လူအများစုဟာ ကိုယ့်ကိုယ်ကိုတန်ဖိုးရှိတဲ့လူလို့ ခံစားတာကိုကြိုက်ကြတယ်။ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံ၊ကိုယ့်အယူအဆ၊ကိုယ့်ဘာသာတရားကိုလည်း တန်ဖိုးရှိတယ်လို့ ခံစားရတာကို ကြိုက်တယ်။အများက ကိုယ့်ကိုတန်ဖိုးထားတာ လေးစားတာ အသိအမှတ်ပြုတာကိုလည်းလိုချင်ကြတယ်။အဲ့ဒါတွေကိုရအောင် နည်းမျိုးစုံနဲ့ လုပ်နေကြတာကိုလည်းတွေ့ရပါတယ်။ကိုယ့်ကို မလေးစားတာ ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံ၊ကိုယ့်ဘာသာတရားကို မလေးမစားလုပ်ရင် မခံနိုင်ကြပါဘူး။မလေးမစားလုပ်ရင် အသက်တောင်အသေခံပြီး ကာကွယ်မယ့်သူတွေလည်း ဒုနဲ့ဒေးပါပဲ။အကြောင်းအရင်းကိုကြည့်ရင် လေးစားမှုကို ခံရဖို့ဆိုတာ လူသားတွေအဖို့ အင်မတန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာ တွေရမှာပါ။စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့လေးစားမှုကိုရဖို့ အားထုတ်ကြတယ်။နိုင်ငံဆိုပြီးတော့ တည်ထောင်တယ်။လူမျိုးဆိုပြီး အသိုင်းအဝိုင်းတွေဖွဲ့ကြတယ်။အခုခေတ်အနေနဲ့ဆိုရင်တော့ အာဆီယံနိုငိငံအဖွဲ့များဆိုပြီး ဖွဲ့စည်းကြတယ်။အဓိကကတော့ အသိအမှတ်ပြုတာကိုလိုချင်လို့ လုပ်တာတွေဟုပဲ ဆိုချင်ပါတယ်။ဒါပေမယ့် တကယ်လေးစားတာ အသိအမှတ်ပြုတာကို လိုချင်ရင် တကယ်လေးစားလောက်အောင် နေတတ်၊ထိုင်တတ်၊ပြောဆိုတတ်၊လုပ်တတ်ကိုင်တတ်ပြီး စည်းကမ်းရှိရှိနဲ့ အဆင့်မြင့်မြင့်အတွေးအခေါ် အလုပ်အကိုင်တွေလည်း ပြုလုပ်တတ်ဖို့ လိုအပ်မယ်လို့ထင်ပါတယ်။
Photo Credit###FB Photo
MSU-035
@htoohan