ့. အဆိုပါနေ့က အမှတ်တရ
များစွာဖြစ်စေခဲ့သည်။ ပထမဦးစွာ ရေးသားတင်ပြ
ချင်တာကတော့ အားလုံးသိကြတဲ့အတိုင်း
ကျွန်တော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်
၏ မွေးနေ့ ဖြစ်သည်။ မန္တလေးမြို့ နေရာအနှံ့အပြား
အမေစုမွေးနေ့ အထိမ်းအမှတ် စတုဒီသာများ
ကျွေးမွေးကြသည်။

wjgdqx6heq.jpg

၁၉ ရက်နေ့မတိုင်မီကပင် အမေစု မွေးနေ့ကို
ကြိုဆိုသောအားဖြင့် ကျွန်တော်တို့ ရုံးလုပ်ငန်း
များကို ညမိုးချုပ်သည့်တိုင်အောင် ၃ရက်
ဆက်တိုက် အလုပ်ဆင်းခဲ့ကြသည်။ အမေစု
မွေးနေ့ အကြို၊ အကျ၊ အကျော်
၃ရက်ဆက်တိုက် ည ၈နာရီကျော်အထိ အလုပ်
ဆင်းကြရသည်။ နေပြည်တော်ရုံးချုပ်မှ တောင်းထားသည့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်
အလက်များကို စာရင်းပြုစု၍ ကွန်ပျူတာ စီရ
သည်။ ဝန်ထမ်းများ၏ လုပ်သက် ၁၀နှစ် အထက်
နှင့် အောက်ကို စာရင်းများပြုစုပေးရခြင်းဖြစ်သည်။

d5gu1fxjwl.jpg

အမှန်က ကိုယ်တွေက ပစ္စည်းဌာနက။ စာရင်း
ကောက်ပေးရတာက ဝန်ထမ်းရေးရာဌာနကဖြစ်
သည်။ သို့သော် ကိုယ်က ကူညီတတ်တော့ အဟဲ
ဝိုင်းကူညီပေးတာပါ။ သူတို့တွေ အလုပ်များနေ
တော့ ကိုယ်တတ်နိုင်သည့် နေရာက ကူညီပေးရင်း
မန္တလေးဘူတာကြီး ရဲ့ ညရှုခင်းတွေကို ဖုန်းနဲ့
လက်သရမ်းထားလိုက်သည်။ ဘူတာကြီးရှေ့
လမ်း၃၀နှင့် ၇၈လမ်းပေါ်ရှိ ပြေးလွှားနေသော
ယာဉ်များ၏ မီးအရောင်များနှင့် ဟိုတယ်နှစ်ခု
၏ အပြိုင်အဆိုင် အလှများကို ဖုန်းနှင့် ရိုက်မိ
လိုက်ပါသည်။

8wldnml78k.jpg

4u1i3g8q97.jpg

နောက်ထပ်တစ်ခုတော့ ကျွန်တော်တို့ အင်တာနက်
ငွေကြေးရှာသမားများအတွက် သတင်းကောင်း
တစ်ခုဖြစ်သည်။ အမှန်အတိုင်းပြောရရင် သတင်း
ကောင်းလား၊ ဆိုးလားသေချာမခွဲခြားနိုင်သေးပါ
ဘူး။ သို့သော် ကျွန်တော်ကတော့ ဇွတ်ကို သတင်း
ကောင်းဟု ဆိုချင် ရေးသားချင်ပါသည်။ မှန်ပါ
သည် အွန်လိုင်းငွေကြေးကို နိုင်ငံပိုင်သတင်းစာမှာ
ဖော်ပြထားသည်ကို တွေ့ရှိရ၍ဖြစ်ပါသည်။

amwraf2z5u.jpg

19-6-2019 ရက် ဗုဒ္ဓဟူးနေ့ ထုတ် မန္တလေး
သတင်းစာမှာ ပါလာသည့် အွန်လိုင်းငွေကြေး
သတင်းဖြစ်သည်။ သတင်းစာ၏ ပထမစာမျက်နှာ
တွင် ဖော်ပြထားသည်။

ဖေ့စ်ဘွတ်ကုမ္ပဏီ၏ တီထွင်ဆန်းသစ်မှုဖြင့် လီဘရာဟု အမည်ရသော အွန်လိုင်းငွေကြေးသစ် ပေါ်ထွန်းပြီ

ဟု ခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။ ဖေ့စ်ဘွတ်
လူမှုကွန်ရက် ဖြန့်ကျက်ရောက်ရှိရာ ကမ္ဘာ့နေရာ
အနှံ့အပြားတွင် စမတ်ဖုန်းကိုင်သူတိုင်း လီဘရာ
ငွေကြေးကို သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်
ကြေညာခဲ့သည်။ ဘစ်ကွိုင်ဟု လူသိများသော
အွန်လိုင်းငွေကြေးစနစ်နှင့် အခြေခံသဘောတရား
ချင်းတူညီသော်လည်း လီဘရာက အားသာချက်
များစွာရှိကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီ၏ ပြောခွင့်ရ
သူက ပြောကြားခဲ့သည်။

jrgrkrgv5a.jpg

ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရဘဏ်များနှင့် တရား
ဝင်ချိတ်ဆက်ပြီး လီဘရာငွေကြေးစနစ်ကို အသက်
ဝင်စေပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်အသုံးပြု
နိုင်စေရန် အကောင်အထည်ဖော်မည်ဟုလည်း
ပြောကြားသည်။ ဆိုတော့ ကျွန်တော်တို့ leader
ကိုဟင်နရီအောင် ပြောထားသည့် ၂၀၂၀ မှာ
မဝေးတော့ပြီဖြစ်သည်။ မင်္ဂလာ စကားဆိုပြီး
တော့သာ မင်္ဂလာ ရှိသည့်နေရာ မင်္ဂလာ များ
ကျရောက်လာပါတော့မည် အကြောင်း သတင်း
စကားလေးပါးလိုက်ပါသည်။

htwegyi@htwegyi
Photo htwegyi@htwegyi
MSC.036

မင်္ဂလာ အချိန်ကျပြီမို့ | Ecency