မှတ်​တမ်း

htoohan(43)
Published in
#esteem
Words
60
Reading
1 min
Listen
Play
8y

မှတ်​တမ်းဆိုတာ ရာဇဝင်​ပဲ
တစ်​နည်းအားဖြင့်​ အတိတ်​​တွေကို
သိမ်းဆည်းထားခြင်းပဲ။
ငါတို့မှတ်​တမ်းဟာ ငါတို့အတိတ်​ပဲ
ငါတို့အတိတ်​ဟာ ငါတို့ရာဇဝင်​ပဲ
ငါတို့ရာဇဝင်​ကို ​ပြောရင်
ငါတို့​ကျောင်း​တော်​ကိုပါ ​ပြောရလိမ့်​မယ်
စွယ်​​တော်​ပင်​​တွေဟာ ငါတို့ မှတ်​တမ်း
အဓိပတိလမ်းမကြီးဟာ ငါတို့မှတ်​တမ်း
ကန်​တင်းနဲ့ ​ကျောင်း​ဆောင်​​တွေဟာ ငါတို့မှတ်​တမ်း
အဲသည်​​နေရာ​တွေမှာ...
ငါတို့ ရယ်​သံ​တွေရှိတယ်
ငါတို့ ရင်​ခုန်​သံ​တွေရှိတယ်
ငါတို့​ ​ဆွေး​နွေးငြင်းခုံသံ​တွေရှိတယ်
ငါတို့ စာအံသံ​တွေရှိတယ်
ငါတို့ ​ခြေရာ​တွေရှိတယ်
ငါတို့​ကျောင်း​တော်​ဟာ ငါတို့ရဲ့ မှတ်​တမ်းမှတ်​ရာပဲ။
ငါတို့ အတိတ်​ တစ်​ပိုင်းတစ်​စ သိမ်းထားတဲ့​နေရာပဲ။
ငါတို့ မှတ်​တမ်းကို မ​ပျောက်​​စေနဲ့
ငါတို့ မှတ်​တမ်းကို မ​ဖျက်​​စေနဲ့
ငါတို့ မှတ်​တမ်းကို ငါတို့ပဲ ထိန်းသိမ်းရမှာ
ငါတို့ မှတ်​တမ်းကို ငါတို့ပဲ ထိန်းသိမ်းရမှာ
ငါတို့ မှတ်​တမ်းကို ​နောက်​လူ​တွေလည်း ဖတ်​ခွင့်​ရပါ​စေကွာ။ ။
image
MSU-035

htoohan@htoohan

မှတ်​တမ်း | Ecency