This content got low rating by people.

မေးပါရ​စေ ​မောင်​ကြီး​ရေ

htoohan(43)
Published in
#esteem
Words
43
Reading
1 min
8y
Listen to this post
~1 min

မောင်​ကြီးတို့ အညာ
သာပါစ​မေး။
ကျေးလက်​ငယ်​ ပကတိကို
ရှုကြည့်​ကွဲ့​လေး။

မောင်​ကြီးရဲ့သဒ္ဒါ
ဖြူ ပါစ​မေး။
သီလကို လုံ​အောင်​ထိန်းတယ်
အေးငြိမ်းဖို့​လေး။

မောင်​ကြီးရဲ့ ကညာ
လှပါစ​မေး။
လေး​တော်​ဝင်​ မိန်းမမြတ်​နှယ်
စိတ်​ဓာတ်​ဖြူ​ ​ဖွေး။

ပျို့​မောင်​ကြီး အညာ
လှပါရဲ့​လေး။
ရွာအဝင်​ ​ညောင်​ညိုရိပ်​ဝယ်
မှေးအိပ်​ချင်​​သေး။

ပျို့​မောင်​ကြီး သဒ္ဒါ
ဖြူ ပါရဲ့​လေး။
ချစ်​​မေတ္တာ လက်​ကိုင်​သုံးတယ်
နှလုံးဖြူ ​ဖွေး။

ပျို့​မောင်​ကြီး ကညာ
ပျူ ငှါလို့ ​ယဉ်​​ကျေး။
လှထိပ်​​ခေါင်​ သရဖူဘွဲ့ကို
ထုံးဖွဲ့ဆင်​​ပေး။
image
MSU-035
htoohan@htoohan

မေးပါရ​စေ ​မောင်​ကြီး​ရေ | Ecency