Hive & Steemit

Words
130
Reading
1 min
Listen
Play
6y

image

Steemit ကို ဂျက်စတင်ဆန်း က
ဝယ်လိုက်သည့်အခါ ပြဿနာများစွာ တက်ခဲ့သည်။
Steemit မှာနေမလား ပုံစံအသစ်ပြောင်းသွား
သည့် Hive မှာလိုက်မလား။ နေမလား၊
လိုက်မလားဖြင့် ကျွန်တော်တို့ ပိုစ့်ရေးသူတို့
ဗျာများခဲ့ရသည်။

ပထမတော့ Steemit သည် ဂျက်စတင်ကြောင့်
တိုးတက်လာမလိုလိုနှင့် နောက်ပိုင်း
အများသိတဲ့အတိုင်း ဂျက်က မောက်ပိုင်စီး
ခဲ့သည်။ သူမောင်ပိုင်စီး၍ Hive ဆိုသည်မှာ
ပေါ်ပေါက်လာသည်။

သူတို့တွေပြဿနာဖြစ်ကြတာ ကျွန်တော်တို့အတွက်
ကောင်းဖို့ဖြစ်လာခဲ့သည်။ ဘာလို့လဲဆိုတော့
Steem 1000 ရှိရင် Hive မှာ အကောင့်ဖွင့်တာ
နဲ့ hive 1000 ရလေသည်။ ကဲ သူတိုရန်ဖြစ်တာ
ကျွန်တော်တို့အတွက် ကောင်းဖို့ပ။

20200522_163505.jpg

အံမယ် ဒါတင်ဘယ်ကမလဲ Steemitနှင့်
Hive ပြဿနာတက်တော့ Crytocurrency
လောကမှာ Steemit တွေ Hive တွေက
ပလူပျံပြီ နာမည်ကြီးသွားသေးပ။
အဟဲ ဈေးတော့တက်ဘူး။
ဒါလဲ အမြတ်ပဲ။ ဂျက်စတင်ဆန်း ဆိုတဲ့
ဘဲကြီးက ဒီအတိုင်း ငြိမ်းနေမှာမဟုတ်ဘူးတဲ့။
သူကိုကြောသွားတဲ့ hive အုပ်စုကို
ပြန်တော့ လက်စားချေအုံးမတဲ့။

မြန်မြန်လက်စား ချေ‌စေချင်ပါပြီ။ ဒါမှ
Crytocurrencyလောကမှာ
Steemit တွေ Hive တွေ ပြန်ပြီး
စည်ကားလာအုံးမှာ။ ယခု လောလောဆယ်မှာကို
Steem တွေ ရောင်းပြီး ပိုက်ဆံရသူတွေ
ပျော်ခဲ့ရပြီ။ ကိုယ်တွေကတော့ Steemit တွေကို Hive မှာ အနည်းငယ်လွှဲပြောင်းထားသည်။

ကျန်ရှိ Steem အနည်းငယ်ကို 1steem
မြန်မာငွေ 500 ကျပ်လောက်ရရင်း
ရောင်းထုတ်မည်ဟု စိတ်ကူးထားသည်။
500 ကျပ်ထိရော ရောက်ပါ့မလား။ ခုက
ဂျက်စတင် ပြဿနာတက်နေပြီ။
Steem မှ Hive ပြောင်းသည့်အခါ ဈေးက
ထက်ဝက်ခန့်သာရသည်။ ကိုယ်ပြောင်းပြီ
သည့်အခါမှ ဈေးက တူတူဖြစ်သွား၍
ကံကောင်းတဲ့ ကိုယ်ဟု ကိုယ့်ကိုကိုယ်
အားပေးရပါတော့သည်။

htwegyi@htwegyi

Hive & Steemit | Ecency