တတ်​နိုင်​သမျှ ရိုးသားကြ

htoohan(43)
Published in
#esteem
Words
75
Reading
1 min
Listen
Play
8y

သင့်​မျက်​နှာပြင်​ မှန်​စွာထင်​ဟပ်
လူမြင်​တတ်​​သော သင့်​မ​နောမှာ
ရှည်​ကြာဖုံးကွယ်​ သိုဝှက်​လွယ်​ဘူး
ငို၊ရယ်​ ဖူးမှ ပြည့်​စုံကြမည့်
လှသည့်​ဘဝ ​အေးချမ်းစွ။

မငိုဖူး​သော်​ ရယ်​မြူးပျော်​ဘိ
သင်​၏ရုပ်​သွင်​ ​ကြေးမုံပြင်​ဝယ်
သတိတွယ်​ကာ ကြည့်​ဖြစ်​ပါက
လူ့​လောကရွာ ဝင်​လာစဉ်​မှ
ငို၍စသည်​ မြင်​နိုင်​မည်​။

လူရယ်​မည်​လျှင်​ မှားမှန်​ယှဉ်​တွဲ
ရှိတတ်​မြဲမို့ ​တွေ့ကြုံလို့လာ
မှန်​တာလည်းရှိ မှားလည်းရှိ၏
မှားသည့်​အခါ ရိုးသားစွာပင်
သင်​ဝန်​ခံကာ ပြုပြင်​ပါ။

မှား​နေပါလျက်​ အသိခက်​စွာ
ဆက်​မှားပါက သင့်​ဘဝ၌
ကပ်​ဆိုးဆိုက်​​သော်​ ရယ်​မြူး​ပျော်​ရွှင်
သင့်​ရုပ်​သွင်​မှာ ညိုးငယ်​လာရင်း
ပူ​ဆွေးခြင်းဖြင့်​ အဆိပ်​သင့်​။

သင်​လူသားမို့ မြဲမှန်​ဖို့ခက်
သင့်​အသက်​တာ တည်​စဉ်​ခါတွင်
အမှန်​သင်​ပြု အမှားပြုမည်
ရယ်​သည်​လည်းရှိ ငိုလည်းရှိမှာ
ဒါ လူ့ဘဝ နိယာမ။

လောကလူသား ခရီးသွားရင်း
မှန်​ခြင်းမှားခြင်း တစ်​ခုကင်းလျက်
တစ်​သက်​လုံးမှန်​ မရှိတန်​​ကောင်း
လူ​ပေါင်းမလှ အ​ကြောင်းပြလျက်
တစ်​သက်​လုံးမှား မရှိငြားနိုင်
တတ်​နိုင်​သမျှ ရိုးသားကြလျှင်
သင့်​တွင်​လည်း​ကောင်း ​အေး​စေ​ကြောင်း
ဝန်းကျင်​လည်း​ကောင်း ​မွှေး​စေ​ကြောင်း....။
image
Photo Credit###Google Photo
MSU-035
htoohan@htoohan

တတ်​နိုင်​သမျှ ရိုးသားကြ | Ecency