Hive ဈေးသည်က ဆယ်ပြားမှ အောက်သို့ တဖန်
ပြန်ဆင်းပြန်သည်။ ဝယ်ရောင်းပြုလုပ်သူ Trade
သမားတို့အတွက် အဆင်ပြေနေကြမလားမသိပေ။
အခြားတိုကင်၊ ကွိုင်းတွေတော့ မသိပေ။
ကျွန်တော်တို့ Hive သည် ယခုလို ကျလိုက်
တက်လိုက် ဖြစ်နေပါသောကြောင့် ထရိတ်သမား
တို့ ပျော်စရာဖြစ်နေမလား။
ယခုလို အတက် အကျများက ရက်အနည်း
ခြားကာ ပြုလုပ်နေသဖြင့် ထရိတ်သမားများကို
Hive သို့လာအောင် ခေါ်နေသလားပင် မသိနိုင်ပေ။
ကိုယ်တွေက Trade အကြောင်း ဂဃနဏ
မသိပေမဲ့။ အများတကာသိသလို ကျရင်ဝယ်ပြီး
တက်ရင်ပြန်ရောင်း ဆိုသည်ပင်ဖြစ်သည်။
ထိုသို့ ရိုးရှင်းစွာဖြင့် ဈေးအတက်အကျမှာ
ဝယ်ယူရောင်းချနေပါမူ အဆင်ပြေနေပေမည်။
သို့ပေသိ ထိုသို့ဝယ်ယူရောင်းချရာတွင်လည်း
လောဘသတ်နိုင်ပါမှ အဆင်ပြေပေမည်။
ကိုယ် တွေလည်း ရိုးရိုးကြီးပင် ဈေးအတက်အကျ
မှာ ပြုလုပ်ကြည့်မိသည်။ စာရေးပိုစ့်တင်သည်ပင်
တဒေါ်လာရဖို့က မသေချာ။ ထိုသို့ ဝယ်ရောင်း
လုပ်သည်က တဒေါ်လာခန့်ရသည်။ ယခုလည်း
ပိုစ်တင်ရန် မည်သည်အရာတင်ရပါ့ စဉ်းစား
နေစဉ်။ သူများတကာ shadow hunter မှာ
ပုံများတင်နေသည်ကို အားကျ၍ တင်မိသည်။
အရိပ်ပုံတင်ရာတွင် shadow hunter community မှာ သွားရောက်တင်ရမည်
ဖြစ်သည်။ သို့သော် ကိုယ်က ထိုကော်မတီသို့
ဝင်ရောက်ထားခြင်းမရှိပေ။ ထိုအပြင် ထိုဂရုသို့
ပိုစ်တင်ရာတွင် English ဘာသာဖြင့်တင်ရမည်။
ကိုယ့်ရဲ့ အရိပ်ပုံကလည်း ကောင်းလှသည်မဟုတ်။
ခြံထဲမှာရှိသော အရိပ်များကို ရိုက်ထားခြင်းဖြစ်သည်။
ကိုယ်ရဲ့ Hive Myanmar Community မှာ
ပိုစ့်တင်ရသည်ပင် ရက်ခြားသာ တင်နိုင်သည်။
အခြားသော ကော်မတီများသို့ ပိုစ့်တင်ဖို့က
မလွယ် သေးပေ။ ကိုယ်တွေက ရက်ခြားပိုစ့် တင်ဖို့ပင်အတော်အားစိုက်ရသည်။ နေ့စဉ် ပိုစ့်တင်နိုင်သူ
များကို ချီးကျူးမိပါသည်။ သူတို့ကိုလည်း အားကျမိ
သည်။ တနေ့နေ့ တချိန်ချိန်မှာတော့ ခရီးသွားရင်း
ရှုခင်းပုံလှလှလေးများဖြင့် Hive မှာ ဝေဝေဆာဆာ
ပိုစ့်လေးများတင်ချင်ပါသေး။