ကိုယ့်အထာနဲ့ကိုယ်

Words
148
Reading
1 min
Listen
Play
9y

လောကမှာလွယ်​မလိုနဲ့ခက် တိမ်မလိုနဲ့နက်​ ဆိုတဲ့အရာ​တွေထဲက ပို ခက်ခဲသောအရာများ လို့ အောက်ပါ အချက် လေးတွေကို တွေး ထင်​မိပါတယ်
image
ဘဝဟာ မွေးဖွားခြင်းက စပြီး သေဆုံးခြင်းမှာ ဆုံးတယ်။ ကြားကာလမှာ အားလုံး ရုန်းကန်ကြရတယ်။ လောကဓံ(၈)ပါးကို ကြုံရတယ်။ သုခ,ဒုက္ခကို ဆုံရတယ်။ မရှိခြင်းကနေ ရှိခြင်းကို ဖန်တီး၊ ပြီးတော့ မရှိခြင်းဆီ ပြန်သွားရမယ့် ခရီးမှာ သူသူငါငါ ပြိုင်မနေဘဲ နားလည်ပေးတတ်တဲ့စိတ်နဲ့ အနိုင်ပေးလိုက်ပါ။ တကယ်တော့ သူလည်း မနိုင်၊ ကိုယ်လည်း မရှုံး၊ နိဂုံးလှရင် အားလုံးကျေပါတယ်။မလွယ် ပါဘူး.....လွယ်​မလိုနဲ့ခက် တိမ်မလိုနဲ့နက်​ ဆိုတဲ့...အရာ​တွေထဲက ပို ခက်ခဲသောအရာများ လို့ အောက်ပါ အချက် လေးတွေကို တွေး ထင်​မိပါတယ်​....
မိတ်ဆွေ ဖွဲ့ရတာ အရမ်းလွယ်ကူ ပါတယ်.. ဒါပေမဲ့ ထိန်းသိမ်းရတာ အရမ်းခက်ခဲတယ်......လူတစ်ယောက် ကို ချစ်ရတာ အရမ်း လွယ်ကူ ပါတယ်..ဒါပေမဲ့ အချစ် စစ် ကို ရဖို့ အရမ်းခက်ခဲ ပါတယ်....ယုံ​ကြည်​မှု ကို ချိုးဖျက်ရတာ အရမ်း လွယ်ကူတယ်
ယုံကြည်​မှု ရဖို့ အရမ်းခက် ခဲ ပါတယ်...လူတစ်ယောက် ကို သတိရတာ အရမ်း လွယ်ကူတယ်...ဒါပေမဲ့ မေ့ပြစ်ဖို့ အရမ်းခက် ခဲတတ် ပါတယ်....လိမ်ညာ ပြောရတာ အရမ်းလွယ်ကူတယ်..ဒါပေမဲ့ အမှန် တရားစကားနားထောင်ရတာ ခက်ခဲ ပါတယ်....လူတယောက်ကိုငိုအောင်လုပ်ရတာလွယ်ကူတယ်
image
ကိုယ့်ဒုက္ခက မိုးလောက်မြင့်သလို သူ့ဒုက္ခကလည်း ပင်လယ်လောက် နက်ရှိုင်းပါတယ်။ ကိုယ့်ဆန်အိုးထဲ ဆန်မရှိဘူး။ အဲ……သူ့ဟင်းအိုးမှာလည်း ဆီမရှိဘူး။ ထုတ်မပြောဖြစ်တဲ့ ရင်ထဲက သောကတွေမှာ တူညီသူအချင်းချင်း ဖေးမရိုင်းပင်းပါ။
သူ ငါ့ကိုမေ့နေပြီလို့ ထင်တတ်ကြပါတယ်။ အမှန်က ဧည့်ဝတ်မကျေမှာစိုးတာကြောင့် ခပ်ခွါခွါလေး နေနေတာပါ။ ကိုယ့်အနားကို မကပ်ချင်ဘူးဆိုတာထက် ကိုယ့်ဆီကို အပူတွေ ကူးမှာစိုးတာကြောင့် အဝေးကနေ အားပေးနေကြတာပါ။ သူလည်း ကိုယ့်လိုပဲ အားတင်းလျှောက်ပြီး မချိတင်ကဲ ပြုံးနေရတာဖြစ်ကြောင်း စာနာနားလည်ပေးပါ။ကိုယ့်မှာ သောကရှိပေမယ့် သူ့ကို အားပေးဖို့လည်း သတိရပါ။ သံသရာမှာ အားလုံးက ဘဝရောဂါသည်တွေ။ အချင်းချင်း စည်းလုံးပါမှ အဆိုးလောကဓံတွေကို ခံနိုင်ရည်ရှိမှာလေ။ အမှတ်မထင် ဘယ်သူကစပြီး ရင်ဖွင့်မိသည်ဖြစ်စေ စိတ်ဝင်တစား နားထောင်ပါ။ ဒါက သူ့ကို ကိုယ်ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုပါ။

ကိုယ့်အထာနဲ့ကိုယ် | Ecency