မြို့ပြသို့​ပေးစာ

htoohan(43)
Published in
#esteem
Words
26
Reading
1 min
Listen
Play
8y

image

မြို့ပြ​ရေ...
မင်းဟာ
ငါ့ငယ်​ဘဝကို နှစ်​​ပေါင်းအ​တော်​ကြာ
တ​စ္ဆေက​ဝေမတစ်​​ယောက်​လို
ပြုစားခဲ့ဖူးတယ်​။

မြို့ပြ​ရေ...
မင်းရဲ့ မက်​လုံး​ပေးမှု​တွေကြား
ငါ စီး​မျောဝင်​ခဲ့ပြီး
အိမ်​မက်​​တွေ ကြီးမားခဲ့ဖူးတယ်​။
ခု​တော့လည်း...

မြို့ပြ​ရေ...
မင်းဟာအ​ပေါ်ယံ ဟန်​ကြီးပြီး
ကျန်းမာသန်​စွမ်းလှပသ​ယောင်​နဲ့
ခေတ်​သစ်​​ရောဂါ​တွေကြား
ဗျာများ​နေရကာ
မွန်းကျပ်​မှုအ​ပေါင်း သရဖူ​ဆောင်း​နေတဲ့
ပန်းနာသည်​ကြီးပါပဲ။ ။
image
MSU-035
htoohan@htoohan

မြို့ပြသို့​ပေးစာ | Ecency