တွေးမိ​တွေးရာ...

htoohan(43)
Published in
#esteem
Words
46
Reading
1 min
Listen
Play
8y

လောကကြီးကို အ​တွေး​တွေက စိုးမိုးတယ်​။
အယူအဆ အ​တွေးအ​ခေါ်​တွေမှာ​ အသက်​ရှိပါတယ်​။အ​တွေးအ​ခေါ် အယူအဆတစ်​ခုကို လူတစ်​​ယောက်​က​ပြောလိုက်​လို့ဖြစ်​​စေ၊​ရေးလိုက်​လို့ဖြစ်​​စေ တခြားလူတစ်​​ယောက်​က ဖတ်​လိုက်​ရလို့ ကြားလိုက်​ရလို့ သူ့စိတ်​ထဲ​ရောက်​သွားရင်​ စိတ်​ထဲမှာအမြစ်​တွယ်​မယ်​။အဲဒီလူရဲ့​နေပုံထိုင်​ပုံ၊လုပ်​ပုံကိုင်​ပုံ၊​ပြောပုံဆိုပုံကို လွှမ်းမိုး​နေပါမယ်​။သူက အဲဒီအယူအဆကိုတစ်​ဆင့်​​ပြောမယ်​၊​ဆွေး​နွေးမယ်​။အဲဒီလိုနဲ့ အယူအဆဟာ တဖြည်းဖြည်း ပြန့်​နှံသွား​နေမှာပါ။
အယူအဆတစ်​ခုက လူအများစုရဲ့ စိတ်​ထဲကို ​ရောက်​သွားရင်​ သူရဲ့ ​နေပုံထိုင်​ပုံ ​ပြောပူုံဆိုပုံ ​တွေး​ခေါ်ပုံ​တွေကို လွှမ်းမိုး​နေပါလိမ့်​မယ်​။မှန်​ကန်​တဲ့ အ​တွေးအ​ခေါ်အယူအဆ ဖြစ်​ရင်​​ လူအများချမ်းသာမယ်​၊​လောကကြီးတိုးတက်​မယ်​။မှားယွင်းတဲ့ အယုအဆဖြစ်​​နေရင်​ လူအများဒုက္ခ​ရောက်​ပြီး ​လောကကြီးဆုတ်​ယုတ်​​နေမှာပါ။
အယူအဆ​တွေကို ​ပေါ့​ပေါ့တန်​တန်​ သ​ဘောမထားသင့်​ပါဘူး။မှားရင်​မှား​​နေကြောင်းကို ​သေချာ​ဆွေး​နွေးအ​ဖြေထုတ်​သင့်​ပါတယ်​။အယူအဆတစ်​ခုကို မိမိ၏စိ​တ်​ထဲ အမြစ်​မတွယ်​ခင်​ မှား​နေတာ​တွေကို မှန်​​အောင်​သိဖို့လိုအပ်​ပါတယ်​...
image
Photo Credit##Google Photo
MSU-035 htoohan@htoohan

တွေးမိ​တွေးရာ... | Ecency